Thursday, June 18, 2026

မြဝတီနယ်စပ်ဂိတ် ပြန်ဖွင့်ပြီးနောက် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု...

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဌာန (DFT) က ပြောကြားခဲ့သည်။ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ...

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဦးဆောင်ရန် ထရမ့်ပ်ကို...

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနှင့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အနေဖြင့် သံတမန်ရေးဆွေးနွေးမှုများကို ပြန်လည်ဦးဆောင်ပေးရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရုံးက ဇွန် ၁၆...

အီရန်ရေနံတင်သင်္ဘောများ ဟော်မုဇ်ရေလက်ကြားမှ ထွက်ခွာ၊ အမေရိကန်-အီရန်...

အီရန်ရေနံတင်ဆောင်ထားသည့် ပထမဆုံး ရေနံတင်သင်္ဘောများသည် ဟော်မုဇ်ရေလက်ကြားရှိ ပိတ်ဆို့မှုဧရိယာမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သင်္ဘောလမ်းကြောင်း စောင့်ကြည့်ရေးဝက်ဘ်ဆိုက်တစ်ခုက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်မှာ...

တရုတ်နိုင်ငံရှိ မြတ်ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့်...
HomeCelebrities' Newsကြိုးစားရုန်းကန်မှုတွေကနေ အောင်မြင်မှုတွေဆီသို့ အရောက်လှမ်းခဲ့ကြတဲ့...

ကြိုးစားရုန်းကန်မှုတွေကနေ အောင်မြင်မှုတွေဆီသို့ အရောက်လှမ်းခဲ့ကြတဲ့ Makeup Artists ၄ ဦး


အနုပညာလုပ်ငန်းတွေထဲမှာ မိတ်ကပ်ပညာကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ အနုပညာရှင်တွေကို ပုံစံအမျိုးမျိုးဖန်တီးပေးနိုင်တဲ့ မိတ်ကပ် စွမ်းရည်ကလည်း အလွန်အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာ လောကထဲမှာရှိတဲ့ Make up Artists တွေကလည်း အနုပညာရှင် တော်တော်များများကို သူတို့ရဲ့ ဖန်တီးမှုတွေနဲ့ ပရိသတ်တွေ ကြိုက် အောင် ဖန်တီးပေးထားတယ်ဆိုလည်း မမှားပါဘူး။ အဲဒီထဲမှာမှ မြန်မာနိုင်ငံ မှာရှိတဲ့ မိတ်ကပ် ခင်စန်းဝင်း၊ မိတ်ကပ်လင်းလင်း (Makeup Artist)၊ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)၊ မိတ်ကပ် မထက် (Pop Soul) တို့ လေးယောက်ဟာလည်း မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်တဲ့ မိတ်ကပ် အလှဖန်တီးရှင်တွေလို့ ပြောလို့ရပါ တယ်။ တစ်ယောက်တစ်မျိုးဆီ အလှ ဖန်တီးတာခြင်းမတူ ဘဲ တစ်ဦးချင်းဆီရဲ့ ဖန်တီးမှုတွေနဲ့အတူMake up Artists ဆိုတဲ့ ခရီးလမ်းကို လျှောက်လှမ်းနေကြသူတွေ လည်း ဖြစ်ပါတယ်။ လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်း တစ်လျှောက်မှာလည်း ဘယ်လိုအ ခက်အခဲတွေနဲ့တွေ့ ကြုံပြီး ဖြတ်သန်းခဲ့ရသလည်းဆိုတဲ့ အကြောင်းတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

……………………………………………………………..

ခင်စန်းဝင်း

အခက်အခဲတွေ ကတော့ အများကြီးရှိခဲ့တာပေါ့နော်။ ဒါကိုယ် ဖြတ်သန်း လာတဲ့တစ်လျှောက်မှာ အောက်ကျခံခဲ့ရတာတွေ ရော၊ ဆုံးရှုံးရတာတွေ အများကြီးရှိ ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို အခက်အခဲတွေကို အကောင်းဆုံး စိတ်ဓာတ် ကြံ့ခိုင်အောင်လုပ်ပြီး ဖြေဖျောက်ခဲ့ တယ်။

ငယ်ငယ်ကတည်းက ကိုယ့်ရဲ့ အလုပ် အပေါ်ကို တန်ဖိုးထားတယ်။ ချစ်မြတ်နိုးတယ်။ အဲဒီစိတ်ကြောင့်နဲ့ ပဲ ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဒီ အထိရောက်လာခဲ့နိုင်တယ်လို့ မကြီး မြင်မိပါတယ်။

……………………………………………………………..

လင်းလင်း (Makeup Artist)

မကြီးစန်းပြောတာ မှန်တယ်။ လင်း တို့တုန်းက ဆိုလည်း တော်တော်ကို ကြိုးစားခဲ့ရတာ။ လင်း ဆိုလည်း ဆယ်တန်းလည်း မအောင်ခဲ့ ဘူး။ ပညာရေးမှာလည်း ပြီးဆုံးတဲ့ အထိ မတက်ခဲ့ရတဲ့အတွက် တချို့ အခက်အခဲ လေးတွေ ရှိခဲ့တယ်။

ဒါပေမဲ့လည်း ကိုယ် ဝါသနာ ပါတဲ့ မိတ်ကပ်ပညာကို လေ့လာခဲ့တယ်။ သင်ယူခဲ့တယ်။ အဲဒီလိုမျိုး သင်ယူချင် စိတ်တွေ များခဲ့လို့လားမသိဘူး။ အခုတော့ ကိုယ်လုပ်ချင်၊ ဖြစ်ချင်တဲ့ နေရာကို လုပ်နိုင်ခဲ့ပြီပေါ့နော်။ အဲဒီအတွက်လည်း ဂုဏ်ယူမိပါတယ်။

မကြီးစန်း၊ လင်းလင်း၊ ညီညီ မောင် (စမ်းချောင်း)၊ မထက်ဆိုပြီး လေးယောက်စလုံးကိုတွဲပြီး သိလာ ကြတဲ့အတွက် လေးယောက်စလုံးရဲ့ ခင်မင် မှုသက်တမ်းတွေက အချိန် ဘယ်လောက်ကြာမြင့်ခဲ့ပြီလဲ တစ် ယောက်နဲ့ တစ်ယောက် တိုင်ပင်ဖြစ် တဲ့အပိုင်းတွေကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

……………………………………………………………..

မထက် (Pop Soul)

မကြီးတို့ လင်းတို့ သုတို့နဲ့ ခင်တာတော့ ကြာပါပြီ။ ကြာပြီ ဆိုတာက မထက် မိတ်ကပ်လောကထဲ စဝင်ကတည်း ကပေါ့နော်။ လေးယောက်စလုံးက မိတ်ကပ်လိမ်းတယ် ဆို ပေမယ့်လည်း ကိုယ့် အလုပ်နဲ့ ကိုယ်၊ သူ့အလုပ်နဲ့ သူ၊ ကိုယ့် ရဲ့Customer တွေနဲ့ပဲ သွားကြတာဆိုတော့ မနာလို မုန်း တီးတာတွေလည်း မရှိကြဘူး။

တစ်ယောက်နဲ့တစ် ယောက် တိုင်ပင်တယ်။ ဆွေးနွေးကြတယ်။ အလုပ်ကိစ္စ တစ်ခု တည်းနဲ့ ခင်မင်ကြတာမဟုတ်ဘဲ ကိစ္စတိုင်းမှာ တိုင်ပင် ဆွေးနွေးတဲ့အတွက် လေးယောက်စလုံးကတော့ တစ် ယောက် ကိုတစ်ယောက် ခင်မင်ကြပါတယ်။

……………………………………………………………..

ညီညီမောင် (စမ်းချောင်း)

မထက်ပြောသလိုပဲပေါ့ နော်။ လေး ယောက်စလုံးက မိတ်ကပ်လိမ်းတာ တူပေ မယ့်လည်း သမုဒ္ဒရာရေက တစ်ယောက်တည်း သောက် လို့မကုန်ဘူးလေ။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ပေါ့။ အလုပ်အားတဲ့ အချိန်ဆို သူငယ်ချင်း တွေ တွေ့ဖြစ်တယ်။ စကားပြောကျ မုန့်စားကျပေါ့ နော်။

အဲဒီလိုနဲ့ ကိုယ့်ရဲ့ ဘဝ ကို ဖြတ်သန်းတာများပါတယ်။ တစ်ယောက်ရဲ့ အချစ်ရေးကိုလည်း တစ်ယောက်ကို ပြောပြပေါ့နော်။ အကုန်လုံး တိုင်ပင်ကြတော့ သူငယ်ချင်း တွေက တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလို ဖြစ်ပြီး ပျော်စရာ ကောင်းပါတယ်။

လက်ရှိမှာတော့ မိတ်ကပ်ခင် စန်းဝင်း၊ မိတ် ကပ်လင်းလင်း၊ မိတ် ကပ်ညီညီမောင် (စမ်းချောင်း)၊ မိတ် ကပ်မထက် (Pop Soul) တို့ဟာ ‘ကျားကျား ကြိုက် ကြိုက်’ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို လေးယောက်စလုံး အတွဲညီညီရိုက်ကူးထားတာကိုလည်း တွေ့ရပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071