Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeCelebrities' Newsနှစ် ၂ဝ ပြည့်၊...

နှစ် ၂ဝ ပြည့်၊ နှစ် ၂ဝ အလွန် လူငယ်တို့ ထုဆစ်မယ့် မျှော်လင့်ချက်အိပ်မက် နှင့် ဘဝအောင်မြင်မှု

ppl20

ဇွန်လကတော့ ပေါ်ပြူလာဂျာနယ်ရဲ့ ထုတ်ဝေမှုသက်တမ်းအနှစ် (၂ဝ) ပြည့် အခါသမယပဲဖြစ်ပါတယ်။ အတိတ်ကာလအနှစ် (၂ဝ) ဆီပြန်လှမ်း မျှော်ကြည့်လိုက်ရင်မဆုတ်မနစ်ကြိုးစား စွမ်းဆောင်မှုများဖြင့် အခက်အခဲများကိုလည်း ကျော်ဖြတ်ရင်း၊ အနှစ် (၂ဝ) ကာလအတွင်းမှာ စာဖတ်ပရိသတ်တွေသိချင်နေကြတဲ့ သတင်း ထူးမှန်သမျှကိုဖော်ပြပေးနိုင်ခဲ့ရင်း အသစ်အသစ်သောတင်ဆက်မှုတွေနဲ့ အပတ်စဉ်တိုင်းမှာ ပရိသတ် တွေ အတွက်စာပေတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလိုအနှစ်(၂ဝ)ပြည်တဲ့အချိန်အခါမှာလည်း ပေါ်ပြူလာ ပရိသတ်ကြီးအတွက် တင်ဆက်မှုအသစ်တစ်ခုကို ပေးနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်။

ဒီတင်ဆက်မှုအသစ်ကတော့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေ ကြပြီဖြစ်တဲ့လူငယ်အနုပညာရှင်တွေကို စုစည်းပြီး ‘နှစ်၂ဝပြည့်၊ နှစ်၂ဝအလွန် လူငယ်တို့ထုဆစ်မယ့် မျှော်လင့်ချက်အိမ်မက်နှင့် ဘဝ အောင်မြင်မှု’ ဆိုတဲ့ကဏ္ဍလေးတစ်ခုပုံဖော်ရိုက်ကူးခဲ့ပါတယ်။ ဒီကဏ္ဍမှာတော့ မင်းသွေး၊ G.Fatt၊ X.Box၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ Bobby Soxer (ထက်ထက်) တို့ရဲ့ အောင်မြင်မှုအပေါ်သူတို့ရဲ့ခံယူချက်တွေ၊ အောင်မြင်မှုရရှိအောင်ကြိုးစားခဲ့မှုတွေ၊အောင်မြင်မှုတွေ ဆက်လက်ရရှိဖို့အတွက် သူတို့ရဲ့ရည်မှန်းချက်တွေ အကြောင်း ကို ပရိသတ်တွေအနေနဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။

22

မင်းသွေး

” ကျွန်တော်တို့တွေ အောင်မြင်မှုကိုမရခင် အချိန်မှာ အောင်မြင်မှုရရှိဖို့ အားလုံးကြိုးစားကြတယ်။ အောင်မြင်သွားရင်လည်း ကိုယ်ရပ်တည်နေတဲ့နေရာ တည်တံ့အောင် ဆက်ပြီး ထိန်းသိမ်းကြရတယ်။ ဒါကို ပေါ်ပြူလာဂျာနယ်နဲ့ယှဉ်ပြီးပြောရင် ပေါ်ပြူလာ ရပ်တည်လာတာ နှစ်ပေါင်း ၂ဝ ရှိပြီ။ ကလေးတစ်ယောက်သာဆိုရင် အရွယ်ရောက်လာတဲ့ အချိန် ပေါ့။ ဒီအရွယ်အထိ ထိန်းသိမ်းလာတာဟာ အား လုံးရဲ့ ပေါင်းစည်းမှုကြောင့်လို့ ထင်တယ်။ ကျွန်တော် တို့ အနုပညာသမားတွေကလည်း ဇာတ်ကား တစ်ကား အောင်မြင်ဖို့ ၊ အနုပညာ ဖန်တီးမှု ကောင်းတစ်ခု ဖြစ်ဖို့၊ ပရိသတ်တွေ ရင်ထဲရောက်ဖို့ဆိုတာ တစ်ဦး တစ်ယောက်တည်းအားနဲ့ မရပါဘူး။ အားလုံးရဲ့အားနဲ့မှရတာပါ။ ဒါကြောင့် အောင်မြင်ဖို့ဆိုတာ လည်း ခက်သလို၊ အောင်မြင်မှုကို ထိန်းသိမ်းကြဖို့ ကလည်း ခက်ခဲပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် အောင်မြင်ပြီလို့ မခံယူသေးပါဘူး။ ကြိုးစားဆဲပါပဲ။

အခုခေတ်က အင်တာနက် ခေတ်ဖြစ်တဲ့အတွက် လူတစ်ယောက်ကို အပုပ်ချဖို့ အရမ်းလွယ်တယ်။ သာမန်လူတစ်ယောက်ဆိုရင် စကားကို စောင့်ထိန်း စရာ မလိုဘဲ လွတ်လွတ် လပ်လပ် ပြောလို့ရတဲ့ အပိုင်း တွေရှိတယ်။ ကျွန်တော်တို့ အနုပညာသမားတွေ ကျတော့ လက်လွတ်စပယ် ပြောလိုက်မိရင် ပရိသတ် တွေရဲ့အမြင်မှာ တစ်မျိုးဖြစ်သွားမှာစိုးတဲ့အတွက် အပြောအဆိုကအစ ပိုပြီး စောင့်ထိန်းရတယ်။ ဒီခေတ်ထဲမှာ လူတွေက မကောင်းတာကိုပဲ ပိုပြီးပြော ချင်ကြတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အနုပညာ သမားတွေက ဝီရိယ၊ ဇွဲ၊ စန်းတွေအပြင် ကိုယ့်အလုပ်ပေါ် စေတနာထားပြီး အကောင်းဆုံး ကြိုးစားကြရ တယ်။ အဲဒီလိုမျိုးနဲ့ပဲ ကိုယ်၊ နှုတ် အားလုံးကို ထိန်း သိမ်းကြတယ်။ ကျရှုံးတယ်လို့ ကိုယ်ကိုယ်တိုင်လည်း မခံစားရသရွေ့ ကိုယ် မကျရှုံးဘူးလို့ပဲ ခံယူထားတယ်။ ကျွန်တော့်ရဲ့ ပရိသတ်တွေလည်း ကျွန်တော့်ရဲ့ အနု ပညာလှုပ်ရှားမှုအသစ်တွေ ဒီနှစ်ထဲမှာ ထပ်ပြီးတွေ့ ရဦးမယ်။

21

မိစန္ဒီ

ပရိသတ်တွေ မသိခင်ကတည်းက ကြိုးစားလာခဲ့ ရတဲ့ တစ်လျှောက်မှာ စိတ်ညစ်စရာတွေရော၊ ပျော်စရာတွေရော အများကြီး ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ညီမခံယူထားတာက အဆိုးတွေဆိုရင်လည်း ဒါက အမြဲ ဖြစ်မနေဘူး။ ကောင်းတဲ့အချိန်ဆိုတာလာမှာပဲ။ အကောင်းတွေချည်းပဲလည်း အမြဲဖြစ်မနေဘူး။ စိတ်ညစ်ရမယ့် အချိန်တွေရှိမယ်။ လဲရင်ပြန်ထရမယ် ဆိုတဲ့ စိတ်ကို ထည့်ထားတယ်။အောင်မြင်တယ်ဆို ရင်လည်းပဲ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို လျှော့ချလို့ မရပါဘူး။ ပရိသတ်တွေ လက်ခံလာပြီဆိုတာနဲ့ ကိုယ့် ရဲ့ အားထုတ်မှု၊ ဝမ်းစာကိုလျှော့ချလို့ မရပါဘူး။ ကိုယ့်အနုပညာအရည်အသွေးကို အမြဲလေ့လာ ဆန်းစစ်နေရပါမယ်။ နို့မို့ဆိုရင် ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ ကျန်ခဲ့မှာပဲ။ ဒါကြောင့် အဓိကကတော့ ကိုယ်ရွေးချယ်တဲ့ ဘယ်အလုပ်ကိုမဆို သေချာ ကြိုးစားအားထုတ်မှုနဲ့ လုပ်မယ်ဆိုရင် အဆင်ပြေမှာပါ။ ကိုယ့်အနုပညာ အရည်အသွေးကို အမြဲတိုးတက် အောင် ကြိုးစားနေရပါတယ်။

G.Fatt

အောင်မြင်မှုတစ်ခုအတွက်ကျတော့ တကယ် အောင်မြင်ချင်တဲ့ စိတ်လေးပေါ့နော်။ အပြင်းပြဆုံး ထားပြီးတော့ အဲဒီပြင်းပြတဲ့စိတ်ကပဲ အရာအားလုံးကို လုပ်ဆောင်ဖြစ်တာပေါ့နော်။ လုပ်ဆောင်ရင်း၊ လုပ် ဆောင်ရင်းနဲ့ တဖြည်းဖြည်း ဒီနေရာကို ရောက်လာ တာပေါ့နော်။ အဲဒီအပြင်းပြဆုံးစိတ်တစ်ခုလိုပါတယ်။ တကယ်အောင်မြင်ချင်တဲ့စိတ်အပြင်းအပြဆုံး ဖြစ်ဖို့လိုတယ်လို့ ထင်ပါတယ်။ အောင်မြင်လာတဲ့အခါမှာ အဓိကပြဿနာက အချိန်မရတာပေါ့နော်။ ကျွန်တော် ဆိုလို့ရှိရင် အချိန်မရတာတွေဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်သီချင်းတော့ အချိန်မှန်မှန်ပေးပြီးရေးဖြစ် တယ်။ အဲဒီ အတွက်လည်း ဒုတိယစီးရီးခွေ ထွက်မယ်။ အောင်မြင်မှုရလာတဲ့ အချိန်မှာ မျောမသွားဖို့ ကျွန်တော့်ကိုယ်ကျွန်တော် အမြဲတမ်းသတိပေး ဖြစ်ပါတယ်။

20

X.Box

ကျွန်တော့်အတွက် အောင်မြင်မှုဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကိုယ့်စိတ်ထဲမှာ လွယ် ကူသည်ပဲဖြစ်စေ၊ ခက်ခဲသည်ပဲဖြစ်စေ ဒီအလုပ်ကို ပြီးဆုံးခန်းတိုင်အောင်လုပ်မယ်ဆိုတဲ့ အတွေးတစ်ခုကို ပြီးမြောက်သွားတဲ့အရာဟာ အောင် မြင်မှုပဲ။ ကျွန်တော့်အတွက်ကတော့ အလုပ်တစ်ခုပြီးမြောက် ရင်ဒါဟာ အောင်မြင်မှုပဲ။ နာမည်ကြီးတာနဲ့ အောင်မြင်တာကို

ကျွန်တော်လုံးဝတွဲဖက်ထားခြင်းမရှိပါဘူး။ ကျွန်တော်ဆိုလို့ရှိရင် အခုအသက် ၂ဝတော့ကျော်ပြီ။ ၃ဝနားတော့ အရမ်းမကပ်သေးဘူး (ရယ်လျက်)။ အဲဒီလိုအချိန်မှာ ကျွန်တော်လုပ်တဲ့ ပွဲတိုင်းမှာ ကျွန်တော်တို့ရဲ့ အမာခံပရိသတ်တွေအများကြီးရှိနေတဲ့ အတွက် ဒါဟာအခုလက်ရှိရနေတဲ့ အောင်မြင်မှုပေါ့နော်။ ဒီအောင်မြင်မှုကို တည်တံ့အောင် ကျွန်တော် ထိန်းသိမ်းရမယ်။ ဒီအောင်မြင်မှုအဓွန့်ရှည်အောင် ကျွန်တော်လုပ်ဆောင်ရမယ်။ အဲဒီအတွက် ကျွန်တော့်မှာ သူများတွေနဲ့မတူတဲ့ ကြိုးစားအားထုတ်မှုတွေ၊ ဇွဲလုံ့လတွေ အများကြီးလိုအပ်တယ်။ အဲဒီအတွက် ကျွန်တော်ကြိုးစားမယ်။ ကျွန်တော့်လိုပဲ နယ်ပယ်အသီးသီးမှာ ကိုယ်စီ၊ ကိုယ်စီလုပ်ကိုင်နေတဲ့ လူငယ်တွေအများ ကြီးရှိတယ်။ အောင်မြင်အောင်ကြိုးစားပါ။ ကျွန်တော့်မှာလည်း မကောင်းတဲ့အချက်တွေ အများကြီးရှိတယ်။ အဲဒီမကောင်းတဲ့အကျင့်တွေကို ဒီအလုပ်လုပ်နေရင်းနဲ့မှ လူပေါင်းများစွာနဲ့ ဆက်ဆံနေရတော့ အကျင့်ဆိုးတွေဖျောက်၊ ကောင်းတဲ့အကျင့်တွေ တဖြည်းဖြည်းနဲ့ မွေးပြီးတော့ ကိုယ်လုပ်တဲ့အလုပ်မှာ ဒီ့ထက်မက အောင်မြင်မှုရအောင်လုပ်ကိုင်သွားမယ်။ ကျွန်တော့်လိုမျိုးပဲ လူငယ်တွေရော၊ လူကြီးတွေရော မကောင်းတဲ့အကျင့်တွေကိုဖျောက်ပြီးတော့ လုပ်ငန်းကိုင်ငန်းတွေမှာ အစစအရာရာ အဆင်ပြေစွာ လုပ်ကိုင်နိုင်ကြပါစေ။

စန္ဒီမြင့်လွင်

ဘယ်အလုပ်မဆို အလုပ်တိုင်းအလုပ်တိုင်း အောင်မြင်ဖို့အတွက် အဓိကကစေတနာရော ကိုယ့်အလုပ်ရော အကုန်လုံးတစ်ဆင့်ချင်း သွားမယ်ဆိုရင် အားလုံးအောင်မြင်ကြမှာပါ။ ဒီးဒီ အနုပညာအလုပ်တွေလုပ်လာတာ ၁၂ နှစ်လောက်တော့ ရှိပါပြီ။ နေရာတစ်ခုကို ရောက်ရှိဖို့ဆိုတာတော့ အများကြီး ဖြတ်ကျော်ရတယ်။ သည်းညည်းခံရတယ်။ ကိုယ့်အလုပ်ကို စိတ်ရှည်ရမယ်။ စေတနာထားရမယ်။ အခက်အခဲတွေ ရှိတိုင်းလည်း စိတ်ညစ်စရာတွေ မတွေးဘဲနဲ့ ကိုယ့်အတွက် စူကျဖြစ်မယ့် ကိစ္စတွေပဲ တွေးပြီးတော့မှ ဒီအလုပ်ကို ရှေ့ဆက်သွားခဲ့တဲ့အတွက်ကြောင့် ဒီအခြေအနေ တစ်ခုကို ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီးဒီတို့ဆိုရင် အများကြီးထပ်ပြီး လုပ်စရာတွေ၊ ကြိုးစားစရာတွေ ၊ ဘဝမှာမရရှိသေးတဲ့ အောင်မြင်မှု တွေအများကြီး လိုချင်ကြသေးတယ်။ လိုချင်သေးတော့လည်း ထပ်ကြိုးစားရဦးမှာပေါ့။ လောလောဆယ်တော့ ကိုယ့်ကိုယ်ကိုယ် အားမရဘူးဆိုပေမယ့် ပရိသတ်ပေးတဲ့ နေရာကိုတော့ ဒီးဒီကျေနပ်ပါတယ်။ ဒါပေမဲ့ ဒီးဒီ ဆက်ကြိုးစားစရာတွေ အများကြီး ရှိပါသေးတယ်။

Bobby Soxer (ထက်ထက်)

ညီမက အခု ၂၁ စီးရီး Music Video ထွက်ရှိနိုင်ဖို့ စီစဉ်နေတယ်။ ဒီ MV ကိုတော့ ညီမတကယ်အားရတဲ့ သီချင်းခြောက်ပုဒ်ကိုပဲ သေချာအချိန်ယူပြီး ရိုက်ကူးထားပါတယ်။ ညီမက ဒီလပိုင်းထဲမှာ ပရိသတ်တွေအတွက် Music Video ထွက်ရှိနိုင်ဖို့ ကြိုးစားနေတာကြောင့် သီချင်းသစ်တွေဘက်ကို မလှည့်နိုင်သေးဘူး။ ဒါပြီးရင်တော့ သီချင်းသစ်တွေ ပြန်လုပ်တော့မှာပါ။ ညီမတို့အနေနဲ့ ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ကိုလည်း ကြိုးစားရပါတယ်။ ပရိသတ်ကိုလည်း အသစ်အသစ်တွေ ပေးချင်တယ်။ အဲဒီအတွက် ကိုယ်ကနေရာတစ်နေရာ ရလာပြီဆိုတဲ့အခါမှာလည်း ပိုပြီး ကြိုးစားရပါတယ်။ ကြိုးစားမှုကို လျှော့လိုက်လို့မရပါဘူး။ အခု ညီမအနေနဲ့လည်း ပရိသတ်ကို သီချင်းအသစ်တွေရော၊ Music Video တွေရော အမြန်ဆုံးပေးနိုင်အောင် ကြိုးစားနေပါတယ်။

ပေါ်ပြူလာအဖွဲ့

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071