ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ (၅) ရက်မှ ၂၀၂၅ နိုဝင်ဘာ (၂၆) ရက်အထိ နိုင်ငံပေါင်း (၅၂) နိုင်ငံမှ နိုင်ငံခြားသား (၆၈,၅၈၂) ဦးကို ဖမ်းဆီးလွှဲပြောင်းပေးထားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မြဝတီဒေသတွင်ဖြစ်ပေါ်နေသည့် အွန်လိုင်းလောင်းကစားမှုများကို နှိမ်နှင်းသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားချက်တွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံဘက်မှ တရားမဝင်လမ်းကြောင်းများက တဆင့်ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ အပါအဝင် ဒုစရို-က်လုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများကို အဆက်မပြ-တ် ဖမ်းဆီးထိန်းသိမ်းနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။
ထို့ပြင် ဖမ်းဆီးထိန်းသိမ်းထားသူများကို တစ်နေ့သုံးနပ်စာအတွက် တစ်ဦးကို ကျပ် (၁၅၀၀၀) နှုန်းဖြင့် နိုဝင်ဘာ (၂၂) ရက်အထိ ငွေကျပ် သိန်းတစ်သောင်းသုံးထောင်ကျော် ကုန်ကျနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အဆိုပါ လုပ်ငန်းများ ပြန်လည်အခြေမချနိုင်စေရန်လည်း တရားမဝင်အဆောက်ဦးများကို အပြီးတိုင်ဖြိုချဖျ-က်ဆီးရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ KK Park နယ် မြေအတွင်းမှ (၂၅၆) လုံးကို ဖြိုချဖျက်ဆီးနိုင်ခဲ့ပြီး ကျန်ရှိသည့် (၃၇၉) လုံးကို ဆက်လက်ဖြိုချက်ဖျ-က်ဆီးမည်ဖြစ်ကြောင်း သိရသည်။
