Myanmar Idol ပြိုင်ပွဲဝင်တွေကို ဂီတနဲ့ပတ်သက်လို့ Guide လုပ်ပေးနေတဲ့ ဆရာ ဥက္ကာဦးသာတို့လို သူတွေ က ပြိုင်ပွဲဝင်ကလေးတွေနဲ့ လက်ပွန်းတတီးရှိလှသလို ကလေး တွေအကြောင်းကိုလည်း အပြင်ကထက်ပိုပြီး သိရှိပါ တယ်။ နောက်ဆုံး Finalist ၂ ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့အပေါ် သူက …
”ဒီမှာရှိတဲ့ ပြိုင်ပွဲဝင်တွေ အကုန်လုံးက ခရီးရှည်ကြီးကို ဖြတ်သန်းနေရတဲ့ မိသားစုဝင်တွေလိုပါပဲ။ အားလုံးလည်း အချင်းချင်း ချစ်ကြ၊ ခင်ကြပါတယ်။ ဖြိုးမြတ်အောင်အပေါ်မှာလည်း သူ့အတွက် အားနည်းချက်၊ အားသာချက်တွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးလျက်ရှိပါတယ်။ ချမ်းမြေ့မောင်ချို အပေါ်မှာလည်း သူမသိသေး၊ နားမလည် သေးတဲ့အရာတွေကို နားလည်အောင်၊ ပြောတတ်ဆိုတတ်တွေဖြစ်လာအောင် ကျွန်တော်တို့က သင်ကြားပေးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေအတွက် အတူတူသွားနေကြတဲ့သူ တွေဖြစ်ပါတယ်” လို့ ပြောပြပါတယ်။
ပြိုင်ပွဲဝင်ကလေးတွေ သူ့ပရိသတ်၊ ကိုယ့်ပရိသတ် ဖေ့စ်ဘွတ်ခ်မှာ တိုက်ခိုက်ခံ နေရတာကိုကော ဘယ်လိုမြင်လဲလို့ဆိုတော့ …
”နှုတ်တစ်ရာ စာတစ်လုံးဆိုသလို အွန်လိုင်းပေါ်တင်လိုက်တာက သူများအတွက်ကို ဘယ်လောက်ထိ ထိခိုက် နစ်နာစေသလဲဆိုတာကိုလည်း အများကြီးသိစေချင်ပါတယ်။ ဒီဟာမျိုးကိုလည်း နောက်ကို မပြုလုပ်ကြဖို့အတွက် ကျွန်တော်တို့ အနုပညာရှင်တွေ ပူးပေါင်းပြီးတော့ ကမ်ပိန်းလုပ်သွားဖို့ရှိပါတယ်”လို့ ဥက္ကာဦးသာက ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း