Saturday, June 21, 2025

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ မြင့်တက်နိုင်ဟု မိုး/ဇလအသိပေး

ချင်းတွင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည်...

ASEAN-Korea Startup Innovation Week...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်မှ (၂၄) ရက်နေ့အထိ"ASEAN-Korea Startup Innovation Week 2025"...

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ...

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားမဝင်စက်သုံးဆီ သယ်ဆောင်ခြင်းများ မပြုလုပ်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ညွှန်ကြားခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်သုံးဆီသယ်ယူဖြန့်ဖြူးရောင်းချခြင်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ (၂၀) ရက်၊ နံနက်ပိုင်းက...

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...
HomeCelebrities' Newsကန့်သတ်မှုလေးတွေ အခုထိရှိနေသေးပေမယ့် မိန်းကလေးတွေလည်း...

ကန့်သတ်မှုလေးတွေ အခုထိရှိနေသေးပေမယ့် မိန်းကလေးတွေလည်း ယောင်္ကျားလေးတွေနဲ့ တန်းတူ ရင်ပေါင်တန်းနိုင်တယ် ရွှေအိမ်စည်

အနုပညာလမ်းကြောင်းအစမှာ မော်ဒယ်လ်တစ်ယောက်အဖြစ်ကနေစတင် ဝင်ရောက်လာခဲ့ပြီး အခုနှစ်ပိုင်းတွေမှာတော့ ထူးခြားတဲ့ဓါတ်ပုံရိုက်ကူး မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့လက်ခံအားပေးမှကို ရရှိလာသူကတော့ မော်ဒယ်လ် ရွှေအိမ်စည်ပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ မော်ဒယ်လ်တစ်ယောက် အနေနဲ့အပြိုင် သရုပ်ဆောင်အလုပ်တွေကိုလည်း ရွှေအိမ်စည်က တွဲဖက်လုပ် ကိုင်နေပြီဖြစ်ပါတယ်။ အသက်၁၉ နှစ်သာရှိသေးတဲ့ ရွှေအိမ်စည်အတွက်တော့ အနုပညာအလုပ်တွေ လုပ်ကိုင်ချိန်မှာ အခက်အခဲတွေ၊ ပြဿနာတွေလည်း များစွာကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုကြုံတွေ့ခဲ့သမျှတွေက သင်ခန်းစာလို့ပဲခံယူတယ် ဆိုတဲ့ ရွှေအိမ်စည်အတွက်တော့ အောင်မြင်မှုရဲ့နောက်ကွယ်က ရွှေအိမ်စည်ရဲ့ စိတ်ဓါတ်နဲ့ ခံယူချက်တွေက..

“အနုပညာလောကထဲကို စတင်ကတည်းက အခုအချိန်အထိ ကြိုးစားမှု တွေက နေ့စဉ်နဲ့အမျှပါပဲ။ ဒါပေမဲ့ အောင်မြင်မှုအတွက် ကြိုးစားမှုထက်စာရင် အဓိကကျတာက mind set လို့ပဲ အိမ်စည်ထင်ပါတယ်။ တစ်ခါတလေမှာလူ တစ်ယောက်က နှစ်ရှည်လများ တအားကြိုးစားတယ်။ ဒါပေမဲ့ မစဉ်းစားဘူးပေါ့။ အဲဒီလိုမျိုးတွေကျရင် သူတို့ကိုသူတို့ ပြန်စဉ်းစားတဲ့ အခါငါ့လောက်မကြိုးစားတဲ့ လူတွေက ဘာလို့ ငါ့ထက်အရှေ့ရောက် နေလဲဆိုတာမျိုးကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည်သင့်တယ်။ တစ်ခါတလေကျရင် ခန္ဓာကိုယ်အင်အားကိုပဲသုံးပြီး တအားကြီးကြိုးစားလည်း မအောင်မြင်နိုင်သလို၊ ဦးနှောက်ကိုပဲသုံးပြီး အင် အားမထည့်ပြန်ရင်လည်း မအောင်မြင်နိုင်ပါဘူး။ အိမ်စည်က အခုဆိုရင် အသက် ၁၉ နှစ်ပြည့်ပြီးပါပြီ။  အိမ်စည်အနေနဲ့တော့ အဲဒါနှစ်ခုလုံးကို ချင့်ချိန် ပြီး စဉ်းစားပါတယ်။ အိမ်စည်ကိုယ်တိုင်လည်း အတိုင်းအတာတစ်ခုအထိ ဒီလိုလုပ်ခဲ့လို့ လက်ရှိဒီအခြေအနေကိုရောက်ရှိလာတယ်လို့ထင်ပါတယ်”လို့ ရွှေအိမ်စည်က ပြောပြပါတယ်။  လက်ရှိအချိန်မှာ အမျိုးသမီးများကလည်း နယ်ပယ်အသီးသီးမှာ အမျိုး သားများနဲ့တန်းတူ ရင်ပေါင်တန်းကာ လုပ်ငန်းဆောင်တာများကိုလုပ်ဆောင် နေကြသလို ဟိုးယခင်အချိန်များထက်ကစာရင်လည်း အမျိုးသမီးများအတွက် အခွင့်အလမ်းများ ပွင့်လင်းလာတာကိုတွေ့ရပါတယ်။

ဒီအပေါ်မှာ အမျိုး သမီးများ ရဲ့ လုပ်ဆောင်ရည်၊ အခွင့် အလမ်း များနဲ့ပက်သက်ပြီး မြန်မာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မော်ဒယ်လ်ရွှေအိမ်စည် ရဲ့အမြင် က…

“အခုလက်ရှိအချိန်မှာလည်း  မိန်းကလေးတွေက ယောက်ျား လေးတွေနဲ့ တန်းတူရင်ပေါင် တန်းနိုင် တယ်လို့ အိမ်စည်မြင် တယ်။ ဒါပေမဲ့ ပြည်ပနိုင်ငံတွေ မှာလည်းအခုအချိန်အထိ ဆရာ ဝန်ချင်း တူတာတောင်မှ မိန်း ကလေးဆိုရင် စပောနညအ ရတာ နည်းနေတုန်းပဲ။ ဒီလိုမျိုး သတ်မှတ် တာက သတ်မှတ်တာတစ်ကြောင်း ပါ။ အိမ်စည်အနေနဲ့ ပြောချင်တာက ကိုယ်လုပ်ရင်တော့ လုပ်သလောက်ရ မှာပါပဲ။ နောက်တစ်ခုက ကိုယ်လုပ်တဲ့အ လုပ်အပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာ-မိန်းကလေးတွေ အများစုက ဟင်းချက်တော်ရင် ယောက်ျားလေး တိုင်းတော့ မဖြစ်နိုင်သလိုမိန်းကလေး တွေကလည်း ဆောက်လုပ်ရေးလိုမျိုး လုပ်ငန်းတွေအပိုင်းမှာ လူတိုင်းမတော် နိုင်ဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် ရဲ့ Quality ပေါ်မှာပဲမူတည်ပါတယ်။ တကယ်တမ်း မိန်းကလေး တွေက ယောင်္ကျား လေးတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင် သလားဆိုရင် သူ့နေရာနဲ့သူတော့တန်းနိုင် တယ်လို့ပဲ အိမ်စည်ထင်ပါတယ်” လို့ မော်ဒယ်လ် ရွှေအိမ်စည်က ပြောပြပါတယ်။

ရွှေအိမ်စည်က ဇန်နဝါရီလ ၁၇ရက်နေ့မှာ လွင်မိုး၊ လူမင်း၊ ပြေတီဦး၊နေတိုး၊ စိုးမြတ်သူဇာတို့နဲ့အတူ လူကြီး လူကောင်းများလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

မြတ်မိုးပွင့်

ဓါတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071