Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeInternationalကီရှီဒါကို ပိုက်ဗုံးဖြင့် ပစ်ပေါက်သူ...

ကီရှီဒါကို ပိုက်ဗုံးဖြင့် ပစ်ပေါက်သူ ထောင်ဒဏ် ၁၀ နှစ်ကျ

ဂျပန်ဝန်ကြီးချုပ်ဟောင်း ဖူမီယို ကီရှီဒါကို ၂၀၂၃ ခုနှစ် မဲဆွယ်စည်းရုံးရေး အခမ်းအနားတွင် လက်လုပ် ပိုက်ဗုံးဖြင့် ပစ်ခဲ့သူ အမျိုးသားကို တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။

ဝါခါယားမာ ခရိုင်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ချမှတ်သော စီရင်ချက်အရ အသက် ၂၅ နှစ်အရွယ်ရှိ ယူဂျီ ကီမုရာ က ၎င်း၏တိုက်ခိုက်မှုသည်ပြင်းထန်ပြီး သေဆုံးနိုင်သည့်အလားအလာရှိသည်ဟု ဂျပန်ကျိုဒိုသတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဒီမိုကရေစီအတွက် ပြင်းထန်သော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး လူများစွာအတွက် ကြီးမားသော အန္တရာယ်ရှိသည်ဟု တရားရုံးက ပြောကြားခဲ့သည်။

ကီမုရာ သည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင်အနောက်ပိုင်းမြို့ ဝါခါယားမာ ရှိ ငါးဖမ်းဆိပ်ကမ်းငယ်လေးတွင် ကီရှီဒါ ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ သူသည် ဖောက်ခွဲရေးပစ္စည်းများနှင့် အခြားလက်နက်များဆိုင်ရာ ဥပဒေချိုးဖောက်မှု အပါအဝင် အခြားပြစ်မှု လေးခုနှင့်လည်း တရားစွဲဆိုခံခဲ့ရသည်။

ကီရှီဒါ သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဝန်ကြီးချုပ်ဟောင်း ရှင်းဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် တစ်နှစ်မပြည့်မီအချိန်၌ တိုက်ခိုက်ခံရခြင်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။

“ယခုလိုဖြစ်ရပ်များလုပ်ဆောင်ရန် ကြိုးစားနေသူများကို တားဆီးဖို့ ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးဖို့ လိုပါတယ်၊၊ သူက ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ရွေးကောက်ပွဲစနစ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့တာဖြစ်လို့ လျှော့တွက်လို့မရပါဘူး” ဟု တရားသူကြီး ခေကို ဖုခရှီမာ က NHK တွင် ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ လဆန်းပိုင်း ရုံးချိန်းတွင် ကီမုရာ က ကီရှီဒါ ကိုသတ်ရန် ရည်ရွယ်ချက်မရှိဟု ပြောဆိုကာ လူသတ်မှုအတွက် အပြစ်မရှိကြောင်းထွက်ဆိုခဲ့သည်။ ဂျပန်နိုင်ငံ၏ ရွေးကောက်ပွဲစနစ်အပေါ် မကျေမနပ်ဖြစ်ပြီး နာမည်ကျော် နိုင်ငံရေးသမားတစ်ဦးကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းဖြင့် လူအများ၏ အာရုံစိုက်မှုကို ရယူလိုခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကီရှီဒါ ကိုသတ်ရန် ကြံရွယ်ထားခြင်းမရှိသောကြောင့် ကီမုရာ ၏ တရားခံ‌ေရှ‌ေနအဖွဲ့သည် သုံးနှစ်ကြာ ခုံခံ လျှေက်လဲခဲ့သော်လည်း အစိုးရရှေ့နေများက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများက ဆိုသည်။

တရားခွင်အတွင်း ကြားနာမှုများတွင် ကီမုရာ ၏ရှေ့နေများက ၎င်း၏ “ရည်ရွယ်ချက်မှာ လူအများ၏အာရုံစိုက်မှုကို ရရှိစေရန်ဖြစ်သည်” ၊ ထို့ကြောင့် သူ၏စွဲချက်မှာ လူသတ်မှုကို ကျူးလွန်ရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ “ဒဏ်ရာရစေခြင်း” ဖြစ်သင့်သည်ဟု NHK ကို ပြောကြားခဲ့သည်။

သို့သော်လည်း အစိုးရရှေ့နေများက အဆိုပါဖြစ်ရပ်ကို “အန္တရာယ်ရှိသော အကြမ်းဖက်လုပ်ရပ်” ဟုခေါ်ပြီး တိုက်ခိုက်သူ၏ဖောက်ခွဲရေးပစ္စည်းသည် လူကိုသေစေနိုင်သည်ဟု ဆိုခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် တင်းကျပ်သော လက်နက်ကိုင်ဆောင်မှုထိန်းချုပ်ရေးဥပဒေများကြောင့် သေနတ်နှင့် ပတ်သက်သည့် ရာဇ၀တ်မှုမှာ ဖြစ်ခဲသော်လည်း လက်လုပ်သေနတ်များနှင့် ဖောက်ခွဲရေးပစ္စည်းများအသုံးပြုသောပြစ်မှုများ၊ ဓားဖြင့် တိုက်ခိုက်မှုများနှင့် အခြားတိုက်ခိုက်မှုများ အစရှိသည်တို့ကို မကြာခဏတွေ့ရတတ်သည်။

Ref: အယ်လ်ဂျာဇီယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071