Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeCelebrities' Newsရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမှု...

ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမှု ထွန်းအိန္ဒြာဗိုလ် ငြင်းပယ်လိုက်ရတာ ဘာကြောင့်လဲ

Tun

မိခင်တစ်ဦးဖြစ်တဲ့ သရုပ် ဆောင်ထွန်းအိန္ဒြာဗိုလ်က သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်အပါ အဝင် တခြားကလေးငယ်များ ကြည့်ရှုရန် မသင့်တော်တဲ့ ဇာတ်ရုပ်မျိုးသရုပ်ဆောင်ဖို့ လာ ကမ်းလှမ်းတာကြောင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

“ဇာတ်အကြမ်းပြောတုန်းက လက်ခံထားတယ်။ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဇာတ်လမ်းအတိ အကျပို့လာတဲ့အချိန်ကျတော့ အစ်မ မလုပ်ရဲတဲ့ အခန်းတွေများနေတော့ တောင်းပန်ပြီးနုတ်ထွက်လိုက်တာပါ။ ဒီဇာတ်ကားမှာ အစ်မက အမျိုးသားတစ်ယောက်ရဲ့ နောက်အိမ်ထောင်အမျိုးသမီး။ ဒါကအရေးမကြီးဘူး။ လူ့အသိုင်းအဝိုင်းမှာ တစ်ပင်လဲမူ တစ်ပင်ထူကိစ္စမရှိဘူး။ သူ့ရဲ့ ပထမအိမ်ထောင်နဲ့ရတဲ့ ကလေးနဲ့ အစ်မနဲ့ကျမှရတဲ့ ကလေးလေးနဲ့နှစ်ယောက် မိသားစုဖြစ်တယ်ပေါ့။ သူက အဲဒီကလေးကို တအားနှိမ်ပြီးတော့ ကိုယ့်ကလေးမှ ကိုယ့်ကလေးတအား ဦးစား ပေးတယ်။ ဟိုကလေးကိုကျတော့ ထမင်းတွေမကျွေးဘူး။ အခန်း ပိတ်ထား တယ်။ ရိုက်နှက်တယ်ပေါ့။ မိထွေးဆိုးကြီးပေါ့။ အဓိကပြချင်တာမှာဆိုးတာက ပိုများနေ တယ်။ အဲဒီတော့ သားသားလည်း ကြည့်ဖို့မသင့်တော်ဘူး။ နောက် တစ်ခုက ကလေးတွေအားလုံး အတွက်လည်း အပြစ်ရှိသလိုခံစားရတယ်။ မလုပ် ရဲဘူး။ မလုပ်ရဲတဲ့ စိတ်နဲ့ဆိုတော့ရလဒ်လည်း ကောင်းမှာမဟုတ်ဘူး။ ပီပြင်မှာ လည်း မဟုတ်ဘူး။ အဲဒါနဲ့ အကျိုးအကြောင်းပြောပြပြီး ထုတ်လုပ်သူ ကိုစည်သူ တို့ကို တောင်းပန်လိုက်တယ်။ သူတို့ကလည်း နားလည်ပေးပါတယ်။ မောင်နှမ အရင်း တွေလိုပါပဲ။ သူတို့အတွက်တော့အစ်မအနီးကပ်မှ ဖျက်လိုက်တာမို့ အခက်အခဲ တော့ ဖြစ် ကောင်း ဖြစ်သွားမှာပေါ့လေ။ အဲဒီအတွက်လည်း အစ်မတောင်းပန်ပါတယ်” လို့ ဇာတ်ကားရိုက်ကူးမှု ဖျက်လိုက်တဲ့အကြောင်းကို ထွန်းအိန္ဒြာဗိုလ်ကပြောပြပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကစက်တင်ဘာလထဲမှာ အမေရိကန်နိုင်ငံကိုဖျော်ဖြေရေးသွားဖို့ အတွက်လည်း ဗီဇာလျှောက်ထားပြီး သွားဖြစ်ရင်တော့ တစ်လကြာမယ်လို့လည်း သိရပါ တယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071