မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ အောက်တို ဘာ ၁၈ ရက်နံနက်ပိုင်းက ကိုကိုးကျွန်းမြို့သို့သွား ရောက်၍ ကိုကိုးကျွန်းတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိ သားစုများအားတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံပြီးနောက် ကိုကိုးကျွန်းမြို့တွင် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် သင်္ဘောကြီးများဆိုက်ကပ်ရပ်နားနိုင်သည့် ဆိပ်ခံတံတားကိုတည်ဆောက်ပေးခဲ့ပြီးဖြစ်၍ တိုးတက်လာကာ မြန်မာနိုင်ငံအတွက် ပထဝီအ နေအထားအရ အရေးပါသည့်နေရာတွင်တည်ရှိသဖြင့် အမြဲလုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့်နေထိုင်ကြရန်လိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်နေရန်၊ အမြဲ Combat Ready ဖြစ်နေရန်၊ မြန်မာ့ရိုးရာသိုင်း၊ လက်ဝှေ့နှင့် အခြားကိုယ်ခံပညာရပ်များကိုအမြဲ လေ့ကျင့်နေရန်၊ အရာရှိ၊ စစ်သည်များ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများမဆုံးရှုံးစေရေး တာဝန်ရှိသူများက စနစ်တကျဖြင့်ဆောင်ရွက်ပေးရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ ရွေးကောက်ပွဲကိုလည်း မကြာခင်ကျင်းပပေးသွားမည်ဖြစ်၍ ဆန္ဒမဲများပေးရာတွင် ဒေသနှင့် နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာစောင့်ထိန်းနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းလိုက်နာသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအမြင်ရှိသူကို ရွေး ချယ်ကြရန်၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရာရှိ၊ စစ်သည်၊ မိသားစုများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိတို့၏ သားသမီးများအား ပညာတတ်များဖြစ်အောင်ဆောင်ရွက်ပေးကြရန်လည်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတမှ တပ်နယ်မှအရာရှိ၊ စစ်သည်မိသားစုများအတွက် စားသောက်ဖွယ်ရာများ၊ ယာယီသမ္မတ၏ ဇနီးမှ တပ်နယ်မိခင်နှင့် ကလေးရန်ပုံငွေများကိုပေးအပ်ခဲ့ကြရာ ရေတပ်ဌာနချုပ်မှူးနှင့် ဇနီးတို့က လက်ခံရယူခဲ့ကြပြီးနောက် ယာယီသမ္မတမှ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တပ်နယ်ရှိ နွားမွေးမြူရေးခြံအတွင်း ဒေသ နွားများ မွေးမြူထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာယီသမ္မတနှင့် ဇနီးတို့သည် ကျွန်းပတ်လမ်းတစ်လျှောက်၊ ဗျိုင်းကျွန်းနှင့်ဂျယ်ရီကျွန်းဆက်လမ်း ဆောင်ရွက်ထားမှုတို့အားကြည့်ရှုစစ်ဆေးပြီး ကိုကိုးကျွန်းပေါ်ရှိ မြေလွတ်နေရာများ၌ မျိုးကောင်းသည့် အုန်းပင်များအား စနစ်တကျအကွက်ချစိုက်ပျိုးရန်၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပင်လယ်ရေမှစိုက်ပျိုးရေထုတ်ယူသုံးစွဲနိုင်ရေး သုတေ သနပြုဆောင်ရွက်ရန်တို့ကိုမှာကြားပြီး နယ်မြေခံရေတပ်စခန်းဌာနချုပ်၏ ကိုကိုးစိုက်ပျိုးရေးခြံတွင် ကိုကိုးပင်များရှင်သန်အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကိုကိုးပင်များအားလယခုထက်ပိုမိုတိုးတက်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ ထိုမှတစ်ဆင့် မြေနိမ့်ကော်ဖီကို စမ်းသပ်စိုက်ပျိုးရန်တို့ကိုလည်းမှာ ကြားခဲ့ကြောင်း သိရသည်။
