မနက်ဖြန် ဇွန် ၁၁ ရက်နံနက်ပိုင်းတွင်ကျင်းပမည့် တတိ ယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)တွင် ကြယ်ပွင့်ပြမေးခွန်း(၁၅) ခုကိုမေးမြန်းဆွေးနွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။
ဦးသန်းဇော်၊ ပန်းတောင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးခင်အောင်ဝင်း၊ ပန်းတောင်းမြို့နယ်ကိုယ်စား လှယ်အမှတ်(၂)၊ ဦးကျော်စိုး၊ လက်ပံတန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဒေါ်လွယ်လွယ်ဝင်း၊ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးအုန်းသွင်၊ သဲကုန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးအောင်စိုးထက်၊ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးမြစိုး၊ နတ်တလင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးအောင်ကို၊ အုတ်ဖိုမြို့နယ်ကိုယ်စားလှယ်အမှတ် (၁)၊ ဦးသန့်ဇော်မင်း၊ တောင်ငူမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)တို့က ကြယ်ပွင့်ပြမေးခွန်းများမေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းများအား သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန် လည်ဖြေကြားသွားမည်ဖြစ်ကြောင်း သိရသည်။
