ယခုနှစ် ကမ္ဘာ့အပူဆုံးမြို့ (၁၅) မြို့အနက် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ချောက်မြို့သည် နံပါတ်တစ်နေရာတွင် ရပ်တည်နေပြီး မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့များမှာလည်း အပူဆုံးမြို့ များစာရင်းတွင် ပါဝင်ကြောင်း Eldorado weather က ထုတ်ပြန်ထားသည်။
Eldorado weather ဆိုသည်မှာ ကမ္ဘာ့မြို့ကြီးများ၏ နေ့အလိုက် အပူချိန်များကို ဖော်ပြပေးလျက်ရှိသည့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည်။
အဆိုပါ ဝက်ဘ်ဆိုဒ်၏ ယမန်နေ့ ဧပြီ (၂၃)ရက် ဖော်ပြချက်အရ မြန်မာနိုင်ငံမှ ချောက်မြို့သည် အပူချိန် ၄၅ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ရှိကာ ကမ္ဘာ့ အပူဆုံးမြို့အဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ဖော်ပြထားသည်။
ထို့ပြင် မကွေးမြို့သည် ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် သုံးနေရာတွင်ရှိနေပြီး မင်းဘူးမြို့မှာ ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် ခုနစ်နေရာ၌ ပါဝင်လာသည်။
အလားတူ ညောင်ဦးမြို့သည် ၄၄ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၈) နေရာ ၌လည်းကောင်း ၊ စစ်ကိုင်းမြို့မှာ ၄၃ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ဖြင့် နံပါတ် (၁၅ )နေရာ၌လည်းကောင်း ရပ်တည်နေကြောင်း သိရသည်။
အနောက် အာဖရိက နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ Niger ၏ Goure ၊ Diffa နှင့် N’Guigmi မြို့များမှာ အမှတ်စဉ် ၂၊၃၊၄ နေရာများမှာ ရပ်တည်လိက်ရှိကြောင်း သိရသည်။
