Monday, May 11, 2026

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို...

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်...

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန်...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...
HomeCelebrities' Newsရုပ်ရှင် ထုတ်လုပ်ရေးဘက် ခြေဦးလှည့်ဖို့...

ရုပ်ရှင် ထုတ်လုပ်ရေးဘက် ခြေဦးလှည့်ဖို့ စီစဉ်နေတဲ့ အကယ်ဒမီ ရန်အောင်

၂ဝ၁၈ခုနှစ်အလယ်လောက်မှာ ကျွန်တော်ထုတ်လုပ်သူ လုပ်မလားလို့ စဉ်းစားပါတယ်လို့ ပြောပြလာတဲ့ အနုပညာရှင်ကတော့ အကယ်ဒမီဆုများ ရှင် ရန်အောင်ပဲဖြစ်ပါတယ်။ သူထုတ်လုပ်ရေး လုပ်တော့မယ့် အကြောင်း ကိုတော့ ရန်အောင်က…

“စနစ်ပြောင်းသွားလို့ ရုပ်ရှင်ရုံတွေလည်း အများကြီးဖြစ်လာမယ့် သဘောတရားတွေလည်းရှိတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ရုပ်ရှင် လောက ကြီးက ဦးမော့လာတယ်ပေါ့ဗျာ။ အခုက ကျွန်တော်က ရုပ်ရှင်အလုပ်မှာ သရုပ်ဆောင်ပဲလုပ်တယ်။ နောက်တစ်ခါကျတော့ ထုတ်လုပ်သူ လုပ်မယ်ဆိုရင် ကျွန်တော့်မှာ ကိုယ်ခွဲမရှိဘူး။ ဒီသရုပ်ဆောင် အလုပ်တောင်မှ ကိုယ်ကိုယ်တိုင်အားစိုက်ပြီး  ကိုယ်ကိုယ် တိုင်ကြိုးစားပြီး လုပ်တဲ့အလုပ်ဖြစ်နေလို့။ ထုတ်လုပ် သူလုပ်မယ်ဆိုရင် ကျွန်တော့်မှာ ယုံကြည့်ရမယ်လူ တစ်ယောက်ရှိ ဖို့လိုတယ်။ ကိုယ်တိုင်လည်း လိုက် မကြည့်နိုင်ဘူး။ အဓိကကတော့ အချက်အလက်တွေ အများကြီးကို လိုက်ကြည့်နေစရာ မလိုတော့ဘူး ပေါ့။ အခုဟာက ကျွန်တော့်ရဲ့ ဆရာကြီးတွေ၊ အစ်ကိုတော်တွေနဲ့ တိုင်ပင်နေတာပေါ့လေ။ အရည်အသွေးလည်းရှိရမယ်။ အမြတ်အစွန်း လည်းရှိရမယ်ဆိုတဲ့ ဇာတ်ကားမျိုးကို ရွေး ချယ်ပြီး ရိုက်ကူးမယ် လို့ စီစဉ်ထားတာပေါ့။ သူတို့ ကို ယုံကြည်ပြီးတော့ ပုံအပ်လိုက်မှာပေါ့” လို့ပြော ပါတယ်။ရုပ်ရှင်ဇာတ်ကားကတော့ တောက်လျှောက် ပါဝင်သရုပ်ဆောင် ရိုက်ကူးနေမှာပါလို့ဆိုတဲ့ ရန်အောင်ကို သူက ဂီတဘက်မှာလည်း ထူးချွန်တဲ့ အနုပညာရှင်ဆိုတော့ ဂီတနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ လာမယ့် ၂ဝ၁၈ ခုနှစ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ဖို့ အစီအစဉ်ရှိ၊ မရှိဆိုတဲ့အမေးကို ရန်အောင်က…

“ကျွန်တော်လုပ်ဖို့ရှိပါတယ်။ ရှိုးပွဲရဲ့ ပရိုဂရမ်နဲ့ နာမည် နဲ့ကို စဉ်းစားတုန်းရှိသေးတယ်။ One Man Show လုပ်ဖို့ ရှိတယ်။ နောက်တစ်ခုကလည်း ဆရာကြီးတစ် ယောက်နဲ့ လည်းတွဲဖက်ပြီး သီဆိုဖို့အစီအစဉ်ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

 မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း  

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071