Friday, May 29, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeNewsLocal Newsကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်း တူရကီနိုင်ငံသား...

ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်း တူရကီနိုင်ငံသား ဖိုက်တာ ရှာမေးလ်အာဒိုဂန်ဖြင့် ထိုးသ-တ်မည်

ONE ၏ ပွဲစဉ်များဖြင့် ဝေးကွာနေသော မြန်မာစပါးအုံးဟု တင်စားခေါ်ဝေါ် ခံရသည့် ကချင်တိုင်းရင်းသားဖိုက်တာ အောင်လအန်ဆန်းသည် လာမည့် စက်တင်ဘာလ(၆) ရက်တွင် တူရကီနိုင်ငံသားဖိုက်တာ ရှာမေးလ် အာဒိုဂန် ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်လာပြီ ဖြစ်သည်။

ပြိုင်ဘက်နှစ်ဦးအနေဖြင့် အမေရိကန်နိုင်ငံ ဒန်ဗာမြို့တွင် ကျင်းပပြုလုပ်မည့် ONE 168 ပွဲစဉ်၏ ခြောက်ထောင့် ကြိုး ဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း အောင်လအန်ဆန်း၏ ပထမဆုံးပွဲစဉ်တစ်ခုလည်းဖြစ်သည်။

တူရကီနိုင်ငံသားဖိုက်တာ ရှာမေးလ် အာဒိုဂန် က အောင်လအန်ဆန်အား နှစ်ချီမပြည့်ခင် အလဲထိုး သွားမည်ဟု ကြုံးဝါးထားသလို အောင်လအန်ဆန်းဘက်ကလည်း သုံးချီအတွင်း အမြန်ပွဲသိမ်းနိုင်ရန် ကြိုးစားလေ့ကျင့် ပြင်ဆင်နေသည်ဟု ဆိုထားသည်။

အာဒိုဂန်နှင့် ထိုးသ-တ်မည့် ယခု ပွဲစဉ်သည် အောင်လအန်ဆန်းအတွက် အရေးကြီးထိုးသ-တ်ရမည့် ပွဲစဉ်တစ်ခုဖြစ်ပြီးယင်းပွဲကို အနိုင်ရရှိပါက မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပါတ်လုပွဲအတွက် ဆုံးဖြတ်ချက်ချသွားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် တွဲဆိုင်း(၁၂) ဆိုင်း ပါဝင်မည်ဖြစ်ကာ ခေါင်တွဲဆိုင်းအနေဖြင့် ဂျိုနသန် ဟက်ကာတီ၏ ဘမ်တန်ဝိတ်တန်း မွေထိုင်းခါးပတ်ကို စူပါလတ်က စိန်ခေါ်ထိုးသွားမည်ဖြစ်ကာ ဒုတိယခေါင်တွဲဆိုင်းတွင် ကိတ်ရူလိုတိုလိုနှင့် မိုက်ကီတို၏ Submission Grappling ချန်ပီယံပွဲစဉ် တို့ ပါဝင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို တိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ တွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသ တင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချ ထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉ ရက်တွင် ဖက်ခွက်များပြုလုပ်ကြီး ဆွမ်းဟင်းလောင်းလှူမည့်အလှူရှင်များထံလိုက်လံပို့ဆောင်ပေးကြကြောင်း သိရသည်။ " ဆွမ်းဟင်းလောင်းလှူဖို့အတွက် ဖက်ခွက်ပေါင်း (၅,၀၀၀)ကျော်လုပ်ရပါတယ်။ ရိုးရာအစဥ်အလာအ တိုင်း အလှူရှင်တွေက ဆွမ်းဟင်းတွေကို ဖက်ခွက်နဲ့လောင်းလှူကြမှာပါ"ဟု မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။ နယုန်လပြည့်နေ့နံနက်ပိုင်းတွင် အလှူရှင်များက မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး (၂၀၀)ကျော်ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ နေတန်ယာဟု ညွှန်ကြားထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက "လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071