၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက် (၆) လအတွင်း ပြ ည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၁၂)သိန်းကျော် တင်ပို့ခဲ့ပြီး နိုင်ငံအလိုက် တင်ပို့မှုတွင် တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ထု တ်ပြန်ချက်အရ သိရသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလကုန်အ ထိ တရုတ်အပါအဝင် ပြည်ပနိုင် ငံအသီးသီးသို့ ဆန်နှင့်ဆ န်ကွဲတန်ချိန် (၁၂၀၆၄၀၈) တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ် လာ (၄၀၈) သန်းဝန်းကျင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲတင်ပို့မှုတွင် တရုတ်နိုင်ငံသို့ စုစုပေါင်း ဆန်တန်ချိန် (၃၄၆၉၁၉)တန် နှင့် ဆန်ကွဲတန်ချိန် (၂၄၇၉၈၅) ဖြင့် နိုင်ငံအလိုက် တင်ပို့မှုတွင် အများဆုံး တင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှုတွင် တရုတ်နိုင်ငံကို အများဆုံးဖြစ်ပြီး ဖိလစ်ပိုင်ကို ဒုတိယအများ ဆုံးဖြစ်ကာ စပိန်ကို တ တိယအများဆုံးတင်ပို့ထားကြောင်း သိရသည်။
ကျန်ရှိသည့် ဒုတိယနှစ်ဝက် (၆) လတာကာလအတွင်း တစ်လကို ဆန်နှင့်ဆန်ကွဲတန်ချိန် (၃)သိန်းနှုန်းဖြင့် စုစုပေါင်း တ န်ချိန် (၁၈)သိန်းခန့်ဆက်လက်တင်ပို့နိုင်ရန် လျာထားကြော င်းလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
