Wednesday, June 24, 2026

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို...

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့်...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃...
HomeInternationalကန်-တရုတ်တင်းမာစဉ် ဥရောပ-အာရှ ညီညွတ်ရန်...

ကန်-တရုတ်တင်းမာစဉ် ဥရောပ-အာရှ ညီညွတ်ရန် မက်ခရွန် တိုက်တွန်း

ဥရောပနှင့် အာရှသည် ခိုင်မာအားကောင်းသော မဟာမိတ်ဖွဲ့ရန်နှင့် အမေရိကနှင့် တရုတ်အကြား အကွဲအပြဲအတွင်း မကျရောက်ရေးကိုရှောင်ရှားရန် ပြင်သစ်သမ္မတ အီမန်နျူဝယ် မက်ခရွန်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

စင်ကာပူတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ကာကွယ်ရေးဖိုရမ် ရှန်ဂရီလာဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ကြီးထွားလာသော အမေရိက-တရုတ် ပြိုင်ဆိုင်မှုမှပေါ်ပေါက်လာသည့် ကန့်သတ်ချက်များနှင့် ဘေးထွက်ဆိုးကျိုးများကို တန်ပြန်ရန်အတွက် မဟာမိတ်အသစ်ဖွဲ့စည်းရန် တက်ရောက်လာသော အင်ဒို-ပစိဖိတ်နိုင်ငံများ၏ ဝန်ကြီးချုပ်များနှင့် ကာကွယ်ရေးဝန်ကြီးများကို မက်ခရွန်က အထက်ပါအတိုင်းတိုက်တွန်းခဲ့သည်။

ပြင်သစ်သည် အမေရိကန်ပြည်ထောင်စု၏ မိတ်ဆွေ၊ မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီး တစ်ခါတရံတွင် တရုတ်နှင့် သဘောထားကွဲလွဲမှု၊ ပြိုင်ဆိုင်မှုရှိလျှင်ပင် မိတ်ဆွေနိုင်ငံအဖြစ် ပူးပေါင်းဆောင်ရွက်ကြောင်း မက်ခရွန်က ပြောကြားလိုက်ပြီး မိမိတို့အကျိုးစီးပွားနှင့် ကိုက်ညီသော ကိစ္စရပ်များတွင် ထိုသို့လုပ်ဆောင်သည်ဟု ဆက်လက်ပြောကြားခဲ့သည်။

စူပါပါဝါနှစ်နိုင်ငံအကြား သဘောထားကွဲလွဲခြင်းသည် ကမ္ဘာကြီးကရင်ဆိုင်ရမည့် အဓိကအန္တရာယ်ဖြစ်သည်ဟု မက်ခရွန်က ပြောသည်။

ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများသို့လည်း သွားရောက်ခဲ့သည့် ဒေသတွင်းခရီးစဉ်တွင် မက်ခရွန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲနှင့် ပေကျင်းနှင့် ဆက်လက်ဖြစ်ပေါ်နေသည့် ပထဝီနိုင်ငံရေး အငြင်းပွားမှုများကြောင့် ကတိကဝတ်ထားရှိမှုများ ပျ-က်စီးလာမည်ကို စိုးရိမ်သော ဥရောပနိုင်ငံခေါင်းဆောင်သည် အခြားနိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းနေသည်။

စည်းကြပ်ခွန်သစ်များနှင့် ကုန်သွယ်မှုတွင် စည်းမျဉ်းအခြေပြု အစီအစဉ်အဆုံးသတ်ခြင်း၏ မှန်းဆမရမှုကြောင့် အာဆီယံနှင့် ဥရောပကို သက်ရောက်မှုရှိခဲ့ကြောင်း မက်ခရွန်ကပြောကြားခဲ့ပြီး ယင်းသည် နိုင်ငံများ၏ စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာ အားထုတ်မှုများအတွက် ငွေကြေးထည့်ဝင်နိုင်စွမ်းအပေါ်ကို အကျိုး သက်ရောက်လိမ့်မည်ဟု မက်ခရွန်က သတိပေးသည်။

မကြာခင်က စည်းကြပ်ခွန်များနှင့်ပတ်သက်၍ ယာယီပြေငြိမ်းမှုများ ရခဲ့သော်လည်း တရုတ်နှင့် အမေရိကအကြား တင်းမာမှုများ တဖန်ပြန်လည်ဖြစ်ပွားလာချိန်တွင် မက်ခရွန်က ဒေသတွင်းနှင့် ပြန်လည်ထိတွေ့ဆက်ဆံမှု လုပ်လာခြင်းဖြစ်သည်။

Ref: စီအင်န်ဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-ဗီယက်နမ် နယ်စပ်ဂိတ်များ၏ ခေတ်မီကုန်သွယ်ရေးစနစ်က ဒေသတွင်းကုန်သွယ်မှုကို အရှိန်မြှင့်တင်နေ

တရုတ်နိုင်ငံ ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချုံကျို (Chongzuo) နှင့် ပင်းရှန်း (Pingxiang) မြို့များသည် တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေး၏ အရေးပါသော အချက်အချာဒေသများအဖြစ် ဖွံ့ဖြိုးလာနေပြီး ခေတ်မီစမတ်နည်းပညာများ အသုံးပြုထားသည့် နယ်စပ်ဂိတ်စနစ်များက ဒေသတွင်းကုန်စည်စီးဆင်းမှုကို ပိုမိုမြန်ဆန်ထိရောက်စေလျက်ရှိကြောင်း သိရသည်။ ချုံကျိုမြို့သည် တရုတ်နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက်အများဆုံးရှိသည့် မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နေသည့် စီးပွားရေးအချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ယင်းမြို့အတွင်းရှိ ပင်းရှန်းမြို့မှာ ဗီယက်နမ်နိုင်ငံနှင့် တိုက်ရိုက်ထိစပ်နေပြီး “တရုတ်နိုင်ငံ၏ တောင်ဘက်တံခါးပေါက်” ဟု လူသိများသည်။ ပင်းရှန်းမြို့သည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်၊...

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။ လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။ “ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071