အခုရက်ပိုင်း အွန်လိုင်းလက် ဆော့လုပ်နေတုန်း သူငယ်ချင်းစာရေး ဆရာ သိုက်ထွန်းသက်ရဲ့ ပို့စ်တစ်ခု၊ စာရေးဆရာ ဝင်းစည်သူ ကွယ်လွန် တာ ၂၅ နှစ်ပြည့်ကြောင်း ပို့စ်တစ်ခု ဖတ်ရတော့ ဝင်းစည်သူဟာ ကျွန် တော့်ဆီ ပြေးရောက်လာခဲ့တယ်။
ကျွန်တော်က ဝင်းစည်သူ မ ကွယ်လွန်ခင်အထိ ကဗျာတစ်မျိုး တည်းသာ ရေးခဲ့သူဖြစ်တယ်။ ၁၉၆၅ ခု၊ အောက်တိုဘာ ငွေတာရီ နှစ်ကျပ် တန် ပုဂ္ဂလိက မဂ္ဂဇင်းမှာ ပထမဆုံး ကဗျာပါရှိခဲ့ပြီး ကဗျာသက်သက်နဲ့သာ ဘဝကို ဖြတ်သန်းခဲ့သူ၊ ဒါပေမဲ့ ဒီနေ့ တော့ ကဗျာအပြင် စကားပြေ (ဝတ္တုတို-အက်ဆေး)တွေနဲ့လည်း နေထိုင် သူပါ။
ကျွန်တော့်ရဲ့ စကားပြေစီးဆင်း မှုဟာ ဝင်းစည်သူထံက ဆင်းသက် တယ်လို့ ပြောရင် ရပါတယ်။ ကျွန် တော်နဲ့ ဝင်းစည်သူတို့ စတွေ့ပုံကို လည်း ကျွန်တော်ပြန်သတိရလာ တယ်။ အမှန်ဆိုဝင်းစည်သူကို ဇာတ် သေတ္တာမှ စတွေ့ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဇာတ်သေတ္တာပေါ် စတွေ့ခဲ့တာ မဟုတ်ပါဘူး။ ဇာတ် သေတ္တာပေါ် စမတွေ့ရင် ကျူရှင် ကျောင်း တစ်ကျောင်း၊ ကျောင်း ကျောင်းမှာ စတွေ့ဖို့ မကောင်းပေဘူး လား။ အဲ …ကျူရှင်ကျောင်းမှာ လည်း မဟုတ်ဘူးခင်ဗျ။ ကျွန်တော် ဝင်းစည်သူနဲ့ စတွေ့တဲ့နေရာက စာ အုပ်သေတ္တာပေါ်မှာခင်ဗျ။ နေရာက ၃၃ လမ်း လမ်း ၈ဝ၊ ညဈေးတန်းက ကိုငယ် (ကျောင်းဆရာ)နဲ့ စာအုပ် ဆိုင်မှာပါ။ ခင်စရာကောင်းလွန်းလို့ တွေ့တွေ့ချင်း ခင်မင်ခဲ့ကြတယ်။
သူငယ်ချင်း သိုက်ထွန်းသက် တင်တဲ့ ပို့စ်ထဲက မန့်ကြတဲ့ မန့်တွေ ကို ကျွန်တော် အလွမ်းပြေဖတ်ကြည့် ပါတယ်။
သိန်းဇော်ရဲ့ ပြဇာတ်များဟာ ဆရာဝင်းစည်သူရဲ့ ပြဇာတ်များ
ဖာတစ်လုံး ခေါင်းကျား
ပန်းသလား မေပျိုကြိုက်တယ်
အရှုပ်တော်ပုံနှစ်စောင်
ဝယ်ဒယ်ဆိုတဲ့ ဝတ္နုလေး သိပ် ကြိုက်
ငဒို့ဆရာ သရဖူမြန်မာစာ
ဒါတွေဟာ သူ့တပည်တွေက သူတို့ဆရာကို ချစ်လို့ရေးတဲ့ မန့်တွေ ပါ။ ကျွန်တော်လည်း သူငယ်ချင်း ဝင်းစည်သူကို ဒီလို ၂၅ နှစ်ပြည့်မှာ ပိုလို့ သတိရပါတယ်။
ဝင်းစည်သူနဲ့ပတ်သက်ပြီး ကျွန် တော်မှာ ‘အမှတ်ရစရာတွေ’ ပြောခဲ့ တယ်။ သူက အလွန်ချစ်စရာကောင်း တဲ့လူ။ တစ်ခုက သူ အင်တာဗျူးတစ်ခု မှာ ပြောဖူးတယ် သူ့အဖြေမှာ …
‘စကားပြေနဲ့ပတ်သက်ရင် အ ထက်နဲ့အောက် တန်းတူပါ
ကဗျာနဲ့ပတ်သက်ရင်တော့ အောက်မြန်မာပြည်က သာပါတယ်’ ဆိုတဲ့ အဖြေပါ။
အဲဒီအဖြေအတွက် ကျွန်တော် တို့ အထက်ပိုင်းက ကဗျာဆရာတွေ သူ့ကို ဝိုင်းဆဲကြပါတယ်။ ချဲလင့်တွေ လုပ်ကုန်တယ်။ ကျွန်တော်ကတော့ ‘ချဲ’တဲ့အထဲမပါဘူး။ အရက်သောက် တဲ့ထဲပဲပါတယ်။ ဝင်းစည်သူရဲ့ ဒီအင် တာဗျူးအဖြေက ‘ကျွန်တော့်အတွက် အရက်သောက်စရာကြီး’ဖြစ်နေခဲ့ တယ်။ ဥပမာ ကျွန်တော်အရက်မဝ သေးဘူး၊ သောက်ချင်သေးတယ်ဆို ရင် အရက်ကို အာစွတ်ပြီး ဝင်းစည် သူဆီ သွား ‘ဖန်’တော့တာပဲ။
‘ဟေ့ကောင် …ဝ.စ.သ
ကဗျာနဲ့ပတ်သက်ရင် အထက် နဲ့အောက် ဘယ်ကသာသလဲ’။ အဲ မေးခွန်း မေးလိုက်တယ်ဆိုရင်ပဲ သူ က ‘ဟာ ငြိမ်းကြီးလာလာ’ဆိုပြီး အမြည်းကောင်းကောင်းနဲ့ ပုလင်း တစ်လုံးထောင်ပေးလိုက်တော့တာ။ ကျွန်တော်ကလည်း ပြန် ကြည်စေ အေးစေအခုဆို ကျွန်တော်သူငယ် ချင်း ဝ.စ.သ ကွယ်လွန်တာ ၂၅ နှစ်ဆိုပေမယ့် သူ့အပေါ် ကျွန်တော့် မှာ လတ်ဆတ်လို့ မဆုံးသေးဘူး။ သူဆုံးတာ ၂၅ နှစ်ရှိခဲ့သလို ကျွန် တော်ကြိုက်နှစ်သက်လှတဲ့ သူ့ရဲ့ ပန်း သလားမေပျိုလည်း ၂၅ နှစ်ရှိခဲ့ပြီ ပေါ့။
ကျွန်တော်နဲ့ သူ့ရဲ့ ဆက်ဆံရေး ဟာ သူငယ်ချင်းတစ်ယောက်ထက် ပိုတယ်။ သူ့ကို ကျွန်တော် သူငယ် ချင်းမက ခင်တယ်။ ကျွန်တော်ညှဉ်း ဆဲတိုင်းလည်း ဘယ်တော့မှ စိတ် ပျက်တယ်မရှိဘူး။ ကျွန်တော်က အကြီး၊ သူက အငယ်ဖြစ်ပေမယ့် အမြဲပဲ လိုက်လိုက်လျောလျော ဆက် ဆံတတ်တယ်။ ကျွန်တော်က နွဲ့ဆိုး မဟုတ်၊ ကြီးဆိုးဆိုးတယ်။
အရက်ဖိုးမရှိတိုင်း၊ စက်ဘီးစုတ် ကလေး တစ်စင်းနဲ့ သူ့ဆီသွားပြီး ‘ဟေ့ကောင် ဝ.စ.သူ။ ကဗျာနဲ့ ပတ်သက်ရင် အထက်နဲ့ အောက် ဘယ်က သာသလဲ’ လုပ်မြဲပဲ သူက လည်း ‘ဟ ငြိမ်းကြီး လာ ..လာ’ လုပ်မြဲပဲ ။ ။ အော် …ပန်းသလား မေပျိုကလည်း ကျွန်တော့်မျက်လုံးထဲ က မြဲပဲ။ ။
ကိုငြိမ်း (မန္တလေး)