Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal News၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့...

၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်းရရှိခဲ့

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ( ၁ နှစ်)အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်းရရှိခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ ကုမ္ပဏီ(၁၀၃)ခုမှ ပြည်ပနိုင်ငံ(၄၉)နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအဖြစ် ဆန်/ဆန်ကွဲတန်ချိန် (၂၇၆၇၄၁၄)တန်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ(၁၃၃၁ ဒသမ ၈၉၉)သန်းရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားအစုအဖွဲ့များ၊ စိုက်ပျိုးရေးသမဝါယမ အသင်းအဖွဲ့များနှင့် ဆန်စက်လုပ်ငန်းများအပါအဝင် ၂၀၂၅ ခုနှစ်၌ ဆန်/ဆန်ကွဲ ပြည်ပတင်ပို့မှုလုပ်ငန်း၌ ပါဝင်ဆောင်ရွက်လိုသည့် ကုမ္ပဏီများကိုလည်း ပို့ကုန်လုပ်ငန်းတွင်ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဖိတ်ခေါ်ထားကြောင်း သိရသည်။

ထိုသို့ ဖိတ်ခေါ်ထားပြီးဖြစ်၍ လိုအပ်သည့်ဈေး ကွက်ဆိုင်ရာ/လုပ်ငန်းပိုင်းဆိုင်ရာများကို ချိတ် ဆက်ကူညီပေးသွားရန် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ အသင်းဝင်ထားသည့် ကုမ္ပဏီ/အဖွဲ့အစည်း(၉၈၀)ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဒီဇင် ဘာလကုန်တွင် အသင်းဝင်ထားသည့် ပြည်တွင်း/ပြည်ပမှ ကုမ္ပဏီ/အဖွဲ့အစည်း(၁၁၉၆)အ ထိရှိလာခဲ့သဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ၊ ပိုမိုထိရောက်သောသတင်းအချက်အလက်ဖြန့်ဝေမှုများနှင့် ပိုမိုအားကောင်းသောပူးပေါင်းဆောင် ရွက်မှုများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071