Tuesday, May 5, 2026

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို...

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌...

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင်...

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...
HomeNewsLocal Newsကာကွယ်ရေးဆွေးနွေးရန်ရုရှားအရာရှိအင်ဒိုနှင့် မလေးသို့ သွားရောက်

ကာကွယ်ရေးဆွေးနွေးရန်ရုရှားအရာရှိအင်ဒိုနှင့် မလေးသို့ သွားရောက်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ရောင်ရင်းတစ်ဦးဖြစ်သော ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှိုဂူသည် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် တနင်္လာနေ့တွင် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ အလုပ်သဘောခရီးသွားရောက်ခဲ့သည်ဟု ရုရှားသတင်းဌာနများက ဖော်ပြသည်။

ခရီးစဉ်သည် ဖေဖော်ဝါရီ ၂၈ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးရုံးကို ကိုးကား၍ အစိုးရပိုင် RIA သတင်းဌာနက ဆိုသည်။

ခရီးစဉ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ လက်ရှိအခြေအနေများနှင့် အခြားနယ်ပယ်များတွင် အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု RIA က ဆက်လက်ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ခဲ့ပြီးနောက် မော်စကိုအပေါ် ကိဗ်နှင့် အနောက်မဟာမိတ်များ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် ပူတင်၏ ပထဝီဝင်နိုင်ငံရေး အကျိုးစီးပွားများကို အာရှဆီသို့ ကူးပြောင်းသွားစေခဲ့ပြီး ဒေသတွင်းနှင့် ဆက်ဆံရေး မြှင့်တင်မှုများကို တိုးမြှင့်လုပ်‌ဆောင်လာခဲ့သည်။

ကမ္ဘာ့စီးပွားရေးထွက်ကုန် ၃၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည့် စီးပွားရေးထွန်းသစ်စနိုင်ငံများအုပ်စု BRICS အဖွဲ့ကို ဝင်ရောက်လိုကြောင်း အင်ဒိုနီးရှားက အောက်တိုဘာလတွင် ထုတ်ဖော်ပြောဆိုထားသည်။ ယင်းအဖွဲ့ကို အနောက်အုပ်စုကို တန်ပြန်သည့် အဖွဲ့အစည်းတစ်ခုဖြစ်လာရန် ရုရှားက တွန်းအားပေးနေသည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် စီးပွားရေးဖိုရမ်တစ်ခုသို့ တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းတွင် ပူတင်နှင့် ဆွေးနွေးပြောဆိုခဲ့သည်။

Ref: စီအင်န်အေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာသည့် PDF အဖွဲ့ဝင်(၆)ဦးအား မိ ဘအုပ်ထိန်းသူများထံသို့ ယနေ့ မေ ၅ ရက်ကပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ ခန်းမအတွင်း၌ အလင်းဝင်လာသူ(၆)ဦးက ၎င်းတို့ပါလာသည့် လက် နက်ခဲယမ်းများကို တာဝန်ရှိသူများထံအပ်နှံကာ တာဝန် ရှိသူများက လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေ၊ ဂုဏ်ပြုဆုငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အလင်းဝင်လာသူများအား ဝန်ခံကတိလက် မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘာအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင်း၌ မီးသတ်ယာဥ်များလှည့်လည်စီတန်းသ ရုပ်ပြ

ယနေ့ မေ ၅ ရက်တွင်ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲ ခူးတိုင်း၊ ပြည်မြို့တွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက မီး သတ်ယာဥ်များဖြင့် လှည့်လည်စီတန်းသရုပ်ပြသခဲ့ကြသည်။ ထို့ပြင် ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းပတ်၌ နိုင်ငံတော်အလံကိုအလေးပြုပြီး မီးသတ်ယာဥ်များဖြင့် ​ရေပတ်ဖြန်းခြင်းတို့ကိုလည်း သရုပ်ပြသဆောင်ရွက်ခဲ့ကြသည်။

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071