၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) တွင် ရန်ကုန်တိုင်းက အဆင့် (၁) နေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်တိုင်းက ရွှေတံဆိပ်ဆု (၃၀) ဆု၊ ငွေတံဆိပ်ဆု (၂၁) ဆု၊ ကြေးတံဆိပ်ဆု (၈) ဆု၊ ဂုဏ်ပြုဆု (၁) ဆုဖြင့် အဆင့် (၁) နေရာကို ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများ စုစုပေါင်း (၃၆၇) ဦး သွားရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲအပြီးတွင် အဆင့် (၁) နေရာကို ထိုက်ထိုက်တန်တန် ရရှိနိုင်ခဲ့ကြောင်းနှင့် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်များအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတိုင်းအတာအနေဖြင့်ယခင်နှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲတွင် အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀အတွင်း) ၊ အခြေခံပညာအဆင့်( အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) ဘာသာရပ်အလိုက် ပြိုင်ပွဲဝင် စုစုပေါင်း ၁၅၄၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ် အဆိုပါအဆင့်သုံးဆင့်အတွက် ပြိုင်ပွဲဝင် ၁၆၆၁ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့်အတွက် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ပြိုင်ပွဲဝင်ဦးရေတိုးတက်များပြားလာကြောင်း သိရသည်။
