
အဆိုတော် အရိုးက သူ့ရဲ့ ဒုတိယစီးရီးဖြစ်တဲ့ ‘ရုပ်စုံလက်ရာ’ စီးရီးကို အခြားနိုင်ငံခြားဘာသာ တစ်ခုကို ပြောင်းလဲဘာသာပြန်ဆိုပြီး ထုတ်ဝေသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
“အဓိကကတော့ အင်္ဂလိပ် ဘာသာ၊ English Version ကို ပြန်ဆိုပြီး ထုတ်ဝေဖို့အစီအစဉ်ရှိ တယ်။ ပြန်တီး၊ ပြန်ဆိုပေါ့။ အဲဒီလို အစီအစဉ်ရှိတယ်ဆိုတာ အဓိကက တစ်ခုခုအပြောင်းအလဲ လုပ်ကြည့် ချင်တာလည်းပါတယ်။ အထူးသဖြင့် ဒီက (ကျွန်တော်တို့ဆီက) လုပ်တဲ့ စီးရီးတွေကို တစ်စုံတစ်ရာ အခွင့်အရေးရလာတဲ့အချိန်မှာအပြင် (ပြည်ပ)ထိ ဖြန့်ဖို့ဆိုတာ အမြဲတမ်း အစီ အစဉ်ရှိတယ်။ ဟိုတုန်းကလည်း စဉ်းစားပြီးသား။ ဦးကျား (ကျားပေါက်)လည်း အဲဒီလို အစီအစဉ်ရှိတာပဲ။ ကိုဓီရာမိုရ်တို့ဆို လည်း ဒါမျိုးတွေ စဉ်းစားခဲ့တာပဲ။ ဒါတစ်ခုလုပ်မယ်ဆိုရင် အနည်းဆုံး တော့ သူတို့ (ပြည်ပ) ဆီက စက်မှု ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ အတတ်ပညာ တစ်ခုခု တော့ ယူရလိမ့်မယ်ပေါ့။ အခုဒီစီးရီးမှာဆိုရင် အသံဖမ်းတဲ့ စက်မှု အပိုင်းမှာ ပြည်ပက အသံဖမ်းတဲ့ ဆရာတစ်ယောက်က ဖမ်းပေးထား တယ်။ လော လောဆယ်တော့ အင်္ဂလိပ်ဘာသာကို ပြန်ဆိုရေးသား သီဆိုဖို့ရှိတယ်” လို့ အရိုးက သူ့ရဲ့ဘာသာပြန်ဆိုမယ့် စီးရီးအကြောင်းကို ပြောပြပါတယ်။ အရိုးရဲ့ ‘ရုပ်စုံ လက်ရာ’ စီးရီးကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်း ၁၂ ပုဒ် ပါဝင်တဲ့ စီးရီးသစ် တစ်ခွေဖြစ်ပါ တယ်။
ရဲရဲ
