Thursday, June 25, 2026

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ...

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...
HomeNewsLocal Newsကာလုံအစည်းအ​ဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တင်ပြခဲ့​သော...

ကာလုံအစည်းအ​ဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တင်ပြခဲ့​သော အ​ကြောင်းအရာများ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၃)အား ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းကနေပြည်တော်၌ကျင်းပစဥ် နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှပြောကြားခဲ့သည်တို့ကို အတိုချုပ်​ကောက်နုတ်​ဖော်ပြရ​သော်….

  • မဲမသမာမှုများအား အသစ်ဖွဲ့စည်းခဲ့သည့် UEC မှတာဝန်ရှိသူများက စစ်ဆေးခဲ့ရာ မဲစာရင်းတွင်နိုင်ငံသား၊ဧည့်နိုင်ငံသား၊နိုင်ငံသားပြုခွင့်ရသူလက်မှတ်မရှိဘဲ ပါဝင်​နေသူ ၄သန်း​ကျော်၊နိုင်ငံသားစီစစ်​ရေးကတ်တစ်ခုထဲဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက်ပါဝင်သူ ၃သိန်းနီးပါး ၊ မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအရေအတွက် ၁၁ ဒသမ ၃ သန်းကျော်အား စီစစ်တွေ့ရှိခဲ့ခြင်း

-၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဟောင်း ဦးဝင်းမြင့်တို့သည် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် တိုက်ရိုက်(သို့)သွယ်ဝိုက်၍ ဖိအားပေးမှုများရှိခဲ့ခြင်း

-နစက မှနိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် ကိုဗစ်(၁၉)ရောဂါတတိယလှိုင်းကာလ၌ ဆေးရုံ/ဆေးခန်းများအပြင် ကုသမှုစင်တာ ၁၆၇၄ ခု ဖွင့်လှစ်ကုသပေးခြင်း၊အစိုးရမှ Oxygen စက်ရုံ ၂၁၆ ရုံ၊ပုဂ္ဂလိက ၂၇၁ ရုံ(စုစုပေါင်း ၄၈၇ ရုံ)တည်ဆောက်ခဲ့ခြင်းဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ခြင်း

-နိုင်ငံတွင်းဆေးရုံ ဆေးပေးခန်းစုစုပေါင်း ၁၂,၅၀၄ ခု ရှိပြီး နိုင်ငံရေးအခြေအနေအကြောင်းပြ၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အမြင့်ဆုံးကာလတွင် ဆေးရုံဆေးပေးခန်း  ၆၅ ဒသမ ၅၃ ရာခိုင်နှုန်းသာ လုပ်ငန်းဆောင်ရွက်နိုင်ခဲ့​ကြောင်း၊ကျန်းမာရေးဝန်ထမ်း ၁၀၃,၂၁၄ ဦးရှိပြီး CDM ပြုလုပ်ခဲ့သူ ၄၇,၂၅၄ ဦးရှိခဲ့၊လိုအပ်သွားသည့် နေရာများတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကုသပေးခြင်းနှင့် တပ်မတော်ဆေးရုံများတွင်ပြည်သူများကို ကုသပေးခဲ့ခြင်း

-ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အသက် ၁၈ နှစ်နှင့်အထက် ရည်မှန်းလူဦးရေ၏ ၉၈ ရာခိုင်နှုန်းထိုးနှံပြီး၊အသက် ၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ ရည်မှန်းလူဦးရေ၏ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ  ၇၃ ရာခိုင် နှုန်းရှိခြင်း

  • GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ကုန်ခန့်မှန်းခြေ (ဧပြီလမှမတ်လအထိ) ၃ ဒသမ ၂ ရာခိုင်နှုန်းအထိတိုးလာခဲ့ခြင်း

-ဒီမိုက​ရေစီအစိုးရများ၏ GDP များနှိုင်းယှဥ်ခြင်း၊ ကုန်သွယ်မူလို​ငွေများ၊အဂတိမှုများ​ကြောင့်ဆုံးရှုံးနစ်နာခဲ့မှုများ၊နစကအစိုးရအား နိုင်ငံတကာ ပိတ်ဆို့မူ​​ကြောင့် စီးပွားတိုးတက်သင့်သ​လောက်မတိုးခဲ့ခြင်း

-ပြည်တွင်းစီးပွားရေးမြှင့်တင်ရာတွင် အသေးစား၊အငယ်စားနှင့်အလတ်စား(MSME) လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့ခြင်း

-တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၂၁ ရက်တွင်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရ ငြိမ်းချမ်းရေးကို စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ်တစ်နှစ်တာကာလသာမက ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို သက်တမ်းတိုးမြှင့်ထားပြီးတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် တတိယအကြိမ်အထိဆွေးနွေးထားခြင်း

-အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား PR စနစ်ဖြင့်ကျင်းပ၍ အနိုင်ရသည့်ပါတီအားနိုင်ငံတော်တာဝန်လွှဲအပ်ခြင်း

–အကြမ်းဖက်မှုများကြောင့် တစ်နိုင်ငံလုံး ပစ္စည်းပျက်စီးမှု ၄,၉၁၇ ခု၊ စုစုပေါင်းအကြမ်းဖက်မှု ၁၉,၄၄၄ ကြိမ် ဖြစ်ပွားခဲ့၊ လက်နက်ခဲယမ်းမျိုးစုံ ၁,၃၈၂,၆၆၇ သိမ်းဆည်းရမိခဲ့၊ ဝန်ထမ်းနှင့်အရပ်သား စုစုပေါင်း သေဆုံး ၅,၄၄၃ ဦးနှင့် ဒဏ်ရာရ ၄,၅၇၇ ဦးရှိခဲ့ခြင်း

  • အကြမ်းဖက်မှုဖြစ်စဥ်​လျော့လာ​သော်လည်း​သေဆုံး၊ဒဏ်ရာရများလာ​ခြင်း၊ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့များ၏ တင်ပြချက်များအရ ရာခိုင်နှုန်းပြည့်တည်ငြိမ်သည့် မြို့နယ် ၁၉၈ မြို့နယ်၊လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်၊ လုံခြုံရေးထိထိရောက်ရောက်ဆောင်ရွက်ပေးရန်လိုအပ်သည့် မြို့နယ် ၆၅ မြို့နယ်ရှိ​သေးခြင်း

-အင်္ဂလိပ်အစိုးရ​ခေတ်မှစ၍ သန်း​ခေါင်စာရင်း​ကောက်ယူခဲ့မှုရာဇဝင်၊ မဲစာရင်းမှန်ကန်ရန် သန်းခေါင်စာရင်းမှန်ကန်ဖို့လိုအပ်၍ သန်းခေါင်စာရင်းကောက်ယူမှုသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်​ခြင်း

-၂၀၂၀ တွင် ၈၈ပါတီပြိုင်ခဲ့ပြီး ၁၉ ပါတီသာ လွှတ်​တော်ကိုယ်စားလှယ်အ​ရွေးခံရခြင်း၊တသီးပုဂ္ဂလ ၂ဦးသာ အ​ရွေးခံရခြင်း တို့​​ကြောင့် နိုင်ငံ​ရေးပါတီမှတ်ပုံတင်ခြင်းဥပ​ဒေ ပြင်ဆင်ပြဌာန်းခဲ့ခြင်း

-တပ်မတော်အနေဖြင့် မည်သည့်ခေတ်၊မည်သည့်အစိုးရပင်ဖြစ်စေ ပြည်သူသာအမိ၊ပြည်သူသာအဖဟုခံယူပြီး နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ Guardi‌an အနေဖြင့် အစဉ်အမြဲဆက်လက်တည်ရှိနေမည်

စသည်တို့ပါဝင်​သော တင်ပြချက်များအား ​ပြောကြား​ဆွေး​နွေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့ လူမှုအကျိုးပြု CSR အစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အမြင်အာရုံမသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေး သင်တန်းကို ဇွန်လ (၂၄)ရက်နေ့က ရန်ကုန်မြို့ရှိ၊ Pan Pacific Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်များကို ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)နဲ့ ပူပေါင်းပြီး သင်တန်းပို့ချသူ Trainer မဝေဖူးရဲ့ ပံ့ပိုးမှုနဲ့ အမြင်အာရုံမသန်စွမ်းသူများအတွက် လက်တွေ့သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်သင်တန်းကို သင်တန်းသား(၃၀)ဦး...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ အချက်အလက်အချို့ ပေါက်ကြားမှုဖြစ်ပွား၊ ပင်မဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာများ ထိခိုက်မှုမရှိကြောင်း ဘဏ်ဘက်မှ ရှင်းလင်း

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ AYA Bank က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သုံးစွဲသူ ပြည်သူများထံသို့ တရားဝင် အသိပေးချက်တစ်ရပ် ထုတ်ပြန်ကာ ရှင်းလင်းပြောကြားထားသည်။ ဘဏ်၏ ထုတ်ပြန်ချက်အရ ပေါက်ကြားသွားသော အချက်အလက်များသည် ငွေကြေးဆိုင်ရာ မဟုတ်သည့် appပေါ်ရှိ အချက်အလက်အချို့သာ ဖြစ်ပြီး၊ လက်ရှိ အများပြည်သူ သုံးစွဲနေသည့် ပင်မဘဏ်စနစ်များနှင့်...

AYA Bank Application Portal အဟောင်းမှ ငွေကြေးဆိုင်ရာမဟုတ်သော အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပွား၊

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA Bank က အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း AYA Bank က ထုတ်ပြန်ကြေညာခဲ့သည်။ AYA Bank ၏ ထုတ်ပြန်ချက်အရ အဆိုပါ Portal သည် ဘဏ်၏ Core Banking System၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071