Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeArticlesနှစ်ဦး မင်္ဂလာ မေတ္တာပို့သ...

နှစ်ဦး မင်္ဂလာ မေတ္တာပို့သ ပွဲကြီး

ခရစ်နှစ် ၂ဝ၁၈ ၏ နှစ်ဦးအစ တွင် သံဃာထု၊ သီလရှင်ဆရာ လေးများ၊ မြင်အပ်၊ မမြင်အပ်ပုဂ္ဂိုလ်၊  လူပုဂ္ဂိုလ်တို့၏ မေတ္တာပွားများပို့ လွှတ်သည့်ပွဲကို အံ့ချီးမကုန် မြတ်ရွှေ တိဂုံရင်ပြင်တွင် အောင်မြင်စွာကျင်းပ နိုင်ခဲ့ပြီဖြစ်သည်။   ဤပွဲအတွက် ၃ လ ကြိုခန့်က စတင်ပြင်ဆင်ခဲ့ကြပြီး ၂ဝ.၁၁. ၂ဝ၁၇ ရက်နေ့တွင် ဆရာတော်ကြီး များထံ သြဝါဒခံယူပွဲ ကျင်းပခဲ့သည်။ ထိုပွဲတွင် ယောဆရာတော်ဘုရားကြီး တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက အရှင်သိရိန္ဒာဘိဝံသက “ဤမျှကြီး ကျယ်များပြားလှတဲ့ သံဃာအစည်း အဝေးပွဲကြီးတစ်ခါကြုံဖို့ အလွန်ခက် ခဲကြောင်း၊ သံဃာ့မေတ္တာအနှံ့သည် အလွန်ကြီးမားမြင့်မြတ်ခန့်ထည် လှပါကြောင်း၊ အနေကဇာတင်ပွဲသာ မက ကြီးမားများပြားလှသည့် သံဃာ ထုကြီး၏ မေတ္တာပွားများ ပို့လွှတ်  လွှမ်းခြုံပေးသည့် မေတ္တာပွဲကြီးပါ ဖြစ်သင့်ကြောင်း၊ သံဃာ့မေတ္တာအား ဖြင့် သန့်စင်လွှမ်းခြုံပေးမှ ပြည်တွင်း၊ ပြည်ပမှာ ဘေးရန်ကင်းဝေး ငြိမ်းအေး သက်သာမည်ဖြစ်ပါကြောင်း၊ မေတ္တာ ပါတွဲပွားပေးမှ လူသားအားလုံး ဝမ်း သာကြည်နူးအားတက်ကြမည်ဖြစ်ပါ ကြောင်း၊ ရိုးရိုးမေတ္တာထက်သစ္စာ လွှမ်းခြုံသော မေတ္တာကပိုပြီး အရှိန် အဝါကြီးပါကြောင်း၊ ဤသံဃာ့ မေတ္တာပွဲကြီးကို အခြေခံပြီး ကိုယ့် ကျောင်းကိုယ်ပြန်ရောက်သည့်အခါ တွင်လည်း သစ္စာအခြေခံသော တစ် ကိုယ်ရေမေတ္တာများဆက်ပွားဖို့ လိုအပ်ပါကြောင်း၊ သံဃာပင့်စာ ဆက်ကပ်သောအခါ ထည့်သွင်း လျှောက်ထားသင့်ပါကြောင်း” မိန့် ကြားခဲ့သည်။

ထို့ကြောင့်မို့လားမပြောတတ်၊ အနေကဇာတင်သည့်နေ့က ဘုရား ရင်ပြင်ပေါ်ရှိ သံဃာတော်များ၊ လူ ပုဂ္ဂိုလ်များတို့သည် ငြိမ်သက်စွာ အာရုံပြု၍ မေတ္တာညွှတ်နေကြသည် မှာ အေးချမ်းလှသည်။ အောင်မြေ ထောင့်တွင် ပရိတ်ရွတ်ပေးကြသော ဆရာတော်ကြီး ၄၅ ပါးကမေတ္တာဈာန် သတိဖြင့် သီတင်းသုံးနေ ကြသည်မှာ ဘုရားရှင်ဟောကြားခဲ့သော ထူးမြတ် သောနေခြင်း(ဗြဟ္မဝိဟာရ)ဆိုသည် မှာ ဒါမျိုးပါလားဟု ကြည်ညိုရင်း မေတ္တာခံယူဖြစ်သည်။  လွန်ခဲ့သော ၁၈နှစ်က ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ရွှေထီးတော် တင်မင်္ဂလာအခမ်းအနားကြီးတွင် လည်း ပင့်ဆောင်သည့် ရထားပျံကြိုး ကို ရဟန်းရှင်လူ၊ ပြည်သူများနှင့်အတူ ကိုယ်တိုင်ပြိုင်တူဆွဲကာ ကြည်ကြည် နူးနူးတင်လှူဖူးခဲ့သည်။ ယခုသံဃာထု ဖြင့် အနေကဇာတင်မေတ္တာပို့လွှတ် သည့်ပွဲတွင်လည်း ကိုယ်တိုင်မေတ္တာ လှိုင်းကို ဖြန့်ကြက်ပို့လွှတ်လျက် မေတ္တာထုကြီးကြားတွင် ခံယူကာ စိတ်အေးချမ်းရွှင်လန်းခဲ့သည်။ လူ့ဘဝ ရောက်ခိုက် ရွှေတိဂုံ၏ အဓိကရပွဲကြီး များတွင် ကိုယ်တိုင်ပါဝင်ခွင့်ရခြင်း အပေါ် ကျေနပ်ဝမ်းမြောက်သည့်စိတ် တို့က ခွန်အားတို့ကိုဖြစ်စေသည်။  သာသနာရေးဝန်ကြီး၏ လျှောက် ထားလွှာတွင်အချက်အလက်အချို့ တို့သည် မှတ်စုအဖြစ် သိမ်းဆည်းဖွယ် ဖြစ်သည်။ အချိန်ကာလတို့ကို မှတ် တမ်းပြုရသော် ရွှေတိဂုံစေတီတော် မြတ်ကြီးကို နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက် ထက် ၄.၄.၁၉၉၉ ရက်နေ့တွင် ထီးတင် ပူဇော်ပြီး ၂၉.၄.၁၉၉၉ ရက်နေ့၊ နံနက်အရုဏ်တက်တွင် ရာဟုထောင့် အောင်မြေ၌ ဗုဒ္ဓါဘိသေက အနေ ကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို သံဃာတော်အရှင်သူမြတ် အပါး ၁၈ဝဝ ဖြင့် ကျင်းပခဲ့သည်။

ပြည်ခိုင် ဖြိုးအစိုးရလက်ထက် ၇.၃.၂ဝ၁၂ ရက်နေ့က  သံဃာအပါး ၂၆ဝဝ ဖြင့် ကျင်းပခဲ့သည်။ ယခု NLD အစိုးရ လက်ထက်  ၁.၁.၂ဝ၁၈ ရက်နေ့က သံဃာတော်အပါး ၁၈ဝဝဝ ဖြင့် အနေ ကဇာတင်မင်္ဂလာကျင်းပခဲ့သည်။  ယခုနှစ် အခမ်းအနားကြီးကို  ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်ပေး သဖြင့် အားပါးတရ ဖူးမြင်ကြရသည်။ သီတဂူဆရာတော်ဘုရားကြီး၏ ဟောကြားချက်များကိုလည်း နှစ် ထောင်းအားရ နာပြီးကြလောက်ပြီဟု ထင်သည်။ ဆရာတော်ကြီးက မြတ်စွာဘုရား၏ အောင်ပွဲမျိုးတွင် မတည့်သည့်နဂါး၊ ဂဠုန်တို့သည်ပင် အတူလက်တွဲ ရွှင်မြူးနေကြသည်ဟု တင်စားရင်း ညီညွှတ်ကြဖို့ဟောကြား ခဲ့သည်။ ဆရာတော်ကြီးက ရွှေတိဂုံ စေတီတော်မြတ်ကြီးကို တာဝတိံသာ နတ်ပြည်က စူဠာမဏိစေတီနှင့် မလဲ နိုင်၊ ဗြဟ္မာ့ပြည်က ဒုဿစေတီနဲ့ မလဲနိုင်ကြောင်း မိန့်မြွက်ခဲ့သဖြင့် လူ့ပြည်ရောက်နေသည့် ပုဂ္ဂိုလ်အား လုံးအတွက် ဂုဏ်ယူမဆုံး ခံစားရစေ သည်။  ရွှေတိဂုံရှိ ဆံတော် ၈ ဆူမှာ ဂေါတမမြတ်စွာဘုရားအသက် ထင်ရှားရှိစဉ် ဘုရားရှင်ကိုယ်တိုင် ပေးသွားသည့် ဆံတော်များဖြစ်ပြီး တာဝတိံသာရှိ စူဠာမဏိစေတီ၌ ဌာပနာထားသည့် ဆံတော်မှာဘုရား မဖြစ်မီ အလောင်းတော် တောထွက် ချိန် အနော်မာသောင်ကမ်းတွင် ဖြတ်သည့် ဆံပင်တော်အား သိကြား မင်းက ယူဆောင်ပူဇော်ခြင်းဖြစ်သည်။ ဘုရားဖြစ်ပြီး ဆံတော်ဌာပနာထား သည့် လူ့ပြည်ကစေတီနှင့် ဘုရား အလောင်းဘဝက ဆံတော်ဌာပနာ ထားသည့် နတ်ပြည်ကစေတီကို ရှင်းလင်းပြသွားသည်။  ထို့အတူ ဗြဟ္မာကြီး ဃဋိကာရ က ဘုရားလောင်းအား သင်္ကန်းလှူ စဉ်တွင် ဘုရားကလဲဝတ်ပြီး ချွတ် သည့်သင်္ကန်းကို ဗြဟ္မာ့ပြည်တွင် ဒုဿစေတီအဖြစ် တည်ထားသည်။ ဝတ်ရုံလွှာစေတီဟုလည်းခေါ်ကြ သည်။ လူ့ပြည်ရှိ ရွှေတိဂုံတွင် ကဿ ပမြတ်စွာဘုရားရှင်၏ ရေသနုပ် တော်လုပ်သော သင်္ကန်းတော်ကို ဌာပနာထားသည်။ ထို့ကြောင့် ဆရာ တော်က ဗြဟ္မာ့ပြည်က စေတီနှင့်မလဲ နိုင်ဟု မိန့်ဆိုခြင်းဖြစ်သည်။

ဤပွဲပြီးသည့်နောက်ပိုင်း ရွှေတိ ဂုံကို အာရုံပြုလျှင် မြတ်စွာဘုရားရှင် ၃ ပါးတို့၏ အသုံးအဆောင်များနှင့် ဂေါတမဘုရားရှင်၏ ဆံတော်များ ဌာပနာရာ ဟအရှေ့ဘက်မုခ်ရှိ ကကု သန္ဓမြတ်စွာဘုရား(တောင်ဝှေးတော်)၊ တောင်ဘက်မုခ်ရှိ ကောဏဂမန မြတ်စွာဘုရား (ဓမ္မကရိုဏ်းရေစစ် တော်)၊ အနောက်ဘက်မုခ်ရှိ ကဿပ မြတ်စွာဘုရား (ရေသနုပ်တော်)၊ မြောက်ဘက်မုခ်ရှိ ဂေါတမမြတ်စွာ ဘုရား (ဆံတော်ရှစ်ဆူ)’ အံ့ဖွယ် ရွှေတိဂုံပါလားဟု ပီတိဖြစ်မိသည်။  ရန်ကုန်တိုင်းဒေသကြီး သံဃာ့ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး ၏ လျှောက်ထားလွှာတွင် အဆင်မ ပြေမှုများရှိပါက တောင်းပန်ပါကြောင်း ပါ ထည့်သွင်းထားသည်။ ဤမျှ လောက်ပွဲကြီးကို စီစဉ်ရသူတို့ မည်မျှ ပင်ပန်း၊ မည်မျှတာဝန်ကြီးမည်ကို ခန့်မှန်း၍ပင်မရနိုင်။ အလှူရှင်များ ၏ သဒ္ဓါအားကလည်း ကြက်သီးထ ဖွယ်ပင်။ ရင်ပြင်ပတ်လည်တွင် နေရာ အနှံ့ထိုးထားသော ပန်းမာလာတို့မှာ လှပမွှေးကြိုင်လန်းဆန်းကာ အသီး အနှံကပ်လှူထားသည်မှာလည်း အား ပါးတရရှိလှသည်။ ရွှေတိဂုံဂေါပက အဖွဲ့က ထိုကဲ့သို့ကပ်လှူသစ်သီးများ ကို စွန့်သည့်အခါ ဘိုးဘွားရိပ်သာ အပါအဝင် ပရဟိတနေရာများသို့ ကားများဖြင့် လိုက်လံလှူပေးလေ့ ရှိသည်ကို သိရသောအခါ အလှူရှင် များကိုယ်စား ထပ်မံဝမ်းမြောက်ရ သည်။  လုပ်ငန်းကော်မတီအလိုက် လုပ်ဆောင်ချက်များကို မှတ်တမ်း ထုတ်သည့်အခါတွင်လည်း သာဓု ခေါ်ရင်း ကြည်နူးရဦးမည်။ နောင် လာ၊ နောက်သားများကလည်း ရွှေ တိဂုံစေတီတော်ကြီးကို ခေတ်အဆက် ဆက် သစ္စာခြုံလွှမ်းမေတ္တာစွမ်းဖြင့်  ထိန်းသိမ်းစောင့်ရှောက်ကြပုံများကို အတုယူကြလိမ့်ဦးမည်။ ပဋ္ဌာန်းမြတ် ဒေသနာတွင်ပြုခဲ့သည့် ကုသိုလ်ကို စွဲလမ်းနှစ်သက်လွန်ခြင်း၊ မိမိတို့သာ လျှင် လုပ်နိုင်ခြင်းဟူသည့် မာန်မာနတက် ခြင်း၊ ကုသိုလ်အရေးစီစဉ်ရင်း ကြုံ လာရသည့် အဆင်မပြေမှုတို့အပေါ် တွင် ဒေါသသင့်ခြင်းတို့ရှိနေပါက ကုသိုလ်က အကုသိုလ်ကို အထောက် အပံ့ပြုသည့်သဖွယ်ဖြစ်သွားနိုင်ကြောင်း ညွှန်ပြထားသည်။ ထို့ကြောင့် ကု သိုလ်ပြီးကုသိုလ်ဆက်တတ်ဖို့ သတိ ထားပြီး ပါရမီဗီဇပါအောင် ကိုယ့် ကိုယ်ကိုယ်လေ့ကျင့်သွားကြဖို့ ဘုရား ဆုံးမခဲ့ပြီးသားကို မမေ့ကြရန် နှိုး ဆော်အပ်ပါသည်။  လောကဓာတ်တစ်ခုလုံးတွင် အဦးဆုံး၊ အမြတ်ဆုံးဖြစ်သည့် ရွှေတိ ဂုံစေတီထံပါးတွင် ကုသိုလ်ဓာတ်များ အမြဲပြုလုပ်နိုင်ကြပါစေဟု ပေါ်ပြူ လာဂျာနယ်ကနေ မေတ္တာပေးဝေ လိုက်ရပါသည်။

 ငွေသော်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071