မယ်ဆိုင်ချောင်းရေသည် လက်ရှိအချိန်၌ ရှမ်းပြည် နယ်၊ တာချီလိတ်မြို့(လွယ်တော်ခမ်းကျေးရွာ)တွင် မြို့ ၏စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင်ရောက်ရှိနေရာမှ လာမည့် ၂၄ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလက အတိပေးနှိုးဆော်ထားကြောင်း သိရသည်။
