Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeEntertainmentEntertainment Eventရုပ်ရှင် သက်ကြီးပူဇော်ပွဲနဲ့ ရုပ်ရှင်လောကသားတို့ရဲ့...

ရုပ်ရှင် သက်ကြီးပူဇော်ပွဲနဲ့ ရုပ်ရှင်လောကသားတို့ရဲ့ ကြည်နူးပီတိ

မြန်မာ့ရုပ်ရှင်နေ့ အခမ်း အ နားနှင့် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့ရှိ နှင်းဆီကုန်း ဘိုးဘွားရိပ်သာတွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခုနှစ်မှာ လည်း ရုပ်ရှင်လောကသား တော် တော်များများကို တွေ့မြင်ခဲ့ရပြီး သက်ကြီး အနုပညာရှင်တွေ ကိုလည်း စုံလင်စွာ တွေ့မြင်ခဲ့ရပါတယ်။ ဒီပွဲ က ရုပ်ရှင်လောကသားတွေ အားလုံး အတွက် အထိမ်းအမှတ် ဖြစ်စရာ ပွဲတစ်ပွဲ ဖြစ်တဲ့ အတွက်လည်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး အနေနဲ့ နှစ်စဉ် စည်ကားသိုက်မြိုက် စွာ ကျင်းပ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါ တယ်။ အခုနှစ်မှာ ပြုလုပ်တဲ့ ရုပ်ရှင် သက်ကြီး ပူဇော်ပွဲအပေါ် တက် ရောက် လာခဲ့ကြတဲ့ အနုပညာရှင်တို့ ရဲ့ ကြည်နူးပီတိစကားသံများ ကို စုစည်းဖော်ပြပေးလိုက်ပါ တယ်။

ပြေတီဦး
အစ်ကိုတို့ သက်ကြီးဝါကြီး အနုပညာရှင်တွေကို ကန်တော့တဲ့ပွဲလေး မှာ စတုဒိသာ အနေနဲ့ ပါဝင်ပြီး ကျွေးဖြစ် တာပါ။ ပျော်ဖို့လည်း ကောင်းပါတယ်။ ဒီနှစ်က ဆိုင်တွေ လည်း အများကြီးပဲ။ ကန်တော့တဲ့ နေရာလေးလည်း အဆင်ပြေတော့ အားလုံးအဆင်ပြေပါတယ်။

နေတိုး
ဒီနှစ်က ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ထူးခြားတယ်လို့ ထင်ပါတယ်။ သရုပ်ဆောင်တွေ ပိုများတယ်လို့ ထင်တယ်။ နေရာကလည်း ပိုအဆင်ပြေသွားတယ် လို့ခံစားမိပါတယ်။ကျွန်တော်တို့ နှင်းဆီ အဖွဲ့သားတွေကလည်း စတုဒီ သာအနေ နဲ့ကျွေးတယ်ဆိုတော့ ဒီနှစ်ကတော့ အရင် နှစ်တွေထက်စာရင် ကြည်နူးစရာ ပျော်စရာကောင်းပါတယ်။

ဖိုးကျော်

ကျွန်တော့်ရုပ်ရှင် သက်တမ်းတစ်လျှောက်လုံးမှာ ဒီပွဲကိုပထမဆုံး အကြိမ်တက်ဖူးတာပါ။ ဒါကလည်းဦးဌေး (ဇင်ဝိုင်း) ဖိတ်တာလေးကို ကျွန်တော့်ရင်ထဲမှာ ပီတိလေး တစ်ခုနဲ့ ခံစားချက်လေးတစ်ခုနဲ့တစ်မျိုးလေးဖြစ် ပြီးတော့ ကျွန်တော်လာခဲ့တာပါ။ နောက်ပြီးတော့ ဟိုးအရင်တုန်းက ဒါရိုက်တာကြီးတွေ ဇာတ်ညွှန်းရေးဆရာ ကြီးတွေ သရုပ်ဆောင် ကြီးတွေရဲ့အကြောင်းကိုရေးထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ထားတယ်။ အဲဒီ့စာအုပ်ထဲက ဘယ်သူ့ကိုများတွေ့ရမလဲဆို ပြီးလည်း ကျွန်တော့်မျက်စိနဲ့မြင်သွားချင်တာလည်းပါတာပေါ့လေ။ အဲဒီလိုနဲ့ကျွန်တော်လာခဲ့တာပါ။

စိုးသီဟ

ကျွန်တော်တို့ထက် ကြီးရင့်တဲ့ သက်ကြီး အနုပညာရှင်ကြီး တွေကို သွားရောက် ဂါဝရ ပြုရတာဟာ အင်မတန်မွန် မြတ်တဲ့ အလုပ်တစ်ခုပါ။ ကျွန်တော်တို့ အနေနဲ့ အခုလို သက်ကြီး အနုပ ညာရှင်ကြီးတွေကို ကိုယ်တိုင် ကိုယ်ကျ ဂါရရပြုခွင့် ကန်တော့ခွင့်ရတာကိုပဲ အင်မတန် ဝမ်းသာလှပါတယ်။ လူကြီးတွေရဲ့ ဆုံးမသြဝါဒစကားတွေကိုလည်း အမြဲနား ထောင်သွားမှာပါ။

အိန္ဒြာကျော်ဇင်

အစ်မတို့ အနုပညာထဲက သက်ကြီးဝါကြီး အနုပညာရှင်တွေ ကို ကန်တော့ရတာ တအားကို ချစ်စရာ ကောင်းပါတယ်။ နှစ်တိုင်း နီးပါးလည်း ပွဲတက်ဖြစ်အောင် ကြိုးစားပါတယ်။ နှစ်တိုင်းလည်း ပွဲတက်ဖြစ်ပါ တယ်။ ဒီနှစ်က အနုပညာသမားတွေ စုံစုံလင်လင်နဲ့ နောက်ပြီး စတုဒီသာ ကျွေးတာ ကလည်း တအား ပီတိဖြစ်စရာကောင်း ပါတယ်။ အကုန်လုံး အနုပညာ သမားတွေ တစ်ယောက်တစ်မျိုး ကျွေးကြမယ်ဆိုတော့ ကိုပြေတီဦးကလည်း ဝက်သားတုတ်ထိုးကျွေးမယ် ဆိုပြီးကျွေးဖြစ်သွားတာပါ။ ဒီနေ့လေးမှာ အကုန်လုံး ကြည်နူး ကြမယ်။ ပျော်ကြမယ်လို့ ထင်ပါတယ်။

အေးဝတ်ရည်သောင်း

ရုပ်ရှင်ရိုက်တဲ့အချိန်မှာလည်း ကိုယ့်ရဲ့ အဖေခန်း၊ အမေခန်း၊ အဘွားခန်းက သရုပ်ဆောင် ကြတဲ့ ဝါရင့်သက်ကြီး အနုပညာရှင်တွေ ကို ပူဇော်ကန်တော့ ခွင့်ရတယ်။ ကိုယ့်ရဲ့ဆွေမျိုးအရင်းတွေ လိုပဲ ခံစားရတယ်။ ဒါကြောင့်လည်း ဝမ်းသာရတယ်။ အနုပညာ ညီအစ်ကို မောင်နှမတွေကိုလည်း ဒီပွဲလေးမှာ စုစုစည်းစည်းတွေ့ရတယ်။ လှူကြတယ်။ ပျော်ကြတယ်ပေါ့။

မယ်လိုဒီ

အစ်မကဒီနေ့ မုန့်ကျွေးတယ်။ တိုင်းရင်းသား ဆိုင်ကနေမှာကျွေး လိုက်တာ။ ဒီနေ့ပွဲလေးက တော့တော်တော်ကို ပီတိဖြစ်ရပါတယ်။ ဘာလို့လည်းဆိုတော့ သရုပ်ဆောင် လူကြီးတွေက တစ်ချို့ကို ကိုယ်တွေ က မြင်တောင်မမြင်ဖူးဘူး။ တကယ်အမှန်တိုင်း ပြောတာပါ။ သူတို့ သက်ရှိထင်ရှား ရှိတဲ့ အတွက် ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။

နန်းဆုရတီစိုး

နန်းဆုတို့ ငယ်ငယ်ကတည်းက တွေ့ ရတဲ့ အနုပညာရှင်၊ အတတ်ပညာ ရှင်တွေကို ဒီပွဲမှာ မြင်တွေ့ခွင့်ရတယ်။ ဂါရဝပြုခွင့်ရတယ်။ သူတို့က နန်းဆု တို့ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာတွေပါပဲ။ နှင်းဆီကုန်းဘိုးဘွား ရိပ်သာက အဘိုးအဘွားတွေကိုရော၊ အနုပညာရှင်တွေ ကိုရော စတုဒီ သာကျွေးတဲ့ အစီအစဉ်ပါဝင်တော့ ဒီနှစ်ကအစီအစဉ် လည်းကောင်း တယ်။ ပျော်စရာလည်း ကောင်း ပါတယ်။ နန်းဆုဆိုရင် နန်းဆန်တဲ့ ဘူးသီးကြော်ဆိုပြီး စတုဒိသာ ကျွေးပါတယ်။ အားလုံးကလည်း ကိုယ့်နေရာနဲ့ ကိုယ်ကျွေးကြတယ်။ တကယ်ပျော်စရာကောင်းပါတယ်။

သွန်းဆက်

ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို တော့ သွန်းဆက်နှစ်တိုင်း လာရောက်နေကြပါ။ ကိုယ့်လောက သားတွေ ဒီ အချိန်လေးမှာ ဆုံကြ၊ ပျော်ကြတယ်။ စီနီယာ အဘိုး၊ အဘွားတွေနဲ့လည်း ဆုံခွင့်ရတယ်။ ဒါကြောင့်လည်း သွန်းဆက်နှစ်တိုင်း တက်ဖြစ်ပါတယ်။ဒါကြောင့်သွန်းဆက် ဒီနှစ်တော့ ငွေသားပဲ ဘိုးဘွားတွေ အတွက် ကန်တော့ဖြစ်ပါတယ်။ ဒီလို စုံစုံညီညီတွေ့ကြ၊ ဆုံကြတဲ့အတွက်လည်း ပျော်လည်း ပျော်တယ်။ ဝမ်းလည်းဝမ်းသာပါတယ်။

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071