Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeNewsLocal Newsကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “Myanmar Be Enchanted (စွဲမက်ဖွယ်ရာပြည်မြန်မာ)” Short Video ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထား

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ် “Myanmar Be Enchanted (စွဲမက်ဖွယ်ရာပြည်မြန်မာ)” Short Video ပြိုင်ပွဲကျင်းပသွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသူမြန်မာနိုင်ငံသားအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပထမဆုရရှိသူအား ငွေကျပ် (၁၅) သိန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားချက်အရ သိရသည်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် Short Video ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထူးချွန်ထက်မြက်သော Video ပညာရှင်များပေါ် ထွန်းလာရေး၊ ဆုရရှိသော Video များ ပြသခြင်းဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ခရီးစဉ်ဒေသ၊ ခရီးသွားဆွဲဆောင်မှုများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပွဲတော်များနှင့် မြန်မာ့ရိုးရာအစားအစာများကို ဖော်ထုတ်မြှင့်တင်ရန် ရည်ရွ ယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်ခွင့်လက်ခံမည့်ကာလသည် ဇွန်လ (၂၆) ရက်မှ ဩဂုတ်လ (၁၆) ရက်အထိဖြစ်ပြီး စိစစ်ရွေးချယ်မည့်ကာလအဖြစ် ဩဂုတ်လ (၂၂) ရက်မှ (၂၇)ရက်အထိဖြစ်ကာ ဆုရရှိသူများအား စက်တင်ဘာလ (၆) ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။

ဆုချီးမြှင့်ရာတွင် ပထမဆုအတွက် ကျပ် (၁၅) သိန်း၊ ဒုတိယဆုအတွက် ကျပ် (၁၂) သိန်း၊ တတိယဆုအတွက် ကျပ် (၁၀) သိန်းနှင့် နှစ်သိမ့်ဆု (၅) ဆုအတွက် တစ်ဆုလျှင် ကျပ် (၃) သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ခွင့်ပုံစံနှင့် စည်းကမ်းချက်များကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website ဖြစ်သော https://to urism.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲဝင်ခွင့်ပုံစံများကို ဖော်ပြပါ QR Code ကို Scan ဖတ်၍လည်းကောင်း၊ https://mohtard.by.video တွင် လည်းကောင်း Download ရယူနိုင်ကြောင်း အသိပေးထားသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဖုန်း၊ ၀၉-၄၂၀၇၂၃၇၅၁၊ ၀၆၇ -၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

ပြိုင်ပွဲတွင် ဆုရရှိသူများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Website ဖြစ်သော https://tourism.gov.m m တွင် ကြေညာပေးသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရရှိသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်တွင် ကျင်းပမည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနား၌ ဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ယှဉ်ပြိုင်မှုခေါင်းစဉ်နှင့် ရိုက်ကူးချက်များကို မြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ပါဝင်သူများအားလုံးသည် အသက် (၁၈) နှစ်အထက် ဝါသနာရှင်များသာ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကာ ပြိုင်ပွဲဝင်တစ်ဦး/တစ်ဖွဲ့လျှင် Video တစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်သူများသည် Video တွင် အသုံးပြုထားသည့် မည်သည့်အကြောင်းအရာ (ဂီတ၊ ရုပ်ပုံ၊ Video များအပါအဝင်) အတွက် လိုအပ်သော အချက်အလက်များနှင့် ခွင့်ပြုချက်များကို ကိုင်ဆောင်ထားရမည်ဖြစ်ပြီး Video သည် မူပိုင်ခွင့်ချိုးဖောက်မှု ကင်းစင်ရမည်ဖြစ်ကာ မူပိုင်ခွင့်ဥပဒေများကို ချိုးဖောက်သော အကြောင်းအရာများ တွေ့ရှိရပါက ဖယ်ရှားပစ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ အနေဖြင့် ရိုက်ကူးတည်းဖြတ်ထားမှုကို နေပြည်တော်ရှိ ရုံးအမှတ် (၃၃)၊ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲသို့ ပေးပို့ရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071