Monday, June 8, 2026

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊...

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...
HomePopular Academy၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု...

၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ရုပ်ရှင်တစ်သတ်တာဆု လေးဆုအပါအဝင် အကယ်ဒမီဆု စုစုပေါင်း (၁၅) ခုပေးအပ်ချီးမြှင့်

ဖေဖေါ်ဝါရီ (၉) ရက် ညပိုင်းက နေပြည်တော်ရှိ MICC (1) တွင် ကျင်းပသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားတွင် ရုပ်ရှင်တစ်သတ်တာဆု (၄)ဆုအပါအဝင် အကယ်ဒမီဆု စုစုပေါင်း (၁၅) ခုကို ချီးမြှင့်ပေး အပ်ခဲ့သည်။

ယမန်နေ့ည ကျင်းပသည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာဆု (၄) ဆုချီးမြှင့်ရာတွင် ဦးကြည်စိုး၊ ဒါရိုက်တာ ဦးနှင်းမိုး၊ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေ၊ အကယ်ဒမီ ခင်သန်းနု ရရှိခဲ့သည်။

ထို့နောက် အကယ်ဒမီဆုများ ပေးအပ်ချီးမြှင့်ရာတွင် ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံဆုကို ကောင်းဇံ က “ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့ရင်” ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်းဆုံး ရုပ်ရှင်နောက်ခံ တေးဂီတဆုကို ဓိရာမိုရ်က “အိမ်မက်ကာရန်” ဇာတ်ကားဖြင့်လည်းကောင်း ၊ အကောင်းဆုံး အသံဆုကို အောင်မျိုးမြတ်နှင့် ရဲဝင်းတို့က ” မီး “ဇာတ် ကားဖြင့်လည်းကောင်းရရှိခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆုကို အေးသီရိကိုက ” တိမ်ပန်းချီ “ဇာတ်ကားဖြင့်လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားဆုကို ” ချစ်သူသာပန်းတစ်ပွင့်ရခဲ့ရင် ” ဇာတ်ကားမှလည်းကောင်း ရရှိခဲ့သည်။

ထို့ပြင် ရုပ်ရှင်အထူးဆုအနေဖြင့် မိတ်ကပ်ပညာရှင် လုံလုံ (လင်္ကာဒီပ) ကရရှိခဲ့သည်။

ဆက်လက်၍ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ပေးအပ်ရာတွင် ဒါရိုက်တာ ဝင်းလွင်ထက်က “အိပ်မက်ကာရန်” ဇာတ်ကားဖြင့် ရရှိခဲ့သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ခြူးလေးက “ဘိုးတော်ကင်း”ဇာတ်ကားဖြင့် လည်းကောင်း ၊ ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို အေးချမ်းမောင်က “မီး”ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့ကြသည်။

၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို အကယ်ဒမီ ဝတ်မှုံရွှေရည်က “တိမ်ပန်းချီ ” ဇာတ်ကားနှင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို နေတိုးက “နှောင်” ဇာတ်ကားတို့ဖြင့် ရရှိခဲ့ကြသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတက်ရောက်လာသူများအနက် အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများလည်း ချီးမြှင့်ခဲ့ရာ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှု အကြီးတန်းဆုကို အကယ်ဒမီ စိုးမိုးကြည်၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုဆုကို ထက်အောင်ရှိုင်းနှင့် အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှုဆုကို နန်းဆုရတီစိုးတို့က ရရှိခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး-ရန်ကုန် အမြန်ရထား ခဲပ-စ်ခံရ၍ မှန်များပျ-က်စီး၊ လူငယ်တစ်ဦး ဖမ်းဆီးရမိထား

မန္တလေး-ရန်ကုန် အမြန်ရထားတစ်စင်းသည် ဇွန်လ ၆ ရက်က ပဲခူးမြို့မရောက်မီ နေရာတစ်ခုတွင် လူငယ်တစ်စု၏ ခဲဖြင့်ပ-စ်ပေါက်ခြင်းကို ခံခဲ့ရကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ ခဲဖြင့်ပ-စ်ပေါက်ခံရမှုကြောင့် ရထား၏ မှန်အချို့ ပျ-က်စီးခဲ့ပြီး ခရီးသည်များအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က မှန်ပါတယ်။ ခဲနဲ့ပစ်တဲ့သူတွေထဲက လူငယ်တစ်ဦးကို ဖမ်းဆီးထားပြီး ဆက်လက်စစ်ဆေးနေပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရထားတာဝန်ရှိသူများက ရထားကို နောက်ပြန်ဆုတ်၍ ပ-စ်ပေါက်သူများအား လိုက်လံရှာဖွေခဲ့ရာ လူငယ်များမှာ ထွက်ပြေးသွားခဲ့ကြပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဖမ်းဆီးရမိထားသူအား...

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မန္တလေးတိုင်းဒေသကြီး...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071