Wednesday, September 9, 2026

မြောက်ကိုရီးယားတည်ထောင်ခြင်း ၇၈ နှစ်မြောက်တွင် ရှီနှင့်...

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ပြီး...

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

စက်တင်ဘာ ၉ ရက် ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု...

အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE...

စက်တင်ဘာ ၉ ရက်၊ ဂျေရုဆလင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)...

EU သည် ရာသီဥတုပြောင်းလဲမှု တို-က်ဖျ-က်ရေးဆီသို့...

စက်တင်ဘာ ၉ ရက် လွန်ခဲ့သည့် နှစ်နှစ်အတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို သိသိသာသာ လျှော့ချခဲ့သည်ဟု ဝေဖန်ခံနေရချိန်တွင် ကမ္ဘာကြီးပူနွေးလာမှုကို တို-က်ဖျ-က်ရေး လုပ်ငန်းစဉ်သည် ယခုလအတွင်း...
HomeNewsLocal News(၉) ကြိမ်မြောက် ဘင်္ဂလူရူး...

(၉) ကြိမ်မြောက် ဘင်္ဂလူရူး အာကာသနည်းပညာပြပွဲကြီး ကျင်းပနေ

အိန္ဒိယနိုင်ငံ၊ ကာနာတာက ပြည်နယ်၊ ဘင်္ဂလူရူးမြို့ရှိ Bengaluru International Exhibition Centre (BIEC) ၌ (၉) ကြိမ်မြောက် Bengaluru Space Expo 2026 ကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ကျင်းပလျက်ရှိသည်။

ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ဒေသဆိုင်ရာ ရိုးရာအကအလှများဖြင့် ကြိုဆိုဖျော်ဖြေခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီနည်းပညာတို့ကို ပေါင်းစပ်ဖော်ပြသည့် အခမ်းအနား တစ်ရပ်အဖြစ် စိတ်ဝင်စားဖွယ် တွေ့မြင်ရသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ နည်းပညာဆိုင်ရာ အဖွဲ့အစည်းနှင့် ကုမ္ပဏီ ၂၅၀ ကျော် ပါဝင်ပြသ လျက်ရှိပြီး လာရောက်လေ့လာသူ ၁၂,၀၀၀ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားကြသည်။

ထို့အပြင် ပြပွဲတွင် အာကာသနည်းပညာနှင့် ဆက်စပ်သည့် ဟောပြောပွဲများ၊ စကားဝိုင်း ဆွေးနွေး ပွဲများ၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများနှင့် B2B စီးပွားရေးချိတ်ဆက်ပွဲများ ကိုလည်း ထည့်သွင်းကျင်းပလျက်ရှိသည်။

ပြပွဲ၌ Indian Space Research Organisation (ISRO)၊ Hindustan Aeronautics Limited (HAL)၊ Dhruva Space၊ Bellatrix Aerospace နှင့် Safran အပါအဝင် အာကာသနှင့် လေကြောင်းနည်းပညာ ဆိုင်ရာ နိုင်ငံတကာကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ပြသထား ကြသည်။

HAL ၏ ပြခန်းတွင် အိန္ဒိယ၏ Gaganyaan လူလိုက်ပါအာကာသမစ်ရှင် နှင့် သက်ဆိုင်သည့် နည်းပညာများ၊ အာကာသစနစ်ဆိုင်ရာ မော်ဒယ်များနှင့် PSLV အပါအဝင် ဒုံးပျံနည်းပညာဆိုင်ရာ ပြသမှုများကို တွေ့မြင်နိုင်သည်။ ထို့အပြင် Gaganyaan စီမံကိန်းနှင့်ဆိုင်သည့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း လေ့လာနိုင်သည်။

Dhruva Space ၏ ပြခန်းတွင် မြေပြင်အခြေစိုက် ဂြိုဟ်တုဆက်သွယ်ရေး၊ ဒေတာလက်ခံရယူမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ A.S.T.R.A.V.I.E.W စနစ်များနှင့် အခြားအဆင့်မြင့် အာကာသနည်းပညာများကို ခင်းကျင်းပြသထားပြီး၊ ဂြိုဟ်တုမြေပြင်စနစ်နှင့် အာကာသအခြေပြု ဝန်ဆောင်မှုများ၏ လက်ရှိတိုးတက်မှုအခြေအနေများကို လေ့လာနိုင်သည်။

Bengaluru Space Expo 2026 သည် အာကာသနည်းပညာကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ နည်းပညာဖလှယ်မှုနှင့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တိုးချဲ့ရန်၊ အနာဂတ် အာကာသစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံတွင် အာကာသနည်းပညာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရာ၌ ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှု မြင့်တက်လာခြင်းနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကိုလည်း ယင်းပြပွဲမှတစ်ဆင့် ထင်ရှားစွာ တွေ့မြင်နိုင်သည်။

ပြပွဲသို့ လာရောက်လေ့လာသူများ များပြားစွာ တက်ရောက်လျက်ရှိပြီး၊ အာကာသနည်းပညာ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာများ ကိုလည်း ဖော်ထုတ်ပြသနိုင်သည့် နိုင်ငံတကာအဆင့် ပြပွဲတစ်ရပ်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောက်ကိုရီးယားတည်ထောင်ခြင်း ၇၈ နှစ်မြောက်တွင် ရှီနှင့် ပူတင်တို့က ကင်မ်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ ဂုဏ်ပြုသတင်းစကားများ ပေးပို့ခဲ့ပြီး ပြုံယမ်းနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆက်လက်ခိုင်မာစေလိုကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၉ ရက်တွင် ဖော်ပြသည်။ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် မဟာဗျူဟာမြောက် လမ်းညွှန်မှုပေးခြင်းနှင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်းတို့တွင် ကင်မ်ဂျုံအန်နှင့်အတူ လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတရှီက သတင်းစကားတွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာဖွံ့ဖြိုးစေခြင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့်...

ထိုင်းတွင် မြေအောက်ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟုသံသယရှိ

စက်တင်ဘာ ၉ ရက် ဘန်ကောက်၊ ကလောင်တွဲ ခရိုင်ရှိ မြေအောက် ရေနံပိုက်လိုင်း ယိုစိမ့်သည်ဟု သံသယရှိခြင်းကြောင့် ရေနံလီတာ ထောင်ပေါင်းများစွာသည် မြောင်းများအတွင်းသို့ ယိုစိမ့်ဝင်ရောက်ခဲ့သည်ဟု ယူဆရသဖြင့် မီးဘေးအန္တရာယ် သတိပေးချက်များကို ထုတ်ပြန်ထားရသည်။ ဘန်ကောက်မြို့တော်ဝန် ချက်ချာတ် စစ်တီဖန့် က ဗုဒ္ဓဟူးနေ့နံနက်တွင် အဆိုပါ သံသယကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယိုစိမ့်မှုသည် ရာမ ၃ လမ်း တံတားအောက်ရှိ ချူအာဖလင်းလမ်း ပလက်ဖောင်း မြောင်းများအတွင်းသို့ စိမ့်ဝင်မှုဖြစ်ပွားဖွယ်ရှိကြောင်း အသေးစိတ် ပြောကြားခဲ့သည်။ “အချင်း ၁၄ လက်မခန့်ရှိတဲ့ မြေအောက် ရေနံပိုက်လိုင်းမှာ...

အောက်တိုဘာ ၇ ရက်၌တိုက်ခိုက်မည်ဟု UAE ကနေတန်ယာဟုကို သတိပေးခဲ့

စက်တင်ဘာ ၉ ရက်၊ ဂျေရုဆလင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့၏ တို-က်ခိုက်မှု မဖြစ်ပွားမီ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က သတိပေးခဲ့ကြောင်း အစီရင်ခံစာ ထွက်ပေါ်လာပြီးနောက် အစ္စရေး အတို-က်အခံ ခေါင်းဆောင်များက ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ရန် သင့်တော်မှု မရှိတော့ကြောင်း မနေ့က ပြောကြားလိုက်သည်။ Haaretz သတင်းစာသည် ၎င်းတို့၏ သတင်းထောက်များ ရေးသားထားပြီး မကြာမီ ထွက်ရှိတော့မည့် စာအုပ်မှ ကောက်နုတ်ဖော်ပြချက်တစ်ခုတွင် UAE...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071