Saturday, June 21, 2025

အမျိုးသား(၅)ဦးနှင့် တရားမဝင်ဓာတုပစ္စည်း (Glacial Acetic...

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်တွင် အထောက် အထားမဲ့သိုလှောင်ထားသည့် (Glacial Acetic Acid) ၂၅၅၀၀ လီတာစီကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက်ည...

သီတဂူစက္ခုဒါန ဆေးရုံတွင် မျက်စိကုသရန် စာရင်းပေးသွင်းသူ...

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၏ ၁၃ ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအတွက် ယနေ့ ဇွန် ၂၀ ရက်(တစ်ရက်တည်း)ဖြင့် စာရင်းပေးသွင်းသူ(၁,၂၀၀)ဦးကျော်ရှိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း ပါရမီလမ်း၊...

နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတို့တွေ့ဆုံ

ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န)ဝါ ဟူစိန်တို့ ယနေ့ ဇွန် ၂၀...

တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ကားနှစ်စီးတို-က် တစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာဂေါက်ကွင်းရှေ့တွင် ယနေ့ ဇွန် ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ကားနှစ်စီးတို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇယန္တာလမ်းမကြီးပေါ်ရှိ...
HomeArticlesငြိမ်းချမ်းခြင်း

ငြိမ်းချမ်းခြင်း

wayda

လူသားအချင်းချင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ အပြည့်ရှိတဲ့စိတ်ထားကြလျှင် တစ်ဦးချင်းမှ တစ်ဦးအစုအဖွဲ့၊ မိတ်ဆွေတစ်စု၊ မိသားစုတစ်စု ၎င်းမှ ရပ်ကွက်၊ မြို့၊ ရွာ၊ တိုင်း၊ ပြည်အားလုံးချစ်စရာ ကောင်းသော ငြိမ်းချမ်းခြင်းကိုရရှိ ကြမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာစိတ်၊ ကရုဏာစိတ်၊ စေတနာကောင်း၊ သည်းခံစိတ်၊ ခွင့်လွှတ်ခြင်း၊ သန့်ရှင်း သော စိတ်ရှိကြလျှင် ငြိမ်းချမ်းခြင်း ဆိုသော တရားကို အပြည့်အဝ ရရှိ အေးချမ်းပျော်ရွှင်စရာကောင်းသော မိသားစု၊ နိုင်ငံဖြစ်လာမည်မှာ မလွဲ။ ဒေါသ၊ မောဟ၊ မာနတွေကို ခဝါချ ဖြေလျှော့လိုက်လျှင်လည်း ငြိမ်းချမ်းခြင်းတရားတွေ ရရှိမည်မှာ မလွဲဖြစ်သည်။

တစ်ချိန် သိကြားမင်းက မြတ်စွာဘုရားရှင်အား အောက်ပါမေးခွန်းကို မေးမြန်းခဲ့ဖူး၏။ အရှင်ဘုရား ရန်ငြိုးကင်းကုန်လျက်လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှုဒဏ် ကင်းကုန် လျက်၊ ရန်သူကင်းကုန်လျက်၊ စိတ် ဆင်းရဲခြင်းကင်းကုန်လျက်၊ အမျက်ထွက်ခြင်းကင်းကုန်လျက် ငါတို့နေကြရပါစေဟု နတ်၊ လူ၊ အသူရာ၊ နဂါး၊ ဂန္ဓဗ္ဗ တို့နှင့် အခြားများစွာသော ထိုသတ္တဝါတို့အား တောင့်တခြင်းသည် ဖြစ်၏။ ယင်းသို့ တောင့်တခြင်းဖြစ်သော်လည်း ထိုသတ္တဝါတို့သည် ရန်ငြိုးရှိကုန်လျက်၊ လက်နက်နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှု၊ ဒဏ်ရှိကုန်လျက်၊ ရန်သူရှိကုန်လျက်၊ စိတ်ဆင်းရဲခြင်းရှိကုန်လျက်၊ အမျက် ထွက်ခြင်းရှိကုန်လျက် နေကြရပါ ကုန်၏။ (ဤသို့နေရခြင်းသည်) အဘယ်အနှောင်အဖွဲ့ကြောင့်ပါ နည်းဟု နတ်တို့အရှင်သိကြားမင်းက မေးမြန်းလျှောက်ထားခဲ့၏။

နတ်တို့အရှင် သိကြားမင်း- နတ်၊ လူ၊ အသူရာ၊ နဂါး၊ ဂန္ဓဗ္ဗတို့နှင့် အခြား များစွာသော ထိုသတ္တဝါတို့ သည် ရန်ငြိုးရှိကုန်လျက် လက်နက် နှင့် စီးပွားရေးဖြင့် ခြိမ်းခြောက်ခံရမှု ဒဏ်ရှိကုန်လျက်၊ ရန်သူရှိကုန်လျက်၊ စိတ်ဆင်းရဲခြင်းရှိကုန်လျက်၊ အမျက်ထွက်ခြင်း ရှိကုန်လျက်နေကြရခြင်းမှာ..

“ဣသာမစ္ဆရိယ သံယောဇဉ် ကြောင့်ဖြစ်၏။ မြတ်စွာဘုရားက သိကြားမင်းအား ဖြေကြားတော်မူ၏”
“ဣသာ” သည်ကား

(၁) ပုဂ္ဂိုလ်တစ်ဦးက အခြား ပုဂ္ဂိုလ်တစ်ဦးထက် စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်သိမ် စသည်ဖြင့် အဘက် ဘက်မှ သာလွန်နေလျှင်၊
(၂) မိသားစုတစ်စုက အခြား မိသားစုတစ်စုထက် အဘက်ဘက်မှ သာလွန်နေလျှင်
(၃) ကုမ္ပဏီတစ်ခုက အခြား ကုမ္ပဏီတစ်ခုထက် အဘက်ဘက်မှ သာလွန်နေလျှင်
(၄) လူမျိုးတစ်မျိုးက အခြား လူမျိုးတစ်မျိုးထက် အဘက်ဘက်မှ သာလွန်နေလျှင်
(၅) တိုင်းပြည်တစ်ပြည်က အခြားတိုင်းပြည်တစ်ပြည်ထက် အဘက်ဘက်မှ သာလွန်နေလျှင်
(၆) ကမ္ဘာ့အုပ်စုကြီးတစ်ခုက အခြား ကမ္ဘာ့အုပ်စုကြီးတစ်ခုထက်အဘက်ဘက်မှ သာလွန်နေလျှင်မကြည့်လို၊ မရှုလို၊ မမြင်လိုသော စိတ်ထားက “ဣသာ” တရားဆိုး
တည်း

“မစ္ဆရိယ” သည်ကား..

(၁) မိမိစည်းစိမ်ဂုဏ်သိမ်ပညာ အာဝါသနှင့် ဆွေမျိုးတို့ကို သူ တစ်ပါးတို့နှင့် မမျှဝေပေးနိုင်သော သဘောထားသည်လည်းကောင်း၊
(၂) မိမိနည်းတူ တစ်ပါးသူတို့က စည်းစိမ်ဂုဏ်သိမ် ပညာ စသည်တို့ ရရှိလာခြင်းကို မမြင်လို၊ မရှုဆိတ်သော သဘောထားသည်လည်းကောင်း၊
(၃) မိမိ၊ မိမိ၏မိသားစု၊ မိမိ၏ ကုမ္ပဏီ၊ မိမိ၏လူမျိုး၊ မိမိတိုင်းပြည်၊ မိမိပါဝင်သော ကမ္ဘာ့အုပ်စုကြီးတစ်ခု၏ စည်းစိမ်ဂုဏ်သိမ်ပညာစသည်ကို အခြားတိုင်းပြည်တို့က အခြား ကမ္ဘာ့အုပ်စုကြီးတို့က ထိပါးစော်ကားလာခြင်းကို မမြင်လို၊ မရှုလိုသောသဘောထားသည်လည်းကောင်း မစ္ဆရိယတရားဆိုး ဖြစ်၏။

ယင်းတရားဆိုးတို့၏ ဖြစ်ပေါ်လာရာ အခြေခံအကြောင်းရင်းမှာ ချစ်ခြင်း၊ မုန်းခြင်းတရားပင် ဖြစ်၏။ ထိုမုန်းတီးတတ်သော စိတ်ထားကား ဣသာမစ္ဆရိယ ဖြစ်ပေါ်ရန် အခြေခံအကြောင်းရင်းဖြစ်၏။ ယင်းအကြောင်းတရားများကို ဗုဒ္ဓ၏သီလကျင့်စဉ်ဟု ဆိုအပ်သော သိက္ခာသုံးရပ်အကျင့်မြတ်တို့က အမြစ်ပြတ်အောင် ချေဖျက်နိုင်သော စွမ်းအားရှိ၏။ သီလဖြူစင်မှုကို အခြေခံလျက် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး၊ ကသိုဏ်းဆယ်ပါး၊ သမာပတ်ရှစ်ပါး တို့ကို တကယ်စစ်မှန်သော ဈာန်သို့ ဆိုက်သည့်တိုင်အောင် အောင်မြင်စွာ လက်တွေ့ပွားများ အားထုတ်နိုင် ပါက သတ္တဝါအားလုံးတို့၏ အပေါ်၌ ညီမျှသော မေတ္တာတရား၊ ကရုဏာ တရား၊ မုဒိတာတရား၊ ဥပေက္ခာတရားတို့ကို အောင်အောင်မြင်မြင် ရရှိနိုင်မည်ဖြစ်သည်။

ထိုဗြဟ္မစိုရ်တရားတို့၏ စွမ်း အားကြောင့် ချစ်ခြင်း၊ မုန်းခြင်းတရား များသည် ဝေးကွာသွားမည်ဖြစ်သည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို အောင် အောင်မြင်မြင် ပွားများအားထုတ်သူ တိုင်း ရရှိခံစားရမည်ဖြစ်သည်။ သို့သော် ထိုငြိမ်းချမ်းရေးကား ဈာန် သမာဓိအရှိန်အားကောင်းခိုက် ရရှိ နိုင်သော ယာယီငြိမ်းချမ်းရေးမျှသာ ဖြစ်သည်။ ထိုယာယီငြိမ်းချမ်းရေးမှ ထာဝရငြိမ်းချမ်းရေးသို့ တစ်ဆင့် တက်လှမ်းရမည်ဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် မြတ်ဗုဒ္ဓ ၏ တစ်ခုတည်းသော ဝိပဿနာ ကျင့်စဉ်ကို ကျင့်ကြံပွားများ အား ထုတ်ကြလျှင် ထာဝရငြိမ်းချမ်းရေး သည် မြန်မာမှ ကမ္ဘာသို့တိုင် ပျံ့နှံ့ နိုင်မည်မှာ မလွဲမသွေဖြစ်သည်။

ဘာသာတိုင်း၏ အတွင်းအနှစ် သာရမှာကား အတူတူပင်။ အကျင့် သီလကောင်းရမည်၊ အစိုးရသည့် စိတ် ဖြစ်ရမည်၊ မေတ္တာစိတ်၊ ကရုဏာစိတ်၊ စေတနာကောင်း၊ သည်းခံစိတ်၊ သန့်ရှင်းသည့်စိတ် အပြည့်ရှိရမည်၊ အတွင်းအဇ္ဈတ္တ အနှစ်သာရများကို စောင့်ထိန်းကြ ရမည်။ ဝိပဿနာက အနှစ်သာရကို အလေးပေးသည်။ ဘာသာအသီးသီး က လက်ခံနိုင်သည့်အတိုင်း သီလနှင့် အညီ နေထိုင်ရန်၊ စိတ်ကိုနိုင်အောင် ထိန်းရန်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာအပြည့်ရှိသည့် သန့်စင်သောစိတ်ကို ထားရန်သာဖြစ်သည်။ ဘာသာတိုင်း ၏ အတွင်းအနှစ်သာရမှာ အမြဲ စည်းလုံးသည်၊ အဇ္ဈတ္တအနှစ်သာရကို အလေးထားလျှင် လူသားအားလုံး သဘောထားညီညွတ်နေမည်။ ထို့ ကြောင့် ယနေ့ပြဿနာများကို ဝိပဿနာတရားက ဖြေရှင်းပေးနိုင် သည်။

အခက်အခဲများမှာ ဘာသာ ရေးကဏ္ဍတွင်သာမဟုတ်။ စီးပွား ရေးလောကတွင်လည်း ရှိနေသည်။ လူများသည် လောဘကြီးသည်။ လောဘကြောင့် သူတစ်ပါးနစ်နာ အောင် လုပ်လာကြသည်။ ငွေရဖို့ သာ ကြည့်သည်။ ဝိပဿနာနည်းနှင့် စိတ်သန့်စင်မှုရလာသည့်အခါ လောဘ၊ ဒေါသများငြိမ်းလာရာမှ
ငြိမ်းချမ်းမှုရရှိလာကြသည်။ သူ တစ်ပါး ထိခိုက်အောင်မလုပ်တော့ဘဲ ရိုးရိုးသားသား ငွေရှာလာကြသည်။ ရိုးရိုးသားသားရှာလို့ရသည့်ငွေကို
အများအကျိုးအတွက်သုံးပါ။ လူ့ အဖွဲ့အစည်းမှရလာသည်များကိုမူ တချို့တဝက်ကို လူများအတွက် ကရုဏာအပြည့်၊ မေတ္တာအပြည့်နှင့် ပြန်သုံးသွားသင့်ပါသည်။ပိုက်ဆံချမ်းသာ၍အလှူပေး သည်။ လှူသည့်အလှူတွင်လည်း အတ္တကြီးထွားလိုအောင် မလှူရပါ။ အများအတွက် ကရုဏာနှင့်လှူရ မည်။ လူအများအကျိုးရှိရန်၊ သာသနာအကျိုးရှိရန် အသုံးပြုမည် ဆိုသည့် ဦးတည်ချက်နှင့်လှူရမည်။ ငွေရှာခြင်းသည် ငါတစ်ယောက် တည်းသုံးရန်မဟုတ်၊ အခြားသူများ အတွက်လည်းပါသည် ဟု တွေးထား လျှင် လူနေမှုစနစ်တစ်ခုလုံး သန့်စင် လာမည်။ ယင်းမှာ အတ္တဟိတ၊ ပရဟိတပင်ဖြစ်ပါသည်။

လူတိုင်းအတွက် အကျိုးရှိစေ မည့် အကျင့်သီလ၊ စာရိတ္တကောင်းရန် စောင့်ထိန်းခြင်း၊ မြတ်စွာဘုရား ဟောကြားတော်မူသော ဣသာ၊ မစ္ဆရိယ တရားများ မထားခြင်း၊ ဗြဟ္မစိုရ်တရားထားခြင်း၊ လောဘ၊ ဒေါသ၊ မောဟ၊ မာနပယ်လိုက်လျှင် လူသားအားလုံး ပျော်ရွှင်ပေါ့ပါးစွာ နေထိုင်နိုင်ကြမည်ဖြစ်သည်။ရန်ဖြစ်မနေကြပါနှင့်၊ သူတို့ ဘာသာသူတို့ ပျော်နေကြပါစေ။ အနှစ်သာရတည်းဟူသော မေတ္တာ တရားဖြင့် လူသားတိုင်း၊ မိသားစု တိုင်း၊ ကိုယ့်အိမ်ကိုယ့်ယာ၊ ကိုယ့် မိသားစု၊ ကိုယ့်တိုင်းပြည်တွင် ရန်ဖြစ် မနေကြဘဲ ခန္တီပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတရား ပွားများကာ ပျော်ရွှင်ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြ ပါစေ။တရားနှင့်အညီ နေကြည့်ပါ။ တကယ်ငြိမ်းချမ်းပါလိမ့်မည်။ ပျော်ရွှင်ငြိမ်းချမ်းကြပါစေ။ သတ္တဝါအားလုံးတို့ ထာဝရ ငြိမ်းချမ်းရေးကို ရရှိကြပါစေ။

ဝေဒစန္ဒီ
စာကိုး-
(၁) ဖားအောက်တောရ ဆရာတော်၏ “ထာဝရငြိမ်းချမ်းရေးသို့”
(၂) ဆရာကြီး ဦးဂိုအင်ကာ၏ “အဇ္ဈတ္တ ငြိမ်းချမ်းမှုမှသည် ပိုမိုကောင်းမွန်သော ကမ္ဘာတစ်ခုဆီသို့”

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071