Tuesday, April 21, 2026

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind...

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့်...

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...
HomeCelebrities' Newsရိုးသား ကြိုးစားတဲ့ ချစ်သူအကြောင်း...

ရိုးသား ကြိုးစားတဲ့ ချစ်သူအကြောင်း ဘေဘီမောင် ပြောပြ

Baby-Mg-(1)

သရုပ်ဆောင် ဘေဘီမောင်မှာ ချစ်သူရှိနေပြီး ချစ်သူသက်တမ်းကလည်း ၂ နှစ်လောက်ရှိနေပြီလို့သိ ရပါတယ်။ သူ့ရဲ့ချစ်သူက ရိုးသားကြိုးစားတဲ့ ယောက်ျားတစ်ယောက်ဖြစ်ကြောင်းကို ဘေဘီမောင်က အခုလိုပြောပြလာပါတယ်။
“သူကရိုးသားတယ်။ ကြိုးစားတယ်။ အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက်ပေါ့နော်။ ညီမအတွက်က ငွေကြေး တအားချမ်းသာပြီး ပြီးပြည့်စုံစရာမလိုပါဘူး။ တော်တယ်။ အရည်အချင်းရှိတယ်။ အလုပ်ကို ကြိုးစားချင်စိတ် ရှိတယ်။ အလုပ်ကို လုပ်ချင်စိတ်ရှိတဲ့ ယောကျာ်းတစ်ယောက်ဆိုရင် ညီမဘဝအတွက် တအားကို အဆင်ပြေနေပါပြီ။ ရုပ်ချော စရာလည်း မလိုဘူး။ ချမ်းသာစရာလည်း မလိုဘူး။ အလုပ်အကိုင်လေးနဲ့ အရည်အချင်းရှိတဲ့ ယောက်ျားဆိုရင် ညီမ က ချစ်ပါတယ်။ သူကလည်း အဲဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့် သူ့ကိုတအား ချစ်ပါတယ်။ ယုံလည်းယုံချင်တယ် ။ အားလည်း အားကိုးပါတယ်”လို့ ဘေဘီမောင်က ပြောပါတယ်။

သူ့ရဲ့ချစ်သူက သူ့ကို တအားချစ်ပေမယ့်လည်း ချစ်သူကို တအား ချစ်ပြတတ်တဲ့သူမျိုးထဲမှာ မပါတော့ သူ့ကို မချစ်ဘူးလားလို့တောင် စိတ်မှာ ထင်မိကြောင်းကို ဘေဘီမောင်က

“သူကသိပ်ချစ်ပြတတ်တဲ့ အထဲမှာမပါဘူး။ ရိုးပဲရိုးလို့လား မသိဘူး။ သူ့ ပုံစံက တစ်ခါတလေကျ ကိုယ့်ကို မချစ်ဘူးလားလို့တောင် ထင်မိတယ်။ ဒါပေမဲ့ သူကချစ်ပါတယ်။ မချစ်ဘဲနဲ့တော့ သူကိုယ့်အနားမှာ မနေဘူးလေ။ တစ်ခါတလေကျရင်တော့ သဝန်တိုတယ်။ တစ်ခါတလေကျရင်တော့ နား လည်းပေးပါတယ်။ အမြဲတမ်းကြီး သဝန်တိုနေတာမျိုးတော့ မရှိပါဘူး။ သဝန်တိုနေလို့ ရှိရင်လည်း ညီမနဲ့လုံးဝ အဆင်ပြေမှာ မဟုတ်ဘူးလေ။ အခုဆိုလည်း ၂နှစ် လောက်ရှိနေပြီ။ ဒီလိုမျိုးပဲ ပတ်သက်ခဲ့ကြတာ ညီမ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေလည်း အများကြီးပဲ။ မင်းသား ပေါင်းစုံနဲ့လည်း အလုပ်လုပ်ခဲ့တာတွေရှိတယ်လေ။ အဲဒါနဲ့ ပတ်သက် ပြီးတော့ မပြောဘူး။ ဒါပေမဲ့ တစ်ခါတလေကျရင် မော်ဒယ် ဓာတ်ပုံရိုက်တဲ့အခါကျရင် သူမကြိုက်ဖူးဆိုတာ သိလို့ ကိုယ် လည်း မရိုက်ပါဘူး။ ကိုယ့်သူငယ်ချင်း ကောင်လေးတွေ တွေ့ရင်တောင် ဓာတ်ပုံမရိုက်ရဲဘူး။ အဲဒါ သူ့ကိုချစ်လို့ပါ” လို့ ချစ်သူရဲ့ သဝန်တိုတတ်တဲ့ အကြောင်းလေးတွေ ကိုပါ ဖြည့်စွက်ကာ ပြောပြပါတယ်။ ဒီချစ်သူကို ဘဝ လက်တွဲဖော်အဖြစ် ရည်မှန်းထားသလိုနှစ်ယောက် တစ်ဘဝ ထူထောင်ကြတဲ့အခါမှာ ပြည့်စုံမှုရှိဖို့ အတွက်ကိုလည်းအလုပ်တွေကြိုးစား လုပ်ကိုင်နေ ကြောင်းကို ဘေဘီမောင်က….

“ငယ်လည်း ငယ်ပါသေးတယ်။နောက် ပြီးတော့ ကိုယ့်ဘဝက မပြည့်စုံသေးဘူးလေ။ မပြည့်စုံသေးဘဲ သွားထူထောင်လိုက်တဲ့အခါ ကျရင် ဘယ်လောက်ပဲချစ်ချစ် ငွေကြေးမပြည့် စုံတဲ့ အခါကျရင် တစ်ယောက်နဲ့ တစ်ယောက်က အဆင်ပြေကြမှာ မဟုတ်ဘူး။အဲဒါကြောင့် အသက် အရွယ်အရ လည်းကောင်း၊ နောက်ပြီးတော့ ငွေရေး ကြေးရေး အခြေအနေအရ လည်းကောင်း၊ နောက်ပြီး တော့ မိဘကိုလည်း အလုပ်အကျွေးပြုစုချင်သေးတာ လည်းပါတယ်။ ဒါပေမဲ့လည်း အလုပ်တွေ ကြိုးစားနေကြ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071