Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeCelebrities' Newsကိုဝင်းမြတ် နဲ့သရုပ်​ဆောင်​၊ အဆိုတော်​...

ကိုဝင်းမြတ် နဲ့သရုပ်​ဆောင်​၊ အဆိုတော်​ ဆန်းသစ်လ ​တို့ရဲ့ ဟန်းနီးမွန်းအစီအစဉ်

အဆိုတော်​ မေရွက်​ဝါရဲ့ သမီး တစ်​ယောက်​လည်းဖြစ်​သလို အနု ပညာလမ်းကြောင်းမှာ လျှောက်လှမ်း နေတဲ့ သရုပ်​ဆောင်​၊အဆိုတော်​ဆန်း သစ်​လကတော့ သူ့ရဲ့ချစ်​သူ ကိုဝင်း မြတ်​နဲ့အတူ ရွှေလက်​တွဲသွားပြီဖြစ်​ပါတယ်​။ မတ်​လ ၁ ရက်​နေ့မှာ မင်း ကွန်းတိပိဋိက ကျောင်းတိုက်​မှာ မင်္ဂလာဦးဆွမ်းကျွေးကို ပြုလုပ်​ခဲ့ပြီး မင်္ဂလာဧည့်​ခံညစာစားပွဲကိုတော့ မတ်​လ ၃ ရက်​နေ့မှာ Western Park Ruby (People’s Park) ပြည်​သူ့ရင်​ပြင်​ မြက်​ခင်းပြင်​မှာ ကျင်း ပပြုလုပ်​ခဲ့ပါတယ်​။
မင်္ဂလာဧည့်​ခံပွဲ အများကြီး မလုပ်​ဖြစ်​ဘဲ နှစ်​ပွဲပဲပြုလုပ်​ဖြစ်​တဲ့ အကြောင်းကို ဆန်းသစ်​လက…

“ရွှေ လတို့ နှစ်​ယောက်​သဘောဆိုရင်​ ဘာ ပွဲမှတောင်​ မလုပ်​ချင်​ဘူး။ တရား ရုံးမှာ လက်​မှတ်​ထိုးမယ်​။ ကိုယ်​သိတဲ့ သူငယ်​ချင်းမိတ်​ဆွေတွေ ဖိတ်​ပြီး ဒီ အတိုင်းရိုးရိုးလေးပဲလုပ်​မယ်​လို့ စဉ်း စားထားတာ။ နှစ်​ဘက်​မိဘတွေကို တိုင်​ပင်​ကြည့်​တဲ့အခါ မိဘတွေက အသိုင်းအဝိုင်းလည်း ရှိတယ်​။ ပွဲကြီး လေး တစ်​ပွဲလောက်​တော့ လုပ်​မယ်​ဆိုလို့ မင်္ဂလာဦးဆွမ်းကျွေးရယ်​ မင်္ဂလာဧည့်​ခံညစားပွဲရယ်​ နှစ်​ပွဲလုပ်​ဖြစ်​တာ။ ရည်းစားသက်​တမ်းသုံးနှစ်​လောက်​ကြာလာရင်​ မင်္ဂလာပွဲလေး လုပ်​မယ်​လို့တော့ အစကတည်းစိတ်​ကူးထားတာပါ။ အခုကလည်း ရည်း စားသက်​တမ်း သုံးနှစ်​လောက်​ကြာ သွားပြီဖြစ်​တဲ့အတွက်​ မင်္ဂလာပွဲလေး ကို လုပ်​ဖြစ်​တာပါ”လို့ ပြောပြပါ တယ်။ ဆန်းသစ်​လက အိမ်​ထောင်​ဘက်​ဖြစ်​သူ ကိုဝင်းမြတ်​ကို ရွေးချယ်​ဖြစ်​တာနဲ့ ပတ်​သက်​ပြီးတော့လည်း အခုလိုပြောပြခဲ့ပါသေးတယ်​ . . .

“သူက Propose စလုပ်​ကတည်းက အခုအချိန်​ထိ ရွှေလကိုစိတ်​ချမ်း သာအောင်​ထားတယ်​။ လုံးဝ စိတ်​မပျက်​သွားစေရဘူး။ သူပြောရင်​ ပြောတဲ့ အတိုင်းအမြဲဖြစ်​အောင်​လုပ်​တယ်​။ ရွှေလကို နားလည်​မှု အပြည့်အဝပေးထား တယ်​။ ရွှေလကို ယုံကြည်​တယ်​။ ရွှေလကိုယ်​တိုင်​ကလည်း ယော​က်ျား တစ်ယောက်​ကို ပိုက်​ဆံရှိမှ၊ ရုပ်​ချောမှရွေးချယ်​မယ်​ဆိုပြီး သတ်​မှတ်​ထားတာ မရှိဘူး။ ယောက်ျားပီပီသသနဲ့ အရည်​အချင်းရှိရမယ်​။ ရွှေလကို တကယ်​ချစ်​တဲ့ သူမျိုးကိုပဲ ရွေးချယ်​ချင်​တယ်​။ သူကလည်း ရွှေလအပေါ် မေတ္တာ စစ်​၊ မေတ္တာမှန်​နဲ့ တကယ်​ချစ်​ပေး တယ်​။ အဲဒီအတွက် ချစ်​သူရည်းစား အဖြစ်​ရွေးချယ်​ဖြစ်​တယ်​။ အခု အိမ်​ထောင်​ဘက်​အဖြစ်​ပါ ရွေးချယ်​ဖြစ်​သွားတာပါ”လို့ ပြောပြပါတယ်​။


အိမ်​ထောင်​ဘက်​ဖြစ်​သူ ကိုဝင်း မြတ်​က အနုပညာအလုပ်​တွေ လုပ်​စေချင်​တာကြောင့်​ အိမ်​ထောင်​ကျပြီး သွားရင်​လည်း ဆက်​လုပ်​ဖြစ်​သွား မယ်​ဆိုတာကိုလည်း ဆန်းသစ်​လက…

“သူက ရွှေလကို အနုပညာအ လုပ်​ကို တအားလုပ်​စေချင်​တာ။ သရုပ်​ဆောင်​ပိုင်းရော၊ အဆိုပိုင်း ရော သူက ရွှေလကို နှစ်​ခုစလုံးမှာ အောင်​မြင်​စေချင်​တာ။ အိမ်​ထောင်​ကျပြီး သွားရင်​ အိမ်​ထောင်​ရှင်​မပီပီ သသနဲ့ အေးအေးချမ်းချမ်းတော့ နေချင်​တယ်​။ ကိုယ့်​စိတ်​ပေါ့နော်​။ ဒါပေမဲ့ အနုပညာကလည်း တကယ်​ဝါသနာ ပါတာဖြစ်​တဲ့အတွက်​ အချိန်​ရရင်​ရသလို၊ အခွင့်​အရေးရရင်​ ရသ လို အနုပညာအလုပ်​ကို လုပ်​သွားမှာ ပါ” လို့ ပြောပြပါတယ်​။
အိမ်​ထောင်​ဘက်​ဖြစ်​သူ ကိုဝင်း မြတ်​ကလည်း…

“ရွှေလက စိတ်​ထား တအားကောင်းတယ်​။ ကြင်​နာတတ်​တယ်​။ ရိုးသားတယ်​။ ဘယ်​လို အ ကြောင်းအရာတွေကြောင့်​ဆိုတာ ထက်​ ရွှေလကို တကယ်​ချစ်​လို့ လက်​တွဲဖော်​အဖြစ်​ ရွေးချယ်​ဖြစ်​တာပါ” လို့ ပြောပြပါသေးတယ်​။ ဟန်းနီးမွန်း ကို အခုတော့ မထွက်​ဖြစ်​သေးဘူး။ နှစ်​ဘက်​မိဘတွေနဲ့ ခရီးအတူတူ သွားဖြစ်​ဖို့တော့ ရှိတယ်​။ သင်္ကြန်​ပြီး သွားရင်​တော့ နှစ်​ယောက်​တည်း ဟန်းနီးမွန်းကို ဥလနမျနေ တစ်နေရာ လောက် သွားဖြစ်​မယ်​”လို့လည်း ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊
ဓာတ်​ပုံ – အောင်​ဇော်​မင်း

Ads Space Available


Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071