Tuesday, May 5, 2026

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးကိုတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi တို့ ယနေ့...

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးရန်ကုန်မြို့သို့ရောက်ရှိလာ

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးသည် မြန်မာနိုင်ငံတော်သို့ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ မေ ၄ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့်...

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကအသိပေးခဲ့ကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်...

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန်...

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ...
HomeCelebrities' Newsကိုယ့်ရဲ့အားနည်းချက်ကို အသုံးချပြီးတော့ ကူညီချင်တဲ့သူထက်စာရင်...

ကိုယ့်ရဲ့အားနည်းချက်ကို အသုံးချပြီးတော့ ကူညီချင်တဲ့သူထက်စာရင် တိုက်ခိုက်ချင်တဲ့သူတွေများတယ်လို့ ရွှေအိမ်စည်ဖွင့်ဟ

ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးလျက်ရှိနေပြီဖြစ်တဲ့ အလှမယ် ရွှေအိမ်စည်ကတော့ ရှိုးတစ်ခုရဲ့ Runway ကို ရောက်နေပြီဖြစ်တဲ့ အခိုက်အတန့်တိုင်းမှာ ဘယ်လောက် အထိပဲ Runway မှာ လျှောက်ခဲ့ဖူးခဲ့တာ အတွေ့အကြုံများစွာ ရှိနေပေမယ့်လည်း စိတ်လှုပ်ရှားမှု တစ်ခုဆိုတာတော့ ရှိနေစမြဲဖြစ်တယ်လို့ ဖွင့်ဟပြောခဲ့တယ်။

အဲ့ဒါဟာ ဘာကြောင့်လဲဆိုရင် ”တစ်ခုနဲ့ တစ်ခုနဲ့က မတူညီဘူးလေ။ ဘယ်လိုမျိုး ဖီလင်လာမလဲ လာမလဲဆိုတာက ကိုယ့်ကိုယ်ကိုယ် စိတ်လှုပ်ရှားမှုဖြစ်စေ တာ။ တစ်ခုနဲ့တစ်ခု မတူ ခြားနားမှုတွေကြောင့်ပေါ့။ အဲ့ဒါ အဓိကပါပဲ။ ပရိသတ်ရဲ့ Reaction ကြောင့်ချည်းပဲ မဟုတ်ဘဲနဲ့ ကိုယ်တိုင် ကိုယ်က ရှိုးလျှောက်ရရင် ပျော်နေတာမျိုး” လို့ ရွှေအိမ်စည်က ဖွင့်ဟ ပြောပြခဲ့တယ်။
ရွှေအိမ်စည်ဆိုတာနဲ့ ပရိသတ် အတော်အများက ချစ်သူတွေလည်း ရှိသလို ဝေဖန်သူတွေကလည်း ရှိနေတုန်းပါပဲ။ ဒါအပြင့် အရင်တုန်းက ရည်းစားဟောင်း (Ex) နဲ့အကြောင်းတွေလည်း ဝေဖန်ခံရမှုတွေထဲမှာ တစ်ခုအပါအ၀င်ပါပဲ။ ရွှေအိမ်စည်ကတော့ အဲ့ဒီအကြောင်းနဲ့ ပတ်သက်လာရင် အပြုံးလေးတွေနဲ့ ရယ်ရင်း အခုလို ပြောပြပါတယ်။

”Ex ဆိုတာ လူတိုင်းမှာ ရှိတယ်လေ။ ပြောနေကြတဲ့သူတွေကို ပြန်ပြော ချင်တာက ကိုယ့်လိုမျိုး သူတို့ လုပ်နိုင်လို့လား။ ပြောချင်တဲ့သူတွေကတော့ ပြောနေမှာပါပဲ။ ဒါပေမဲ့ အဲဒါတွေက အဓိကမကျပါဘူး။အိမ်စည်တို့နိုင်ငံမှာ ကျတော့ Strong Look ဖြစ်လို့ရှိရင် အိမ်စည်မှမဟုတ်ပါဘူး။ ကိုယ်တစ် ယောက်တည်းတော့ အပြောခံနေရတာတော့ မဟုတ်ဘူးပေါ့” လို့ ရွှေအိမ် စည်က ပြောပြပါတယ်။ ကြည့်လိုက်ရင်တော့ ရွှေအိမ်စည်က ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုတွေ ပြည့်နေတဲ့သူတစ်ယောက်ဆိုတာ ပေါ်လွင်နေတဲ့ တခြားသူတွေအမြင်မှာ စိတ်ကျတာမျိုး တော်ရုံနဲ့ရှိမှာ မဟုတ်ဘူးဆိုတဲ့ အတွေးတွေ ရှိပေမယ့်လည်း ရွှေအိမ်စည်ကတော့ အဲ့လိုမထင်ပါနဲ့လို့ ငြင်းချက်ထုတ်ပါတယ်။

”မထင်ပါနဲ့နော်။ လူပဲလေ။ အလုပ်လုပ်ကိုင်နေရတာလေ။ အဓိ ကက မိသားစုနဲ့လည်း ဝေးနေတဲ့အချိန်မှာ ဘယ်သူမဆိုလေ စိတ်က နည်းနည်းသိတဲ့အတိုင်း စိတ်ဓာတ်ကျတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ကတော့ နည်းနည်း ခုတာပေါ့။ တစ်ယောက်တည်း ဖြစ်နေတော့ ညဉ်းညူတဲ့အသံတော့ ရှိမှာပဲ။ ဒါပေမဲ့ အဲ့ဒါတွေ ကလည်း အချိန်တန်တော့ ပြီးသွားတာပဲ။ အလုပ်လုပ်လိုက် တယ်။ သိပ်ကိုခေါင်းထဲမထည့်တော့ဘူး”လို့ ရွှေအိမ်စည်ကတော့ ပြောပြပါတယ်။

ရွှေအိမ်စည်ကတော့ တစ်ယောက်တည်း ဖြစ် နေတဲ့အချိန်တွေမှာ ဘေးနားမှာ တစ်ယောက်ကနေပြီ ဖြေသိမ့် ပေးနေတာမျိုးကို ရှိနေစေချင်တာမျိုးက ဖြစ်သင့်ရှိသင့်တာ ဆိုပေမယ့်လည်း သူ ဆက်ပြောတာက. . .

”ဟိုဖြေသိမ့်ပေးတဲ့ သူဆိုတာလည်း မိန်းမအချင်းချင်း ဖြေသိမ့်ပေးတာမျိုးတော့ သိတဲ့မို့လား မကြိုက်ဘူးလေ။ ဘာပဲပြောပြော တစ်ယောက် ယောက်ကပေါ့ ဖြေသိမ့်ပေးမယ်ဆိုရင် ကောင်းတယ်လေ။ ကိုယ့်ဘေးနားမှာ ရှိနေပေးပြီးတော့ အားပေးစကားပြော မယ်။ Motivation လုပ်ပေးတဲ့ သူရှိမယ်ဆိုရင်တော့ ဘယ်သူမဆို ကျေနပ်ကျတာချည်းပဲလေ။ ဒါပေမဲ့ အိမ်စည်ကတော့ နောက်ပိုင်းမှာ အဲ့လိုမလုပ်တော့ဘူး ပေါ့နော်။ စိတ်ထိခိုက်မှု ဖြစ်လာပြီဆိုရင် လူတွေနဲ့ ဝေးရာမှာ နေလိုက်တယ်။ ဘာလို့လဲဆိုရင် အတော် အများက ကိုယ့်ရဲ့ အားနည်းချက်ကို အသုံးချပြီးတော့ ကူညီချင်တဲ့ သူထက်စာရင် တိုက်ခိုက်ချင်တဲ့သူတွေ များတယ်။ အဲ့ဒါကြောင့်လည်း အိမ်စည်က အဝေး ဆုံးမှာ နေတယ်။ ကိုယ့်ဘာသာ အားယူတယ်။ အားမွေးတယ်။ အဲ့ဒါနဲ့ အတော်အများကို မယုံ တော့တာ။ အမှန်တော့ အဲ့ဒါတွေက မကောင်း ဘူး”လို့ ရွှေအိမ်စည်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ
ဓာတ်ပုံ-အောင်နိုင်စိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071