Saturday, May 17, 2025

ရန်ကုန်ရှိ မြို့နယ် (၃၃) မြို့နယ်တွင်...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၃၃) မြို့နယ်တွင် မြို့ပြကျန်းမာရေးဌာနများ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ပြည်သူလူထုအတွက် ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ရန်၊ ပြည်သူ့ဆေးရုံကြီးများတွင် ပြသနေသည့် လူနာများကို...

ရှီနဲ့တွေ့ဖို့ တရုတ်သွားလို- ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပြဿနာရပ်များအကြောင်း ပြောဆိုဆွေးနွေးရန်အတွက် သူတရုတ်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒရှိသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်သည်။ မေ ၁၆...

ထိုင်း-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာ ၂၅...

ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့သည် စီးပွားရေးချိတ်ဆက်မှုများ မြှင့်တင်ရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို လက်ရှိ ၂၀ ဘီလျံမှ မကြာမီကာလအတွင်း ၂၅ ဘီလျံသို့ ရောက်ရှိရေး အတွက်လက်တွဲဆောင်ရွက်သွားရန်...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည်...

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄...

Waterfall Bike Challenge 2017 ရေတံခွန်တောင် Mountain Bike စက်ဘီးစီးပြိုင်ပွဲနှင့် တောင်အဆင်း လမ်းကြမ်း Down Hill စက်ဘီးစီးပြိုင်ပွဲ

circle

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့က ကြီးမှူးပြီး  Mandalay Free Rider(MFR) စက်ဘီးစီးအဖွဲ့က ဦးစီးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် “Waterfall Bike Challenge 2017” ရေတံခွန်တောင် Mountain Bike စက်ဘီးစီးပြိုင်ပွဲနဲ့ တောင်အဆင်းလမ်းကြမ်း DownHill စက်ဘီးစီးပြိုင်ပွဲကို ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်စက်ဘီးသမား စုစုပေါင်း ၃၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါတယ်။

“ဒီပြိုင်ပွဲကို MFR ဦးစီးပြီး ကျင်းပခဲ့တာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ရေတံခွန်တောင် “Waterfall Bike Challenge 2017” စက်ဘီးစီးပြိုင်ပွဲကို မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ရန်ကုန်၊ တောင်ကြီးနှင့် အနယ်နယ်အရပ်ရပ်တို့မှ စက်ဘီးစီးကလပ် အသင်း၁ဝ သင်းကျော်မှ အားကစားသမား အယောက် ၃ဝဝကျော်အပြင် Down Hill ပြိုင်ပွဲကို အာရှ အကောင်းဆုံး စက်ဘီးစီး အားကစားသမားစာရင်းဝင် ထိုင်းနိုင်ငံမှ အမျိုး သားလက်ရွေးစင် စက်ဘီးစီးကစား သမား၃ယောက် လာရောက်ယှဉ်ပြိုင် ပါတယ်” လို့ MFRမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားပါတယ်။

ရေတံခွန်တောင် Mountain Bike စက်ဘီးစီးပြိုင်ပွဲကို နံနက် ၆ နာရီက မန္တလေးမြို့၊ ၇၈လမ်း၊ ဒိုင်းမွန်းပလာဇာရှေ့ တာလွှတ်စုနေရာမှာ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေ နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက အချက်ပြသေနတ်ပစ်ဖောက်ပေးပြီး တာလွှတ် ပေးခဲ့ပါတယ်။ ပြိုင်ပွဲဝင်များအနေနဲ့ စုရပ်မှ ၇၈လမ်းအတိုင်း ၂၆လမ်း အထိ၊ ၂၆လမ်းမှ လမ်း၈ဝ၊ ၁၂လမ်း ၊ ၆၆လမ်းများအတိုင်း နန်းမြို့ကျုံး အရှေ့ ၁၉လမ်း အထိ ၊ ၁၉လမ်းမှ ရန်ကင်းတောင်ပတ်လမ်း၊ နည်းပညာတက္ကသိုလ် MIT မြေလမ်း Off Road ရေတံခွန်တောင်တက်လမ်းမှ ထူမဘုန်းကြီးကျောင်း အထိ ယှဉ်ပြိုင်စီးနင်းကာ ပန်းဝင်ခဲ့ကြပါတယ်။

အဆိုပါပြိုင်ပွဲမှာ အသက်၂၅ နှစ် အောက်ပြိုင်ပွဲမှ စောအယ်ခူးက ပထမ၊ ဥာဏ်လင်းထက်က ဒုတိယ ၊ ဟန်ထွန်းဦးက တတိယ၊ အသက် ၆ဝ နှင့်အထက် ပြိုင်ပွဲမှာ ဦးလှရွှေက ပထမ၊ ဦးထွန်းခိုင်က ဒုတိယ၊ ဦးရဲကြည်က တတိယ၊ အသက် ၂၅-၃၅ တန်းမှ ဖိုးလုံးက ပထမ၊ ကျော်မျိုးသက်က ဒုတိယ၊ ဇော်ဇော်အောင်က တတိယ၊ အသက် ၃၅- ၄ဝတန်းမှ မင်းဇော်ဦးက ပထမ၊ နေမျိုး အောင်က ဒုတိယ၊ သက်လွင်ဦးက တတိယ၊ ၄ဝ-၆ဝ တန်းမှ ခင် မောင်ချိုက ပထမ၊ ဌေးအောင် (ခ)ရဲဘော်ကြီးက ဒုတိယ၊ ဒွေးတာ က တတိယ ရရှိခဲ့ကြကြောင်းသိရ ပါတယ်။

ဒီ့နောက် တောင်အဆင်း လမ်းကြမ်း Down Hill စက်ဘီးစီး ပြိုင်ပွဲကို နံနက် ၈နာရီခွဲမှ ရေတံခွန်တောင်ဘေးရှိ အမြင့် ၁၁၅ပေရှိ နေကာတောင် တာလွှတ် စုရပ်မှ တောင်ဆင်းလမ်းကြမ်း ဆက်လက်ယှဉ်ပြိုင်ကြရာ Bike တန်းပွဲမှ ထိုင်းနိုင်ငံမှ KYA(thai)  က ပထမ၊ လှဖြိုးက ဒုတိယ၊  Sai က တတိယ၊  Master တန်းတွင် မြတ်ကျော်က ပထမ၊ စည်သူစိုးက ဒုတိယ၊ ရှမ်းကြီးက တတိယရရှိကြပြီး ဆုပေးပွဲအခမ်းအနားကို နေကာ တောင်ခြေ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071