Friday, May 1, 2026

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော...

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က...

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင်...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊...

ရေပေးဝေသည့်ကိစ္စ စကားများရာမှ မောင်ဖြစ်သူက အစ်မအရင်းအား...

​ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ရေပေးဝေသည့်ကိစ္စဖြင့် မောင်နှမချင်းစကားများရာမှ မောင်ဖြစ်သူက အစ်မရင်းဖြစ်သူအား ပေါက်တူးဖြင့်ရို-က်နှ-က်သ-တ်ဖြ-တ်ခဲ့မှု ဧပြီ ၃၀ ရက်ည ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကျောက်တန်းမြို့နယ်၊...
HomeNewsLocal News(၈၃)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်

(၈၃)ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်

(၈၃)ကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို မန္တလေး ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။

ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုအဖြစ် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်တွင် နေထိုင်သူ အသက် (၂၆)နှစ်အရွယ်ရှိ အမျိုးသားလူနာနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် (၂၆)နှစ်အရွယ်ရှိကျောက်ကပ်အလှူရှင်တို့ နှစ်ဦးအား ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ(၂၀)ရက် နံနက် (၉)နာရီ (၂၂)မိနစ်အချိန်မှ စတင်ဆောင်ရွက်ခဲ့ကာ မွန်း လွဲ (၂)နာရီ (၄၅)မိနစ်အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုခံယူခဲ့သည့် လူနာနှင့် ကျောက်ကပ်အလှူရှင်တို့၏ ခွဲစိတ်ပြီးကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ဘာသာရပ်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက လိုအပ်သော ပြုစုကုသမှုများကို အနီးကပ် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော နိုင်ငံတကာအဆင့်မီကုသမှုများကို ပြည်တွင်း၌ လက်လှမ်းမီ ရရှိနိုင်ခြင်းဖြင့် ပြည်သူများ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးနှင့် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးတိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃)ကြိမ်မြောက် ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုအောင်မြင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ‌ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ (၈၂)ကြိမ်မြောက်အဖြစ် ကျောက်ကပ်အစားထိုးခွဲစိတ် ကုသမှုဆောင်ရွက်ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ယာယီရပ်နားခဲ့ရကာ ယခု (၈၃)ကြိမ်မြောက်အဖြစ် ပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို ပြည်သူ့ဆေးရုံများအနေဖြင့် အထူးကုဆေးရုံကြီး(ခုတင် ၅၀၀) ရန်ကုန်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်၁၀၀၀)နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့၌ လည်းကောင်း၊ တပ်မတော်ဆေးရုံများအနေဖြင့် ရန်ကုန်ရှိ အမှတ် (၁)တပ်မတော်ဆေးရုံ(ခုတ င် ၁၀၀၀)၊ နေပြည်တော်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ (ခု တင် ၁၀၀၀)၊ ပြင်ဦးလွင်ရှိ အမှတ်(၁) တပ်မတော် ဆေးရုံ (ခုတင် ၇၀၀)နှင့် အောင်ပန်းရှိအမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀)တို့၌လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများအနေ ဖြင့် ရန်ကုန်ရှိ ပန်းလှိုင်ဆေးရုံနှင့် ကန်သာယာဆေးရုံတို့၌ လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘန်ကောက်၏ အပူညွှန်းကိန်း အလွန်အမင်း အန္တရာယ်များသော အဆင့်သို့ ရောက်ရှိ

ကြာသပတေးနေ့တွင် ဘန်ကောက်မြို့၏ အပူညွှန်းကိန်းသည် ယခုရာသီတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်အမင်းအန္တရာယ်ရှိသောဇုန်သို့ ဝင်ရောက်ခဲ့ပြီး အပူချိန် ၅၂ ဒီဂရီဆဲလ်စီးယပ်စ်ထက်မြင့်မားခြင်း သို့မဟုတ် ယင်းပမာဏနှင့် ညီမျှသော အပူဒ-ဏ်ကိုခံစားရသကဲ့သို့ဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့က သတိပေးခဲ့သည်။         ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့(BMA) က နံနက် ၇ နာရီခွဲတွင် ယင်းသို့ သတိပေးချက်ထုတ်ပြန်ခဲ့ကာ နေ့လည်ပိုင်းအချိန်များတွင် ပြင်ပလှုပ်ရှားသွားလာမှုများကို ရှောင်ရှားကြရန် လူထုကို တိုက်တွန်းခဲ့သည်။       ခံနိုင်ရည်အားနည်းသော အုပ်စုဝင်များအနေဖြင့် မိမိကိုယ်ကိုယ် အထူးဂရုစိုက်သင့်ကြောင်းလည်း BMA က ပြောကြားခဲ့သည်။      ထိုအုပ်စုဝင်များထဲတွင် အသက် ၅ နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀...

ထိုင်း ၆၃၅ ဦးကို ဖနွမ်းပင်က ပြည်နှင်ဒ-ဏ်ပေး

ကမ္ဘောဒီးယား အာဏာပိုင်များသည် ထိုင်းနိုင်ငံ ဘန်တေး မီးချေး ပြည်နယ်တွင် ထိုင်း နိုင်ငံသား ၆၃၅ ဦး ကို ကြာသပတေးနေ့တွင် တရားမဝင် အွန်လိုင်း လှည့်ဖြားမှုနှင့် နိုင်ငံဖြ-တ်ကျော် ရာဇ၀တ်မှု ကွန်ရက်များနှင့် ချိတ်ဆက်မှုဖြင့် ပြည်နှင်ဒ-ဏ်ပေးခဲ့သည်။ "ကမ္ဘောဒီးယားဥပဒေနဲ့အညီ ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြန်ပို့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သံသယရှိသူ ၃၀ ဦးကို ဖမ်းဆီးထားပါတယ်။ ကမ္ဘောဒီးယားမှာ စွဲချက်တင်ထားတဲ့ ပြစ်မှုတွေနဲ့ ပတ်သက် ပြီးတော့ ကမ္ဘောဒီးယားမှာ ဆက်လက် တရားစွဲမှာပါ" ဟု...

ညောင်ရွှေမြို့နယ်တွင် မီတာယူနစ်များမှန်ကန်စေရေးနှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုပပျေ-ာက်ရေး ကွင်းဆင်းစစ်ဆေးမှုစတင်

​ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများ လစဉ်မီတာယူနစ်များတိကျမှန်ကန်စေရန်နှင့် ဓာတ်အားလေလွင့်မှုလျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဖတ်ရှုခြင်းကို ယနေ့ မေ ၁ ရက်မှစတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊ ၆၆-ကေဗွီ ဓာတ်အားခွဲရုံများမှ ကျွမ်းကျင်ဝန် ထမ်းများက အဖွဲ့များခွဲ၍ ယနေ့ မေ ၁ ရက်မှ မေ ၅ ရက်အထိကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ​လစဉ်ဓာတ်အားသုံးစွဲယူနစ်များမှန်ကန်မှုရှိစေရေး၊ မီတာပြဂဏန်းများကို ပိုဖတ်ခြင်း/လိုဖတ်ခြင်းများ မရှိစေရေး၊ ​တရားမဝင်ဓာတ်အားသုံးစွဲမှုများအားစစ် ဆေးဖော်ထုတ်ခြင်းနှင့် ​ဓာတ်အားပျောက်ဆုံးမှုလျော့ နည်းကျဆင်းစေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ မီတာများဖတ်ရှုရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သုံးစွဲသူများယုံကြည်မှုရှိစေရန်အတွက် မီတာဖတ်ရှုပြီးစီးမှုအပေါ် အိမ်ရှင်များက ကိုယ်တိုင်မြင်တွေ့သိရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071