Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeMoviesရုပ်ရှင်အလုပ်အမှုဆောင်သစ်တို့အပေါ်ရုပ်ရှင်လောကသားတို့ရဲ့အကြံပြုစကားများ

ရုပ်ရှင်အလုပ်အမှုဆောင်သစ်တို့အပေါ်ရုပ်ရှင်လောကသားတို့ရဲ့အကြံပြုစကားများ

ရုပ်ရှင်လောကသားတို့ ရွေး ချယ်တင်မြှောက်လိုက်ကြတဲ့ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းအပါအဝင် အလုပ်အမှု ဆောင်သစ် အယောက် ၂ဝကတော့ ပေါ်ပေါက်လာခဲ့ပါပြီ။ စက်တင်ဘာ လ ၂၃ရက်နေ့ နဲ့ ၂၄ရက်နေ့တို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲ မှာ လာရောက်မဲထည့်ကြတဲ့ အနုပ ညာရှင်၊ အတတ်ပညာရှင်တို့ရဲ့ အ သစ်တက်လာမယ့် ရုပ်ရှင်အစည်း အရုံး အလုပ်အမှုဆောင်သစ်တို့ အပေါ် အကြံပြုစကားတွေကို မေး မြန်းစုစည်းတင်ဆက်ပေး လိုက်ပါ တယ်။

ဒါရိုက်တာ မိုက်တီး 

 ပြောစရာကတော့ ဒီမှာက  ရွေးကောက်ခံကိုယ်စားလှယ်က လည်း သိပ်ပြီးတော့ ဒီမှာလာကြတဲ့ သူတော်တော်နည်းတဲ့ ဟာလေးတွေရှိ တယ်နော်။ ပြောစရာထွေထွေ ထူးထူးကတော့ ဥပမာ-တို့ကConstitution မပြင်ရသေးတဲ့ အခါ ကျတော့ Constitution တော်တော်လေး လိုအပ်တဲ့ဟာတွေ ရှိတယ်။ Constitution ဆိုတာကလည်း နီးမှကပ်ပြင်လို့ရတာမဟုတ် ဘူးလေ။ ဒါဟာ လွန်ခဲ့တဲ့အစည်း အရုံး EC များကိုက သူ့ဘာသာ သူ တော်တော်လေးအချိန်ယူပြီးတော့ လုပ်ကြရမယ့်ကိစ္စ။ ဒီဟာတွေက မပြင်တဲ့အခါကျတော့ ဥပမာ- ပြဇာတ်လို အလွှာလိုမျိုးက မဖြစ် သင့်ဘူးပေါ့။ လူ ၂ယောက်ပဲရှိ တော့လေ။ ဒါက ရုပ်ရှင်လောကအတွက် သိပ်ကိုနစ်နာတယ်။ နောက် တစ်ခုကကျတော့သိပ်အသက်ကြီးလွန်းသူများ၊ အသက် ကြီးပြီးတော့ ကျန်းမာရေးပါချို့တဲ့သူများ ဘယ်လို မှ အလုပ်လုပ်ဖို့ မဖြစ်နိုင်ဘူး။ နောက်တစ်ခါသေသေချာချာလုပ်နိုင်တဲ့သူဖြစ်ရမယ်။ စေတနာ လည်း ရှိရမယ်။ လာလုပ်နိုင်ဖို့အခွင့် အရေးတွေ လည်းသူ့မှာ ရှိရမယ်။ သူ့ရဲ့မိသားစုစားဝတ်နေရေး၊ သူ့ရဲ့ အလုပ်အားလုံး အဆင်ပြေနေတဲ့သူ ဖြစ်ရမယ်။ အဲဒီတော့မှ သာလျှင် ဒီကပရဟိတအလုပ်ကို လာလုပ် လို့ရမယ်။ ကိုယ်တိုင်ကမှ စားဝတ်နေရေးမပြေလည်တဲ့သူဆို ရင်ဒီမှာလာပြီးတော့ အရွေးခံ စရာ အကြောင်းမရှိဘူး။ အဲဒီလိုလူမျိုးတွေပါရင် နစ်နာမှာပဲ။ အမှုဆောင်သစ်တွေကို ဘာပြောချင်သလဲဆိုတော့လုပ်နိုင် သလောက်လုပ်ကြပါ။ လိုအပ်တာရှိရင် ဘေးကနေ ဝိုင်းပြီး တော့ အားပေးပါမယ်။

သက်မွန်မြင့် 

 ကိုယ့်လောကကလူတွေ ကောင်း ဖို့အတွက် အားလုံးက ကြိုးစားပြီး လုပ်ဆောင်ပေးကြတဲ့ အတွက်ဝမ်းသာပါတယ်။ ဥက္ကဋ္ဌကဦးဌေး ( ဦးဇင်ဝိုင်း) ဖြစ်သွားတဲ့အတွက် ဝမ်းသာပါ တယ်။ ကျန်းမာရေးလည်း ဂရုစိုက် စေချင်ပါတယ်။ အခုတာဝန်ယူ ရတဲ့အပိုင်းကလည်း တအားအရေးကြီးသွားပြီ။ တာဝန် ကြီးသွားပြီ။ အားလုံး ကလည်း စေတနာအပြည့်နဲ့ဒီတာဝန် ယူထားပြီး ဒီလောကကောင်းကျိုး အတွက် စေတနာထားပြီး လုပ် ဆောင်ပေးကြမှာဆိုတော့ သက်မွန်ဝမ်းသာပါတယ်။ သက်မွန်တို့လောက ကြီးတိုးတက်ဖို့အတွက်ဆိုရင် သူတို့ ကပိုပြီးနားပါတယ်။ သက်မွန်တို့သိတာထက်ကိုသူတို့က အသေးစိတ်သိတယ်။ကဏ္ဍအများကြီးကိုသူတို့နှံ့နှံ့စပ်စပ် သိကြတယ်။ သက်မွန်တို့ကတော့ သူတို့စေတနာအပြည့်နဲ့ လောကကောင်းကျိုး အတွက်အရာရာပေးဆပ်ပြီး လုပ် ဆောင်ပေးသွားမယ်ဆိုတာယုံကြည်ပြီးသားပါ။ သက်မွန် အနေ နဲ့ကတော့ ကိုယ့်လောက သားတွေအတွက် သူတို့ တွေအတွက်အကျိုးရှိမယ်ဆိုရင်ဘယ်ဘက်က နေဖြစ်ဖြစ် အတက်နိုင်ဆုံးဘက်ကနေ ပါဝင်သွားမှာပါ။

ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်

ပြောင်းလဲမှုတွေက အများကြီးတော့မရှိပါဘူး။ ကျွန်တော့်အမြင်မှာ အပြောင်းအလဲက မများသေးဘူး။ မပြောင်းသေးဘူးလို့ ကျွန်တော်ထင်တယ်။ အရင်က လုပ်ခဲ့ဖူးတဲ့သူတွေ ပြန်ပြီး ပါနေတုန်းကို တွေ့ရတယ်။ ကျွန်တော်က ဒီလိုပြောလို့ ==ခင်ဗျားရောလုပ်နိုင်လို့လား++ဆိုရင် ကျွန်တော်လည်း မလုပ်နိုင်ပါဘူး။ ဝန်ခံပါတယ်။ လုပ်ချင်တဲ့၊ လုပ်နိုင် တဲ့ လူတွေအရွေးခံကြတယ်။ ဒါပေမဲ့ တချို့တွေ အရွေးမခံခဲ့ရဘူး။ ဒါ ကြောင့်ပြောင်းသင့်သလောက် တော့ပြောင်းတယ်။ ကျန်နေတုန်းပဲ။ အဲဒီအပေါ်မှာ ကျွန်တော်တို့က အရင်ကဆို မကြိုက်လို့ မသွားဖြစ်ဘူး။ အခုကတော့ ကျွန်တော်တို့ကို ဖိတ်ရင်သွားမှာပါ။ အဆင်သင့်ပါပဲ။ လက်ရှိ လက်ထက်မှာတော့ ရုပ်ရှင်ဥပဒေပေါ်ပေါက်လာမယ်လို့ထင်တယ်။ ဥပဒေအတွက် ဦးဆောင်မယ့် သူတွေပါလာတာကိုတွေ့ရတယ်။ ပြောင်းလဲမှု ကိုတွေ့ရမှာပါ။

ဒါရိုက်တာ ဝိုင်း

ဒါကတော့ ကိုယ့် လော ကသားတစ် ယောက် အနေနဲ့ ကိုယ့် တာဝန် ကိုယ်ကျေ အောင် တော့မဲလာ ထည့်ရတာ ပေါ့။ အဲဒီတော့ ကိုယ်ကြိုက်တဲ့သူကိုပဲ ကိုယ်တိုင်မဲထည့်ခဲ့ပါတယ်။ အမှန် အတိုင်းပြော ရရင်တော့ကျွန်တော် တို့ကရွေးကောက်ပွဲစည်းမျဉ်း စည်းကမ်းနဲ့နှစ်ပေါင်းများစွား ဆွဲထား တဲ့ရုပ်ရှင် အစည်းအရုံး အခြေခံ ဥပဒေကို ပြင်သင့်နေပြီ။ ခေတ် ကာလနဲ့လိုက်လျောညီထွေမှု မရှိ တော့ဘူးလေ။ အဲဒါကို အဓိက ထားပြီးလုပ်ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဥပဒေအ သက်မဝင်သရွေ့ ဘာမှလုပ်လို့မရဘူး။ ပြီးတော့ ကျွန်တော်တို့ ရုပ်ရှင်ဥပဒေကို လွှတ် တော်မှာတင်ဖို့အတွက်ကို အကြိတ် အနယ်လုပ်ရမယ်။ ကျန်တဲ့ ကိစ္စတွေ ကတော့ သူ့ဘာသာ သူလည် ပတ်နေမှာပါ။

မေသန်းနု

အမှုဆောင်သစ်တွေကတော့ ရွေးပြီးသွားပြီ။ အခက်အခဲဆိုတာကလည်း အမြဲရှိနေတာပဲ။ အများအားဖြင့် ဖြန့်ချိရေး အပိုင်းတွေ က ရှုပ်ထွေတယ်လေ။ အမြဲတမ်း ပြ ဿနာတွေကတော့ အတင်မကျတွေ ရှိနေတာပေါ့နော်။ အခုအသစ်မှာ လည်း အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ကြမှာပါ။ ရုပ်ရှင်လောကကတော့ ရှင်းရှင်းပြောရရင်အခြေနေတွေကတော့မကောင်းဘူးပေါ့ နော်။ မကောင်းတဲ့ အခြေနေမှာဆိုရင် အဓိကက ရုပ်ရှင်ဆိုရုပ်ရှင်မှာများနေပြန်ရော ဗီဒီယိုဆို ဗီဒီယိုမှာများနေပြန် ရော။ စီးပွားရေးအနေနဲ့ လုပ်ရတာခက်တယ်။ ငွေရေးကြေးရေးအပိုင်းကျတော့နည်းနည်း ခက်တာပေါ့နော်။ ရင်းနှီး မြှုပ်နှံမှုမှာ ပိုက်ဆံရှာရတာ လည်း ခက်တယ်။ ရုံတင်စနစ်ကြောင့်လည်း ခက်တာပေါ့ နော်။ ရှင်းရှင်းပြောရရင် ဘေးကျပ်နံ ကျပ် အချိန်ကာလကြီးပေါ့နော်။ တအားကောင်းတဲ့ အနေအထား တော့ မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ မဆင့်တို့အနုပညာလောကကြီး အကောင်းဆုံးဖြစ်အောင် တည့် မတ်နေကြတာ။ အားလုံးမှာလည်း တာဝန်ရှိတာပေါ့နော်။ အားလုံးက တော့ အကောင်းဆုံးဖြစ်အောင်အဖြေ ရှာနေကြတာပါပဲ။ အခုတက်လာတဲ့ ဥက္ကဋ္ဌ အသစ်ရော အမှုဆောင်တွေ အားလုံးကလည်း အကောင်းဆုံးဖြစ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လွင်မိုး 

ကိုယ့်ဆန္ဒနဲ့ ကိုယ်မဲပေးခဲ့တာ ဆိုတော့ ဘယ်သူ့ကို မဲပေးခဲ့လဲဆို တာတော့ ကျွန်တော့်အနေနဲ့ ပြောဖို့ မသင့်ပါဘူး။ ပြီးတော့ ယှဉ်ပြိုင်တဲ့ သူအကုန်လုံးကလည်း အချင်းချင်း တွေဖြစ်နေတာကိုး။ တက်လာတဲ့ ဥက္ကဋ္ဌနဲ့အတူ ကျွန်တော်တို့က ရုပ်ရှင်လောကတိုးတက်ဖို့အတွက် ဝန်းရံပေးရမှာပါ။ ကျွန်တော့် အနေနဲ့ကတော့ အခုဆိုနယ်မှာ ရုပ်ရှင်ရုံ တွေ ဆောက်နေတယ်။ ဒါဟာ ရုပ်ရှင် လောကအတွက် တစ်ထောင့် တစ်နေရာကနေ ဝန်းရံပေးနေတာ ပါပဲ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ပွင့် လင်းမြင်သာမှုရှိပါ တယ်။ ပွင့်လင်းမြင်သာမှုကတော့ ဟိုးအရင် ကတည်းကရှိပြီးသားပါ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071