Monday, September 21, 2026

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့...

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့...

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန်...

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန်...

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့်...

ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ

မနီလာ၊ စက်တင်ဘာ ၂၁ ဂျပန်နိုင်ငံနှင့် အာဆီယံတို့သည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတို့ကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို...
HomeNewsLocal News(၆)ကြိမ်မြောက် ဗန်းမော်စစ်ရှောင် ကူညီကယ်ဆယ်ရေး...

(၆)ကြိမ်မြောက် ဗန်းမော်စစ်ရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်မည်

တိုက်ပွဲများကြောင့် ဗန်းမော်မြို့အတွင်း ပိတ်မိနေသည့် ဒေသခံ စစ်ဘေးရှောင်လိုသည့် မိသားစုဝင်များကို (၆) ကြိမ်မြောက်အဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေပြင်ကူညီဆောင်ရွက်နေသူ တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။

ယခု သွားရောက် ကူညီကယ်ဆယ်မည့် အစီအစဉ်မှာ ဗန်းမော်မြို့တွင်းမှ ထွက်ခွာလိုသူများနှင့် လမ်းပိုင်းအတွင်း ရောက်ရှိနေသူများကို ဦးစားပေး ကူညီကယ်ဆယ်သွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ဗန်းမော်မှာရှိတဲ့ နောက်ချန်အင်အားက ရေဆိပ်တွေအထိ ကယ်ထုတ်လာပြီး၊ တစ်ဘက်ကမ်းစုရပ်ကို ပို့ပေးမယ်၊ ဒီဘက်က လာကြိုမယ့်သူတွေက စောင့်ပြီး ကြိုသွားမှာပါ။အဓိကကတော့ နာမကျန်းတဲ့သူတွေနဲ့ သက်ကြီး ရွယ်အိုတွေ ကလေ-းငယ်တွေအတွက် အဓိထား လုပ်ပေးတဲ့ခရီးပါ။ ရွှေကူမြို့ကိုရောက်နေတဲ့ သူတွေလည်း ပါမှာပါ”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ဗန်းမော်မြို့တိုက်ပွဲကြောင့် မြို့တွင်း ဧရိယာ၌ အဆောက်အဦး (၃၅) ရာခိုင်နှုန်းခန့် လက်နက်ကြီးကျရောက်၍ မီးလောင်ဆုံးရှုံးမှုများ ရှိနေကြောင်း ဆိုသည်။

ယခု (၆)ကြိမ်မြောက် ကူညီကယ်ဆယ်ရေး ခရီးအတွင်း လက်ရှိအချိန်အထိ (၃၅)ဦးကျော် စာရင်းလက်ခံထားရှိပြီးယခုလ ဇန်နဝါရီ (၂၆)ရက်တွင် မန္တလေးမြို့မှစတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ICC ကို ပိတ်ဆို့အရေးယူဖို့ ထရမ့်အစိုးရအဖွဲ့ ပြင်ဆင်ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များပြော

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) တစ်ခုလုံးကို ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်ပြီးဖြစ်တာကြောင့် မကြာခင်မှာပဲ ကြေညာဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။ ဒါဟာ ICC အပေါ် အမေရိကန်ရဲ့ တို-က်ခိုက်မှုကို ပိုမိုပြင်းထန်လာစေမယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အစ္စရေးခေါင်းဆောင်တွေအပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းတွေအပြင် အာဖဂန်နစ္စတန်က အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး အရင်က စုံစမ်းစစ်ဆေးခဲ့တာတွေကိုပါ တရားရုံးအနေနဲ့ ရုပ်သိမ်းပေးဖို့ အမေရိကန် တာဝန်ရှိသူတွေဖြစ်စေချင်နေတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက...

လယ်ယာကဏ္ဍမှ နိုင်ငံ့ထုတ်ကုန်တိုးတက်ရေး တန်ဖိုးကွင်းဆက်တစ်လျှောက် ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတမှာကြား

နေပြည်တော်၊ စက်တင်ဘာ ၂၁ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့ထုတ်ကုန်တိုးတက်လာစေရေးအတွက် ထုတ်လုပ်မှုမှ ကုန်ကြမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်၊ စက်မှုလုပ်ငန်း၊ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အားလုံးပါဝင်နိုင်ရေး ချိတ်ဆက်ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားခဲ့သည်။ “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် မိရိုးဖလာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းကာ “မျိုး၊ မြေ၊ ရေ၊ နည်း” အခြေခံအချက်များ ပြည့်စုံစေရေး၊ လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဖြစ်သာ ရောင်းချခြင်းမပြုဘဲ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရေးနှင့် ဒေသထွက်ကုန်ကြမ်းအခြေခံ MSME...

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR OSS (YGN) ရုံး နေရာပြောင်းရွှေ့ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန E-Service ရုံးသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ နေရာပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း သိရသည်။ ယခင်က အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) တွင် ဖွင့်လှစ်ထားသည့် CEIR OSS (YGN) ရုံးကို အမှတ် (၅၉/၆၁)၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ E-Service ရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ CEIR...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071