ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့လျှော့ချရေး အမှိုက်များအား မီးရှို ့ခြင်း မပြုဘဲ အမျိုးအစားခွဲခြား၍ စနစ်တကျ စွန့်ပစ်ရန် ညောင်ဦးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများ ပြည်သူများအား အသိပညာပေးလုပ်ငန်းများ လိုက်လံလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် ကျေးလက်ဒေသမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ လိုက်လံလုပ်ဆောင်ပေးနေကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လိုက်လံလုပ်ဆောင်ရာတွင် လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ် လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျော့နည်းစေရေး အမှိုက်များအား မီးရှို့ခြင်းမပြုပဲ အမျိုးအစားခွဲခြား၍ စနစ်တကျ စွန့်ပစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျေးလက်ဒေသ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေနွေးခြင်းနှင့် လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းတို့ကိုလည်း ဖေဖော်ဝါရီ (၁၇)ရက်က တစ်ပါတညည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
အလားတူ ညောင်ဦးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်း၍ ရာသီဥတုပြောင်းလဲမှု၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
