Friday, June 20, 2025

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...

အာဏာသိမ်းနိုင်သည်ဟု စိုးရိမ်လာကြပြီးနောက် စည်းလုံးညီညွတ်ကြရန် ထိုင်းစစ်တပ်...

စစ်တပ်ကအာဏာသိမ်းနိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုနေကြစဉ် ဒီမိုကရေစီနှင့် နိုင်ငံတော် အချုပ်အခြာအာဏာအတွက် ၎င်း၏ကတိကဝတ်ကို ထိုင်းစစ်တပ် အကြီးအကဲက ထပ်လေ-ာင်းအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများအနေဖြင့် စည်းလုံးညီညွတ်ကြရန် တို-က်တွန်းလိုက်သည်။ နိုင်ငံတော်...

ကားကြီးတစ်စီးဖြ-တ်မောင်းစဥ် နမ့်ကော်တံတားကျိုးကျခဲ့

ရှမ်းပြည်နယ်၊ မိုင်းလုံ-ကျောက်မဲသွားကားလမ်းပေါ်ရှိ နမ့်ကော်တံတားသည် ယနေ့ ဇွန် ၂၀ ရက် နံနက်ပိုင်းက ကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်စဥ် ကျိုးကျသွားခဲ့ကြောင်း သိရသည်။ အဆိုပါ နမ့်ကော်တံတားသည် ယခင်ကပင်...
HomeArticlesကဗျာဆရာနှင့် စကားပြောခြင်း

ကဗျာဆရာနှင့် စကားပြောခြင်း

ကဗျာ ဆိုတာရှိတယ်။ ဘာကြောင့်ပြောနိုင် သတုံး၊ ရှင်းပ။လူနဲ့တရားဓမ္မ ဆက်သွယ်မိတဲ့အခါ ကဗျာ ဆိုတာ ဖြစ်ပေါ်လာနိုင်တယ်။
ကဗျာဆိုတာ အဲသလိုလား။မဟုတ်ပါ။ လိမ္မာပါးနပ်တဲ့ ကဗျာဆရာတွေ ကတော့ မိခင်က သားငယ်ကိုချော့သိပ်တဲ့ အိုအို အေးအေးသားချော့တေးသံကို ကဗျာလို့ မှတ်ယူကြ တယ်။

ကဗျာကို ဘယ်လိုတွေ့ရှိနိုင်သလဲ။ ကဗျာဟာ ဘာသာစကားနဲ့ လူသားရဲ့ဘဝဖြစ် ထွေကို ဖော်ပြတာပဲ။ဘာသာစကားမရှိဘဲ ကဗျာရှိနိုင်သလား။ဒါကိုစူးစမ်းရှာဖွေနေတဲ့ ကဗျာဆရာတွေရှိ တယ်။ ‘သဘော’ လေး တစ်ခုမျှပဲ။ နို့ပေမဲ့ ကျုပ်က တော့ဖြင့် ဘာသာစကားကို အသုံးပြုပြီး ကဗျာ ဖန်တီးရတာကို မွေ့လျော်တယ်။

ကဗျာကိုပြုလုပ်ရတဲ့အခါ ဘယ်လိုအခက်အခဲ တွေ ရှိသလဲ။ ကဗျာကိုပြုလုပ်ရတဲ့အခါ မိမိကိုယ်ကို ယုံ ကြည်မှုရှိဖို့လိုတယ်။ အဲဒါ အခက်အခဲတစ်ခုပဲ။ ကျုပ်တော့ဖြင့် မိမိကိုယ်ကို ယုံကြည်မှုမရှိရင် ကဗျာမရေးနိုင်ဘူး။

ကဗျာဆရာမှာ တာဝန်ရှိသလား။ကဗျာဆရာဟာ လူသားတစ်ယောက်ပဲ။ လူသားတစ်ယောက်ဖြစ်လို့ သူ့မှာတာဝန်ရှိတယ်။
ဘယ်လိုတာဝန်တွေလဲ။ မိဘမဲ့ကလေးတစ်ယောက်ရဲ့ ငိုသံကို နားထောင်ဖို့၊ ခြေ ထောက် တစ်ဖက်ပြတ်နေတဲ့ သူတစ်ယောက်ရဲ့ လမ်းလျှောက်ပုံကိုစူးစမ်းဖို့၊ ဆောင်းတွင်းကြီး စောင်အလုံအလောက်မရှိလို့ တုန်ချမ်းနေတဲ့ မိသားစုကို အနွေးဓာတ်ပေးဖို့၊ အိပ်မောကျနေတဲ့ မျှော်လင့်ချက်တွေကို နှိုးပေးဖို့ပေါ့။ အထက်က မေးခွန်းကို နောက်ထပ်ပုံစံတစ်မျိုး နဲ့ ပြန်ဖြေရရင် လူ့အဖြစ်ကို ဖွင့်ဟပြောပြဖို့ပါပဲ။

ကဗျာထဲမှာ ဘာတွေပါ သလဲ။ကဗျာထဲမှာ သိမှုတန်ဖိုးပါတယ်။ ကဗျာထဲမှာ စာရိတ္တ တန်ဖိုးပါတယ်။ ကဗျာထဲမှာ ဆင်ခြင်တုံ တရားတန်ဖိုးပါတယ်။ ပြီးတော့ ကဗျာထဲမှာ နာကျင်မှုတန်ဖိုးလည်း ပါတယ်။

အဲဒါတွေကို ဘယ်လိုသိနိုင်မလဲ။အခုခင်ဗျားကျုပ်ကို ဒီမေးခွန်းမေးပြီ၊ ခင်ဗျားဖတ်ရှုမယ့် စာအုပ်တွေထဲမှာ အဲဒီတန်ဖိုး တွေ ရှာဖွေကြည့်ပါ။ ကဗျာဆရာတွေဟာ အရက်သမားတွေ မဟုတ်လား။ ခင်ဗျားမှတ်ချက်ပြုတာ မဆိုး ပါဘူး။ ခေတ်ကြီးဟာ နာကျင်နေတဲ့ ကဗျာဆရာ တွေ အမြောက်အမြားထားရစ်ခဲ့တယ်။ သူတို့ နာကျင်မှုက သက်သာရာရအောင် အဲဒီလိုနေ ထိုင်ရတာဖြစ်လိမ့်မယ်။

ခေတ်ကြီးဆိုတာ ဘာကို ပြောတာလဲ။ ကျုပ်ဒီကိစ္စ ရှင်းမပြတတ်ဘူး။ ဒါပေမဲ့ နာကျင်နေတဲ့ကဗျာဆရာတွေ အမြောက်အမြား သူက ထားရစ်သွားတာပါ။ ခင်ဗျားကသွယ်ဝိုက်ပြီး ပြောနေတာမဟုတ် လား။ကျုပ်က ဘာသာစကားကို အသုံးပြုပြီး ပြောပြခြင်းမျှသာ ဖြစ်ပါတယ်။

ကဲ ခင်ဗျားက ခေတ်ကြီးကို ဘယ်လို သဘောရလဲ။ကျုပ်ဖြစ်ချင်တာ၊ မျှော်လင့်တာကတော့ ဆင်ခြင်တုံ တရားကြီးစိုးတဲ့ ခေတ်ကြီးပေါ့။

အခုအဲဒီခေတ်ကြီး စတင်နေပြီလား။ကျုပ်တို့နောက်တစ်ခေါက်ဆုံမှ ဆက်ပြော ကြတာပေါ့။

နေမျိုး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071