(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအား လာမည့် နိုဝင်ဘာပထမပတ်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပသွားမည်ဖြစ်ရာ ပြပွဲတွင် မြန်မာ့ပုလဲများ၊ ကျောက်မျက်ရတနာများနှင့်ကျောက်စိမ်းများကို ရောင်းချပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့တက်ရောက်လိုသည့် ဂျပန်နိုင်ငံရှိ ကျောက်မျက်ရတနာကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာသံရုံး၊ တိုကျိုမြို့၏ ဖုန်း ၀၃- ၃၄၄၁ ၉၂၉၁ နှင့် အီးမေးလ်- [email protected] သို့ဆက်သွယ်နိုင်သည်ဟု အသိပေးခဲ့သည်။
