Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...
HomeNewsLocal Newsကလေးများ၏ အခွင့်အရေးနှင့်အိပ်မက်ကို ပန်းချီဆွဲပုံဖော်ပြိုင်ပွဲကျင်းပမည်

ကလေးများ၏ အခွင့်အရေးနှင့်အိပ်မက်ကို ပန်းချီဆွဲပုံဖော်ပြိုင်ပွဲကျင်းပမည်

ကလေးများ၏ အခွင့်အရေးနှင့်အိပ်မက်ကို ပုံဖော်သည့် ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း UNICEF Myanmar မှသိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ခေါင်းစဉ်မှာ “ကျွန်ုပ်၏ အခွင့်အရေး၊ ကျွန်ုပ်၏ အိပ်မက်” ဖြစ်ပြီး ပြိုင်ပွဲကို အသက် (၉) နှစ်မှ (၁၆) နှစ်အရွယ် ကလေးများ ပါဝင်ယှဥ်ပြိုင်နိုင်ကြောင်း သိရသ ည်။

ခဲခြစ်ပန်းချီကားများ၊ ရောင်စုံပန်းချီကား၊ စုပေါင်းရေးဆွဲသော ပန်းချီကားများဖြင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး A3 (42 x 29,7 cm) ပုံစံ စာရွက်အရွယ်အစားထက် မကျော်ရကြောင်း၊ ကလေး၏ အမည်နှင့် အသက်အရွယ်အပြင် သက်ဆိုင်ရာ မိဘ (သို့မဟုတ်) အုပ်ထိန်းသူ ကိုယ်စားလှယ်တစ်ဦး၏ လိပ်စာ၊ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို ပြိုင်ပွဲဝင်ပုံ၏နောက်ကျောတွင် ရေးသားဖော်ပြထားရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စုပေါင်းဖန်တီးရေးဆွဲသည့် ပန်းချီကားဖြစ်လျှင် ကလေးတစ်ဦးချင်းစီ၏ အမည်နှင့် အသက်အရွယ်အပြင် ကလေးတစ်ဦးစီအတွက် အသေးစိတ်အချက်အလက်များကို အသေးစိတ်ဖော်ပြရမည်ဖြစ်ကာ ပန်းချီကားအား ရေးဆွဲရခြင်းရည်ရွယ်ချက်နှင့် ပန်းချီကား၏ ဇာတ်လမ်းအကြောင်း အတိုချုပ်ကိုလည်း ပုံ၏ နောက်ကျောတွင် မဖြစ်မနေဖော်ပြရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲဝင်ပန်းချီကားများ လက်ခံရရှိရန် သတ်မှတ်ထားသည့် နောက်ဆုံးအချိန်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၂၈) ရက် (အင်္ဂါနေ့) ဖြစ်ပြီး ပန်းချီကားကို ယူနီဆက်ဖ်မြန်မာ ရန်ကုန်ရုံးသို့ စာတိုက်၊ အမြန်ချော၊ delivery စာပို့ဆောင်ရေး အစရှိသည်တို့ဖြင့် အရောက်ပေးပို့နိုင်သလို ယူနီဆက်ဖ် ရန်ကုန်ရုံးသို့ လူကိုယ်တိုင်လည်း လာရောက်ပေးပို့နိုင်ကြောင်း အသိပေးထားသည်။

ပြိုင်ပွဲအပြီးတွင် အ‌ကောင်းဆုံးဆု (၄)ဆု ‌ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး ပြိုင်ပွဲအသက်အရွယ် အမျိုးအစား တစ်ခုစီတွင် အကောင်းဆုံး ဆုနှစ်ဆုစီ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့်...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌ တရုတ်လူငယ်များအရေးပါနေ

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာ နယ်ပယ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြကြောင်း တနင်္လာနေ့တွင် ထွက်ပေါ်လာသည့် ဉာဏ်ကြီးရှင်အဖွဲ့ ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။ ရှင်းဟွာသုတေသနအဖွဲ့က ထုတ်ပြန်သည့် “ခေတ်သစ်အတွင်းရှိ တရုတ်လူငယ်များ--ကြိုးပမ်းအားထုတ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီသူများ” ဟူသော အစီရင်ခံစာအရ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြေညာခဲ့သည့် နေ့မှာပင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။        အီရန်အသင်းသည် မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ရှိ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းမှ လေယာဉ်ဖြင့်ထွက်ခွာလာခြင်းဖြစ်ပြီး တနင်္လာနေ့တွင် လော့ဆန်းဂျလိစ်ကွင်း၌ နူးဇီလန်အသင်းနှင့် ပွဲဦးထွက်ကစားသွားရမည်ဖြစ်သည်။       “ကြီးကျယ်ဂုဏ်ယူဖွယ်ကောင်းပြီး ခိုင်မာတဲ့ အီရန်နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” ဟု အီရန်နည်းပြ အမီယာ ဂါလီနိုအီက အားကစားကွင်းတွင် ပြုလုပ်ခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071