Tuesday, February 3, 2026

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် အစပျိုးဓာတုပစ္စည်းများသည် ပြည်တွင်းထွက်ကုန်မဟုတ်ဘဲ ပြည်ပမှမှောင်ခိုတင်သွင်းလာခြင်းဖြစ်သည်ဟု ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းက ပြောသည်။ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့်...

ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရန်စစ်ဆေး

မကွေးတိုင်း၊ မင်းဘူးမြို့ရှိ မြို့မစျေးအတွင်းဖွင့်လှစ်ထားသော စျေးဆိုင်များ၌ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ ဘေးထွက်ဆိုးကျိုးဖြစ်စေသော စားသောက်ကုန်များရောင်းချခြင်းမရှိစေရေးအတွက် ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဈေးဆိုင်များတွင် ဘေးအန္တရာယ်ဖြစ်စေသော...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြုကိရိယာတစ်ရပ်အဖြစ်...

AI စနစ်ကို အလွန်အမင်းမှီခိုခြင်းမပြုဘဲ အထောက်အကူပြု ကိရိယာတစ်ရပ်အဖြစ် သုံးစွဲကြရန် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၌...

ကြို့ပင်ကောက်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိသစ်ပင်ကိုဝင်တို-က် (၂)...

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ...
HomeCelebrities' Newsကိုရီးယား အလှကုန် တစ်ခုရဲ့...

ကိုရီးယား အလှကုန် တစ်ခုရဲ့ Brand Ambassador ဖြစ်သွားတဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုးက ကိုရီးယား နိုင်ငံမှထုတ်လုပ်တဲ့ Shangpree Cosmetics ရဲ့ ပထမဆုံးBrand Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ Shangpree Cosmeticsရဲ့ Brand Ambassador အဖြစ် ဆောင်ရွက် ဖြစ်ပုံကိုတော့ နန်းဆုရတီစိုးက…

“Shangpree က မြန်မာနိုင်ငံကိုရောက်ရှိတာ ၅နှစ် လောက်ရှိပြီ။ ပထမဦးဆုံးBrand Ambassadorခန့်အပ်တာပါ။ Shangpree Cosmeticကနိုင်ငံ ၂၂ နိုင်ငံကျော်မှာရှိပြီး ၂၈နှစ်သက်တမ်း ရှိပြီ။ နိုင်ငံတကာကပေးတဲ့ ဆုတွေ လည်း ၁ဝဝကျော်ရထားတယ်။ ကိုယ်လည်းကြိုက်တဲ့ Brand ဖြစ်တယ်။ ကိုယ်လည်းသုံးနေတာနဲ့ လက်ခံလိုက်တာပါ။ သူက skincare အဓိကပါ”လို့ ပြောပါတယ်။ အသားရေ လှပတဲ့ မင်းသမီး တစ်ဦးဖြစ်တဲ့ နန်းဆုရတီစိုးက ကိုယ်တိုင်လည်း အသားအရည်ကို ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက် ဖြစ်ကြောင်းကို…

“အသားအရေက နန်းဆုတို့ဆို ရှုတင်တွေမှာဆို မှန်ထိုးမီးထိုး တာတွေရော၊ ခရီးတွေကလည်း အလွန်ထွက်တော့ နေဒဏ်၊ လေဒဏ်ရာသီဥတုဒဏ်တွေကိုခံရတယ်။ အသားအရေက အနည်းနဲ့အများပျက် စီးတတ် တယ်။ ဘယ်လောက်ကောင်းတဲ့ အသားအရေပဲ ဖြစ်ဖြစ် အဲဒီလိုဒဏ်တွေခံရရင် ပျက်စီးမှာပဲ။Skincare ဆိုတာ မရှိမဖြစ် သုံးပေးရမယ့် ပစ္စည်းထဲမှာပါတယ်။ မိန်းကလေးတွေကို အကြံပြုချင်တာက ကိုယ့်အသားအရေကို အမြဲတမ်း ဂရုစိုက်ပေးသင့်တယ်။ မှန်ကန်တဲ့ ပစ္စည်းလည်းရွေးချယ်ရမယ်။ အသားအရေလှပမှုက အဓိကတော့ စိတ်ချမ်းသာတာ၊ ကိုယ်ကျန်းမာတာနဲ့ လည်းဆိုင်ပါတယ်။ စိတ်ချမ်းသာအောင်နေ၊ ကိုယ်ကျန်းမာနေပြီးတော့ အသားအရေ ကိုskincare တွေနဲ့ ထိန်းသိမ်းတာတို့၊ ကုသတာတို့ ကာကွယ်တာတို့ အမြဲတမ်းလုပ်ပေးသင့်တယ်။ တစ်လမှာ spa ကို တစ်ကြိမ် နှစ်ကြိမ်လောက် treatment ယူသင့်ပါတယ်”လို့သူကပြောပါတယ်။ နန်းဆုရတီစိုးက ပရိသတ်တွေအတွက် အွန်လိုင်း ပေါ်မှာ သီချင်းတစ်ပုဒ်ဖြန့်ချိဖို့ ရှိတယ်လို့လည်း သိရပါတယ်။

  ခိုင်ဝေလွင်

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071