Monday, June 23, 2025

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...
HomeCelebrities' Newsရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမှု...

ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမှု ထွန်းအိန္ဒြာဗိုလ် ငြင်းပယ်လိုက်ရတာ ဘာကြောင့်လဲ

Tun

မိခင်တစ်ဦးဖြစ်တဲ့ သရုပ် ဆောင်ထွန်းအိန္ဒြာဗိုလ်က သားဖြစ်သူ အောင်ဗိုလ်ကောင်းသန့်အပါ အဝင် တခြားကလေးငယ်များ ကြည့်ရှုရန် မသင့်တော်တဲ့ ဇာတ်ရုပ်မျိုးသရုပ်ဆောင်ဖို့ လာ ကမ်းလှမ်းတာကြောင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးဖို့အတွက် ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

“ဇာတ်အကြမ်းပြောတုန်းက လက်ခံထားတယ်။ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဇာတ်လမ်းအတိ အကျပို့လာတဲ့အချိန်ကျတော့ အစ်မ မလုပ်ရဲတဲ့ အခန်းတွေများနေတော့ တောင်းပန်ပြီးနုတ်ထွက်လိုက်တာပါ။ ဒီဇာတ်ကားမှာ အစ်မက အမျိုးသားတစ်ယောက်ရဲ့ နောက်အိမ်ထောင်အမျိုးသမီး။ ဒါကအရေးမကြီးဘူး။ လူ့အသိုင်းအဝိုင်းမှာ တစ်ပင်လဲမူ တစ်ပင်ထူကိစ္စမရှိဘူး။ သူ့ရဲ့ ပထမအိမ်ထောင်နဲ့ရတဲ့ ကလေးနဲ့ အစ်မနဲ့ကျမှရတဲ့ ကလေးလေးနဲ့နှစ်ယောက် မိသားစုဖြစ်တယ်ပေါ့။ သူက အဲဒီကလေးကို တအားနှိမ်ပြီးတော့ ကိုယ့်ကလေးမှ ကိုယ့်ကလေးတအား ဦးစား ပေးတယ်။ ဟိုကလေးကိုကျတော့ ထမင်းတွေမကျွေးဘူး။ အခန်း ပိတ်ထား တယ်။ ရိုက်နှက်တယ်ပေါ့။ မိထွေးဆိုးကြီးပေါ့။ အဓိကပြချင်တာမှာဆိုးတာက ပိုများနေ တယ်။ အဲဒီတော့ သားသားလည်း ကြည့်ဖို့မသင့်တော်ဘူး။ နောက် တစ်ခုက ကလေးတွေအားလုံး အတွက်လည်း အပြစ်ရှိသလိုခံစားရတယ်။ မလုပ် ရဲဘူး။ မလုပ်ရဲတဲ့ စိတ်နဲ့ဆိုတော့ရလဒ်လည်း ကောင်းမှာမဟုတ်ဘူး။ ပီပြင်မှာ လည်း မဟုတ်ဘူး။ အဲဒါနဲ့ အကျိုးအကြောင်းပြောပြပြီး ထုတ်လုပ်သူ ကိုစည်သူ တို့ကို တောင်းပန်လိုက်တယ်။ သူတို့ကလည်း နားလည်ပေးပါတယ်။ မောင်နှမ အရင်း တွေလိုပါပဲ။ သူတို့အတွက်တော့အစ်မအနီးကပ်မှ ဖျက်လိုက်တာမို့ အခက်အခဲ တော့ ဖြစ် ကောင်း ဖြစ်သွားမှာပေါ့လေ။ အဲဒီအတွက်လည်း အစ်မတောင်းပန်ပါတယ်” လို့ ဇာတ်ကားရိုက်ကူးမှု ဖျက်လိုက်တဲ့အကြောင်းကို ထွန်းအိန္ဒြာဗိုလ်ကပြောပြပါတယ်။

ထွန်းအိန္ဒြာဗိုလ်ကစက်တင်ဘာလထဲမှာ အမေရိကန်နိုင်ငံကိုဖျော်ဖြေရေးသွားဖို့ အတွက်လည်း ဗီဇာလျှောက်ထားပြီး သွားဖြစ်ရင်တော့ တစ်လကြာမယ်လို့လည်း သိရပါ တယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071