Wednesday, April 22, 2026

ထိန်ပင်အမှိုက်ပုံတွင် ​နေ့စဥ်အမှိုက်တန်ချိန် ၁၂၀၀ ​ကျော်...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံတွင် နေ့စဉ် အမှိုက်တန်ချိန် ၁၂၀၀ ကျော် စွန့်ပစ်လျက်ရှိကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီမှ သိရသည်။ အဆိုပါ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အ​နောက်ပိုင်းခရိုင်နှင့်...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ

အာဆီယံတွင်း ဖြစ်ပေါ်တိုးတက် မှုများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေး အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးအောင်မျိုးမြင့် သည် အာဆီယံအတွင်းရေးမှူးချုပ် Dr....

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့်...

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက...

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက်...
HomeNewsLocal Newsကိုဗစ် ၁၉ ရောဂါ...

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ဖို့ အတွက် လိုအပ်သည့် စက်ရုံ တည်ဆောက်ပေးမည် ဟုဆို

ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထုတ်လုပ်ဖို့ အတွက် လိုအပ်သည့် စက်ရုံတည်ဆောက်ပေးမည်ဟုဆို

Unicode

ကိုဗစ်၁၉ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ အခုကာလမှာ အမြန်ဆုံး အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက် ရန် လိုအပ်သလို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ပါ သုတေသနပြုဆောင်ရွက်ရန်လိုတယ်လို့ နစက ဥက္ကဌက ပြောပါတယ်။

အောက်တိုဘာလ ၈ရက်နေ့က ဆေးဝါးစက် ရုံ(အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ(ရွာသာကြီး)၊ အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေး စက်ရုံတို့ကို သွားရောက်စစ်ဆေးစဉ်က ပြောကြားခဲ့တာပါ။

ပြည်ပနိုင်ငံတွေနဲ့ ဆေးဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပြီး ကိုဗစ်၁၉ကာကွယ်ဆေးအပြင် လိုအပ်တဲ့အချိန်မှာ အခြား ကာကွယ်ဆေးတွေ ပြောင်းလဲထုတ်လုပ်နိုင်ရေးကို ကြိုတင်မျှော်တွေးကာ စီမံဆောင်ရွက်ရန်လိုကြောင်းနဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး တွေကို ပြည်ပကို မမှီခိုဘဲ ပြည်တွင်းမှာ ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ဒီ့အတွက် လိုအပ်တဲ့စက်ရုံကိုလည်း တည်ဆောက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် အရည်အသွေးကောင်းမွန်ပြီး သင့်တော်တဲ့ ဈေးနှုန်းဖြစ်ဖို့ အရေးကြီးကြောင်း ၊ပြည်တွင်းဆေးဝါး ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်အနေနဲ့ ဖြေလျှော့မှုတွေ ရှိနေပေမယ့်လည်း အခွန်နဲ့ပတ် သက်ပြီး ထိုက်သင့်တဲ့ဆောင်ရွက်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ဆေးဝါးတင်သွင်းသူတွေ အတွက် အခွန်ငွေကိုလည်း ထိုက်သင့်တဲ့ အခွန်နှုန်းထားနဲ့သာ ထောက်ခံကြောင်း၊ မိမိအနေနဲ့ ဆေးဝါး ထုတ်လုပ်မှုနဲ့ ကုန်ထုတ်လုပ်မှုတွေကို အားပေးကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်က စက်မှုဝန်ကြီးဌာန ဘက်က နိုင်ငံမှာ ရုရှားနဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးထုတ်ဖို့ ရှိတယ်လို့ ပြောဆို ထားဖူးပါတယ်။

Zaw Gyi

 

ကိုဗစ္ ၁၉ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္ဖို႔ အတြက္ လိုအပ္သည့္ စက္႐ုံ တည္ေဆာက္ေပးမည္ ဟုဆို

ကိုဗစ္၁၉ ကာကြယ္ေဆး ထုတ္လုပ္ႏိုင္ဖို႔ အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရာမွာ အခုကာလမွာ အျမန္ဆုံးအသုံးျပဳႏိုင္ေရး အတြက္ ေဆာင္႐ြက္ရန္ လိုအပ္သလို ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္ဖို႔ပါ သုေတသနျပဳေဆာင္႐ြက္ရန္ လိုတယ္လို႔ နစက ဥကၠဌက ေျပာပါတယ္။

ေအာက္တိုဘာလ ၈ရက္ေန႔က ေဆးဝါးစက္ ႐ုံ(အင္းစိန္) ၊ေဆးဝါးစက္႐ုံခြဲ (႐ြာသာႀကီး)၊ အသည္းေရာင္အသားဝါ(ဘီ) ကာကြယ္ေဆးစက္႐ုံ တို႔ကို သြားေရာက္စစ္ေဆးစဥ္က ေျပာၾကားခဲ့တာပါ။

ျပည္ပႏိုင္ငံေတြနဲ႔ ေဆးဘက္ဆိုင္ရာ နည္းပညာ ပူးေပါင္းေဆာင္႐ြက္မႈေတြျပဳလုပ္ၿပီး ကိုဗစ္၁၉ ကာကြယ္ေဆးအျပင္ လိုအပ္တဲ့ အခ်ိန္မွာ အျခားကာကြယ္ေဆးေတြ ေျပာင္းလဲ ထုတ္လုပ္ႏိုင္ေရးကို ႀကိဳတင္ေမွ်ာ္ေတြးကာ စီမံေဆာင္႐ြက္ရန္ လိုေၾကာင္းနဲ႔ ကိုဗစ္၁၉ ကာကြယ္ေဆးေတြကို ျပည္ပကို မမွီခိုဘဲ ျပည္တြင္းမွာ ထုတ္လုပ္ႏိုင္မယ္ဆိုရင္ ႏိုင္ငံျခားေငြ သုံးစြဲမႈကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ေၾကာင္း၊ ဒီ့အတြက္ လိုအပ္တဲ့စက္႐ုံကိုလည္း တည္ေဆာက္ေပးသြားမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ျပည္တြင္းမွာထုတ္လုပ္တဲ့ ေဆးဝါးေတြဟာ ေဈးကြက္မွာ ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ အရည္အေသြးေကာင္းမြန္ၿပီး သင့္ေတာ္တဲ့ေဈးႏႈန္းျဖစ္ဖို႔ အေရးႀကီးေၾကာင္း ၊ျပည္တြင္းေဆးဝါး ထုတ္လုပ္မႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အေနနဲ႔ ေျဖေလွ်ာ့မႈေတြ ရွိေနေပမယ့္လည္း အခြန္နဲ႔ပတ္ သက္ၿပီး ထိုက္သင့္တဲ့ေဆာင္႐ြက္မႈမ်ားကို ျပဳလုပ္ရမည္ျဖစ္ေၾကာင္း ၊ေဆးဝါးတင္သြင္းသူေတြ အတြက္ အခြန္ေငြကိုလည္း ထိုက္သင့္တဲ့ အခြန္ႏႈန္းထားနဲ႔သာ ေထာက္ခံေၾကာင္း၊ မိမိအေနနဲ႔ ေဆးဝါးထုတ္လုပ္မႈနဲ႔ ကုန္ထုတ္လုပ္ မႈေတြကို အားေပးေၾကာင္းလည္း ေျပာၾကားခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ လအနည္းငယ္က စက္မႈဝန္ႀကီးဌာနဘက္က ႏိုင္ငံမွာ ႐ုရွားနဲ႔ ပူးေပါင္းၿပီး ကာကြယ္ေဆးထုတ္ဖို႔ ရွိတယ္လို႔ ေျပာဆိုထားဖူးပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071