Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeArticlesကြည့်လို့ မဝနိုင်တဲ့ စာအုပ်ကြီး

ကြည့်လို့ မဝနိုင်တဲ့ စာအုပ်ကြီး

ပန်းချီဆရာတွေ အများကြီး၊ အများကြီးရှိပေမယ့် မြန်မာ့ ရိုးရာ ဒီဇိုင်းပညာကို တစ်သက်လုံး လေ့လာ ဆည်းပူးသူ ဆိုလို့ရှိရင်ဖြင့် မန္တလေး ဦးအေးမြင့် တစ်ဦးပဲ ရှိ တယ်လို့ ကျွန်တော်ရဲရဲပြောနိုင်ပါ တယ်။ သူက မြန်မာ့ရိုးရာ ကနုတ်ပန်း ပန်းချီတွေကို မြန်မာနိုင်ငံ အနှံ့အ ပြား၊ ဘုရားကြိုဘုရားကြား၊ ကျောင်း ကြိုကျောင်းကြားတွေကို တစ်သက် လုံး လှည့်လည်သွားလာပြီး ရှာဖွေ၊ တူးယူ၊ လေ့လာ ဆည်းပူးနေသူဖြစ် ပါတယ်။ သူကမန္တလေးမြို့ပေါ်မှာ မနေတော့ဘဲ မန္တလေးနဲ့ အနီးအနား အစွန်အဖျားက အမရပူရမြို့၊ မဟာ ဂန္ဓာရုံကျောင်းအနီး ဘုရားရိပ်တရားရိပ် မှာပဲ အခြေချနေထိုင်ပါတယ်။ အသက် အရွယ်ကတော့ ၈၇နှစ်။ ကိုးဆယ် တွင်း ရောက်ရှိနေပါပြီ။ ကျွန်တော် ၂ဝ၁၅ ခုနှစ်မှာ ဗမာ ပြည်ကို အလည် ပြန်တော့ ဆရာဦး အေးမြင့် အိမ်ကို မရောက်မနေ ရှာဖွေ သွားရောက်ပြီး ဦးအေးမြင့်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ ပါသေးတယ်။ ဦး အေးမြင့်ကို အရင်လိုပဲ ကျန်းကျန်းမာမာ ပြုံးပြုံး ရွှင်ရွှင်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ပန်းချီဆရာတွေ အများကြီး၊ အများကြီးရှိပေမယ့် မြန်မာ့ ရိုးရာ ဒီဇိုင်းပညာကို တစ်သက်လုံး လေ့လာဆည်းပူးသူ ဆိုလို့ရှိရင်ဖြင့် မန္တလေး ဦးအေးမြင့် တစ်ဦးပဲ ရှိ တယ်လို့ ကျွန်တော်ရဲရဲပြောနိုင်ပါ တယ်။ သူက မြန်မာ့ရိုးရာ ကနုတ်ပန်း ပန်းချီတွေကို မြန်မာနိုင်ငံ အနှံ့အ ပြား၊ ဘုရားကြိုဘုရားကြား၊ ကျောင်း ကြိုကျောင်းကြားတွေကို တစ်သက် လုံးလှည့်လည်သွားလာပြီး ရှာဖွေ၊ တူးယူ၊ လေ့လာ ဆည်းပူးနေသူဖြစ် ပါတယ်။ သူကမန္တလေးမြို့ပေါ်မှာ မနေတော့ဘဲ မန္တလေးနဲ့ အနီးအနား အစွန်အဖျားက အမရပူရမြို့၊ မဟာ ဂန္ဓာရုံကျောင်းအနီး ဘုရားရိပ်တရားရိပ် မှာပဲ အခြေချနေထိုင်ပါတယ်။ အသက် အရွယ်ကတော့ ၈၇နှစ်။ ကိုးဆယ် တွင်း ရောက်ရှိနေပါပြီ။ ကျွန်တော် ၂ဝ၁၅ ခုနှစ်မှာ ဗမာ ပြည်ကို အလည် ပြန်တော့ ဆရာဦး အေးမြင့် အိမ်ကို မရောက်မနေ ရှာဖွေ သွားရောက်ပြီး ဦးအေးမြင့်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ ပါသေးတယ်။ ဦး အေးမြင့်ကို အရင်လိုပဲ ကျန်းကျန်းမာမာ ပြုံးပြုံး ရွှင်ရွှင်နဲ့ တွေ့ဆုံခဲ့ရပါတယ်။

ဦးအေးမြင့်ကို ကျွန်တော် တွေ့ဆုံရင်းနှီးခဲ့တာ ကဖြင့် နှစ်ပေါင်း ၆ဝ မျှရှိခဲ့ပါပြီ။ ကျွန်တော် မန္တလေး တက္ကသိုလ်ကို ရောက်တဲ့ ၁၉၅၆- ၅၇ ခုနှစ်ကုန် လောက်ကစပြီး သိကျွမ်း ရင်းနှီးခဲ့နေခဲ့တာပါ။ မန္တလေး တက္ကသိုလ်က လောင်ရှင်အသင်းမှာ ကျွန်တော်အတွင်းရေးမှူး လုပ်တဲ့နှစ် က ထုံးစံအတိုင်းပါပဲ၊ စာဆိုတော်က တော့ပွဲလုပ်ဖို့ စာစောင်တွေထုတ်ဖို့ ရန်ပုံငွေ ရှာရပါတယ်။ ကျွန်တော်က အဆန်းထွင်ပြီး အဝတ်ပြက္ခဒိန်လေး တွေ လုပ်ရောင်းမယ်လို့ ကြံစည်ပြီး ကိုအေးမြင့်ကိုပဲ အကူအညီတောင်း လိုက်ပါတယ်။ လူငယ်ပန်းချီကျော် များဖြစ်ကြတဲ့ ဝင်းဖေ၊ ပေါ်ဦးသက်နဲ့ စိန်ထင်တို့ဆီက တင်မိုး၊ ကြည် အောင်၊ မောင်စွမ်းရည်တို့ရဲ့ ကဗျာ စာအုပ်မျက်နှာဖုံးတွေ ရေးဆွဲပေးဖို့ အကူအညီတောင်းခဲ့ပြီးပြီလေ။ ကျွန်တော်တို့ ဆုရတဲ့ကဗျာစာအုပ် တွေ ဝင်းဖေချည်းပဲ ဒိုင်ခံရေးဆွဲ ပေးခဲ့တာဆိုတော့ ဝင်းဖေက တောင် ကြွားသေး၊ သူမျက်နှာဖုံး သုံးစွဲတဲ့စာအုပ်တိုင်း အမျိုးသားစာပေ ဆုရ သတဲ့လေ။ အဟုတ်ပြောတာ မဟုတ် တော့လည်း ဒီလိုပဲ ကြည့်နေလိုက်ရ ပါတယ်။

အဲဒါက ကြုံတုန်းကြားဖောက်ပြီး ကြွားလိုက်တာလို့ပဲ သဘောထား လိုက်ပါတော့။ ကိုအေးမြင့်ကြီးကို တော့ ကျွန်တော်က ဈေးဦးဖောက် လိုက်ပါတယ်။ သူက ဆောင်းဒါးရက် ကန်းကျောင်းမှာ ဒီဇိုင်းဆရာလုပ်ခဲ့ သူဆိုတော့ ပိတ်စပေါ်ပြက္ခဒိန်ရိုက် တာနားလည်ပြီးသား ဖြစ်မှာပေါ့။ ကျွန်တော်ကပဲ အကြံပေးတယ်။ စာဆိုတော် အမျိုးသမီးလှိုင်ထိပ် ခေါင်တင်ရဲ့ စိန်ခြူးကြာညာင်ဘော လယ်ကို သရုပ်ဖော်တဲ့အနေနဲ့ “မှန် ရွှေပြူတင်းက မယ်ခုမျှော်”ဆိုတဲ့ တေး သရုပ်ဖော်ပုံလေး ရေးဆွဲပေးပါပေါ့။ သူကလည်း ရေးဆွဲပေးတယ်။ လှပါပေ ရဲ့။ သရုပ်ပေါ်ပါပေရဲ့။ ပြက္ခဒိန် အထက်နဲ့အောက်မှာ ပွတ်လုံး ဘောင် ကပ်လိုက်လို့၊ ဒါပေမဲ့ မရောင်းရပါ ဘူးခင်ဗျာ “လင်မျှော်တဲ့”အပူသည် ရုပ်မို့တဲ့။ ယောက်ျားများကတောင် လက်ဆောင်ပေးတာ မယူဝံ့ကြဘူး တဲ့။ ဒါကတော့ ကျွန်တော်နဲ့ ကို အေးမြင့်ကြီးတို့ရဲ့ ဈေးဦးပေါက် အလုပ်လေ။ အတိတ်နိမိတ်က မှန် သလားမသိဘူး။ ကျွန်တော်ရော၊ သူရော မန္တလေး ဈေးချိုလက်ဖက်ရည် ဆိုင်မှာပဲ နေကုန်နေခန်း ထိုင်လေ့ရှိ ကြတာဆိုတော့ ကျွန်တော် တို့ရဲ့ဇနီး သည်တွေက ရွှေလည်တိုင်ဖော့ရိုး ကျိုးမတတ် ဆိုပါတော့။

ကျွန်တော်တို့ မန္တလေးတက္ကသိုလ် ဟာအရင်က ရန်ကုန် တက္ကသိုလ်ရဲ့ လက်အောက်မှာပဲ ရှိခဲ့တာပါ။ တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးကို လေး လက်ထက်၊ မောင်သာနိုး၊ မောင်မိုးသူ၊ မုံရွာတင်ရွှေ၊ တက္ကသိုလ် မောင်စောလွင်၊ မောင်စွမ်းရည်တို့ ကျောင်းသား သမဂ္ဂအမှုဆောင် အရွေး ခံရတဲ့နှစ်မှာပဲ ရန်ကုန် တက္ကသိုလ်ရဲ့ လက်အောက်က လွတ်ပြီး သီးခြား တက္ကသိုလ် ဖြစ်လာပါတယ်။ မန်း တက္ကသိုလ်သမိုင်းဌာနအတွက် ဘိလပ် ပြန် ဒေါက်တာ သန်းထွန်းကိုလည်း သမိုင်းပါမောက္ခအဖြစ် ခန့်လိုက်ပါ တယ်။ အထူးအားဖြင့်တော့ မောင် စောလွင်နဲ့ မောင်စွမ်းရည်တို့က ဒေါက်တာ သန်းထွန်းရဲ့ သုတေသန ကိစ္စအတွက် ပေ၊ ပုရပိုက်တွေ ရှာဖွေ စုဆောင်းရေးမှာ ကူညီကြတယ်။ ပြင်ပကတော့ ပန်းချီ ဆရာဦးအေး မြင့်က အကူအညီ အပေးနိုင်ဆုံး ဖြစ် နေပါတယ်။ သူကသူ့ဝါသနာ အလျောက် သမိုင်းဝင် ကနုတ်ပန်းတွေကို လိုက် ပြီးရေးကူး မှတ်တမ်းတင်နေသူပေကိုး။

ဆရာသန်းထွန်းက ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ (၁၉၄၇ ဗကသဥက္ကဋ္ဌ) လုပ်လာသူ ဖြစ်လို့ မန္တလေးတက္ကသိုလ် ကျောင်း သားခေါင်းဆောင်များက သံယော ဇဉ်ဖြစ်ပြီး ဝိုင်းဝန်းကြိုး ပမ်းကူညီကြ တာဖြစ်ပါတယ်။ ကျွန်တော်လည်း ဘူမိဗေဒ သိပံ္ပကျောင်းသား အဖြစ် တတိယနှစ်မှာ စာမေးပွဲကျပြီး သောင် တင်နေရာက ဆရာသင်ကြားပို့ချတဲ့ မြန်မာနိုင်ငံ သမိုင်းဘာသာရပ်ကို လေ့လာသင်ယူချင်လို့ ဝိဇ္ဇာဘာသာ ပြောင်းယူပြီး ညနေသင်တန်းကို တက်လိုက်တဲ့အခါ ဆရာရဲ့တရားဝင် တပည့်ကျောင်း သားဖြစ်သွားခဲ့ပါ တယ်။ လူထုဦးလှ၊ ဒေါ်အမာတို့နဲ့ ကလည်း ဆရာနဲ့ ခင်မင်ရင်း နှီးကြ တယ်။ ဦးလေးလှနဲ့ဆရာနဲ့ဆိုရင် ညီ အစ်ကို အရင်းလို ခင်ကြတယ်။ ဦး လေးရယ်၊ ဆရာရယ်၊ ကျွန်တော်ရယ် သုံးယောက် တန်းစီထိုင်နေတော့ ဒေါ်ဒေါ်(ဒေါ်အမာ)က “ဟယ်..ညီအစ်ကိုသုံးယောက်လိုပဲ” လို့ ပြော ဖူးပါတယ်။ ကျွန်တော်တို့လည်း ဆရာနဲ့ ရင်းနှီးလာတဲ့အခါ နယ်က စာပေဟော ပြောပွဲတွေကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ဆရာက “ငါစာ ရေးဆရာ မဟုတ်ဘူး”တဲ့။

ဆက်လက်ဖော်ပြပါမည်။

မောင်စွမ်းရည်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071