Tuesday, August 4, 2026

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက်...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ...

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆...

ရေကြည်မြို့နယ်မှ ရေဘေးသင့်နေသူများအားကူညီရွှေ့ပြောင်း

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ တောင်လဟာကျေးရွာအုပ်စုတွင် ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ယနေ့ သြဂုတ် ၄ ရက်နံနက် ၈ နာရီခွဲခန့်မှစတင်ကာ ရေဝင်ရောက်လျက်ရှိသော တောင်လဟာကျေးရွာအုပ်စုရှိ...
HomeInternational၂၀၂၄ ခုနှစ်တွင်ဂျပန်၌အွန်လိုင်းကာစီနိုကစားသူစံချိန်တင်တွေ့ရှိခဲ့

၂၀၂၄ ခုနှစ်တွင်ဂျပန်၌အွန်လိုင်းကာစီနိုကစားသူစံချိန်တင်တွေ့ရှိခဲ့

တိုဂျို၊ ဖေဖော်ဝါရီ ၁၆

ဂျပန်ရဲတပ်ဖွဲ့သည် ၂၀၂၄ တွင် အွန်လိုင်းကာစီနိုဆော့ကစားသူ ၂၇၉ ဦးကို စံချိန်တင် တွေ့ရှိခဲ့ပြီး အဆိုပါအရေအတွက်သည် ယခင်နှစ်ထက် နှစ်ဆကျော်များပြားခဲ့ကြောင်း ဂျပန် နိုင်ငံတောရဲအေဂျင်စီ (NPA) မက ပြောကြားခဲ့သည်။

ပဏာမစုံစမ်းစစ်ဆေးမှုအရ နိုင်ငံတစ်ဝန်း၌ ရဲတပ်ဖွဲ့သည် အွန်လိုင်းကာစီနို လောင်းကစားရုံများတွင် လောင်းကစားသူ ၁၆၂ ဦးနှင့် အရောင်းကိုယ်စားလှယ် ၁၁၇ ဦးတို့ကို ဖော်ထုတ်နိုင်ခဲ့ရာ ရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ စံချိန်တင် အများဆုံး  အရေအတွက်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ယခုရရှိထားသော ကိန်းဂဏန်းများ သည် “အမှန်တကယ်အရေအတွက် ၏ သေးငယ်သော အပိုင်းကိန်းသာ” ဖြစ်ပြီး အမှန်တကယ်အွန်လိုင်းကာစီနိုလောင်းကစားသူ အရေအတွက်မှာ ၃ သန်းခန့်ရှိကြောင်း စုံစမ်း စစ်ဆေးရေး အရင်းအမြစ်တစ်ခုကို ကိုးကား၍ စနေနေ့တွင် ကျိုဒိုသတင်းက ဖော်ပြထားခြင်းဖြစ်သည်။

အွန်လိုင်းကာစီနို ကို နိုင်ငံရပ်ခြား တိုင်းပြည်များတွင် တရားဝင်လုပ်‌နေကြသော်လည်း ဂျပန်တွင် လောင်းကစားသည် တရားမဝင်ပါ။ ဂျပန်နိုင်ငံတွင် အဆိုပါ လုပ်ငန်းကို လုပ်ခြင်းသည် တရားမဝင်ကြောင်း လူအများက သတိမထားမိကြဟု သတင်းဌာနကဆိုပါသည်။

တရားခံများ၏ ၈၀ ရာခိုင်နှုန်း ဖြစ်သော လူ ၂၂၇ ဦးတို့သည် ၎င်းတို့၏စမတ်ဖုန်းများ ကို အသုံးပြု၍ လောင်းကစားပြုလုပ်ကြခြင်းဖြစ်သည်။ တရားမဝင်သော လုပ်ငန်း များမှ ကွန်ပျူတာများ ကို အသုံးပြု၍ လောင်းကစားကြခြင်းထက် ၎င်းတို့၏ကိုယ်ပိုင် အီလက်ထရွန်နစ် ပစ္စည်းများ ကို သုံး၍ လိုင်းပေါ်မှ ကာစီနိုကစား ကြခြင်း ဖြစ်ကြောင်း ဂျပန် နိုင်ငံတော် ရဲအေဂျင်စီ (NPA) မှ သိရသည်။

ဂျပန်နိုင်ငံတွင် လောင်းကစားလုပ်ပါက ယန်း ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၂၈၂ ခန့်) အထိ ဒဏ်ရိုက်ခံရနိုင်သည်။ ပုံမှန်လောင်းကစားသူများသည် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာ ရေဘေးကူညီရေး အကြောင်းပြ လိမ်လည်အလှူခံသူများရှိနေ၍ သတိထားကြရန် တိုင်းအစိုးရ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများကို ကူညီမည်ဟု ဆိုကာ လိမ်လည် အလှူခံနေမှုများ ရှိနေသဖြင့် ပြည်သူများ သတိပြုကြရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ ငဝန်တာ တာတမံ နိမ့်ကျကျိုးပေါက်မှုကြောင့် ဒုက္ခရောက်နေရသည့် ရေဘေးသင့် ပြည်သူများအတွက်ဟု အကြောင်းပြကာ မသမာသော နည်းလမ်းများဖြင့် ငွေကြေး လိုက်လံ ကောက်ခံနေသည့် ဖြစ်စဉ်များ တွေ့ရှိနေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။ စေတနာရှင် အလှူရှင်များ၏ ဖြူစင်သော သဒ္ဓါတရားဖြင့် လှူဒါန်းသည့် ငွေကြေးနှင့် ထောက်ပံ့ပစ္စည်းများမှာ ဘေးသင့်ပြည်သူများထံ အမှန်တကယ် မရောက်ရှိဘဲ...

လေးမျက်နှာတွင် ငဝန်တာ တာတမံနိမ့်ကျမှုကြောင့် လူ ၂ သောင်းကျော် ရေဘေးသင့်၊ ထောက်ပံ့ရေးနှင့် တာပိတ်ဆို့ရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိ​လေးမျက်နှာ၊ ဩဂုတ် ၄

​ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သရက်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် (၂၅/၃) ၌ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှု ဖြစ်ပွားခဲ့သဖြင့် ကျေးရွာနှင့် ရပ်ကွက်များမှ ပြည်သူ ၂ သောင်းကျော် ရေဘေးသင့်လျက်ရှိကြောင်း သိရသည်။ ​အဆိုပါ ရေကျော်စီးဝင်မှုကြောင့် ဩဂုတ် ၄ ရက်နေ့အထိ စာရင်းများအရ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာ ၅၇ ရွာမှ အိမ်ခြေ ၅,၀၄၆ လုံး၊ အိမ်ထောင်စု ၅,၁၃၄ စု၊...

အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု မော်လိုက်မြို့ကို ဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက မော်လိုက်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ် ၃၅ စက္ကန့်က မော်လိုက်မြို့၏ အနောက်မြောက်ဘက်(၁၄)မိုင်ခန့် အကွာ၊ အနက်(၅၀) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၇)အဆင့်ရှိ အင်းအားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071