Friday, May 23, 2025

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...
HomeNewsLocal News၂၀၂၃ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့...

၂၀၂၃ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ် သမားများတိုးမြှင့်စေလွှတ်ရန် မြန်မာသံအမတ်ကြီးဦးသန့်စင်ဆွေးနွေးပြောကြား

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် အ လုပ်သမားများစေလွှတ်သည့် နိုင်ငံများမှသံအ မတ်ကြီးများနှင့်ကျင်းပသည့် EPS Meeting ၌အ မှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

EPS Meeting အား ဒီဇင်ဘာ ၂၂ ရက်က ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့၌ ကိုရီးယားနိုင်ငံ၊အလုပ်အ ကိုင်နှင့်အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Lee Jung-Sik နှင့်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့်အ လုပ်သမားများစေလွှတ်သည့် ၁၆ နိုင်ငံမှသံအ မတ်ကြီးများဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ EPS စနစ်အကောင်အထည်ဖော်မှုနှင့် ၂၀၂၃ ခုနှစ်တွင် မြန်မာအလုပ်သမားဦးရေ တိုးမြှင့်စေလွှတ်နိုင်မည့်ကိစ္စများ၊ မြန်မာနိုင်ငံအ နေဖြင့် EPS လုပ်သားများစေလွှတ်ရာတွင် ကိုရီးယားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို မြန်မာသံအမတ်ကြီးဦးသန့်စင်က ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေး၌ EPS ဆိုင်ရာမူဝါဒညွှန်ကြားချက်များနှင့်ပတ်သက်၍ အပြန်အလှန်နားလည်မှုမြှင့်တင်ရေး၊ EPS လုပ်သားများစေလွှတ်သည့်နိုင်ငံများနှင့်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ 2030 Busan World Expo လက်ခံကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိသည်တို့အား ဆွေးနွေးခဲ့ကြသည်။

ကိုရီးယားနိုင်ငံမှ ၂၀၂၃ ခုနှစ်တွင် လုပ်သားဦးရေ ၁၁၀၀၀၀ ဦးခေါ်ယူသွားမည်ဖြစ်ကာ ကိုရီးယားနိုင်ငံ အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီးဌာနအနေဖြင့် EPS အလုပ်သမားများစေလွှတ်သည့်နိုင်ငံများမှ အလုပ်သမားများ၏တရားမဝင်နေ ထိုင်မှုများအား လေ့လာစောင့်ကြည့်လျက်ရှိသည်ဟု ကိုရီးယားနိုင်ငံ အလုပ်အကိုင်နှင့်အလုပ်သ မားဝန်ကြီးဌာန ဝန်ကြီးကပြောကြားခဲ့သည်။

ထိုသို့ တရားမဝင်နေထိုင်မှုများသည် EPS လုပ် သားများစေလွှတ်သည့် နိုင်ငံများ၏လုပ်သားစေ လွှတ်သည့် ဦးရေခွဲတမ်းရရှိမှုကို ထိခိုက်မှုရှိစေ သည်ဟုလည်း ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့် ကလလေးများ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်ကို သတိပြုမိစေရန် အသိပညာပေး

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို ၂၀၂၄ ခုနှစ်မှစ၍ “အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်း”ခေါင်းစဉ်ဖြင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။ အသိပညာပေးရာတွင် ပြည်နယ်(၉)ခု တိုင်းဒေသကြီး(၅)ခုသို့ သွားရောက်၍ ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ကို သိရှိသတိပြုကြစေရန်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို သိရှိနားလည်ကြစေရန်နှင့် အန္တရာယ်ကင်းစွာ ပြုမူနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများကို မြှင့်တင်ပေး နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင်...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆ ရက်နေ့က အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်မှုဆိုင်ရာသဘောတူညီချက်ကိုအကောင်အထည်ဖော်‌ရေးကို ကြီးကြပ်နေသည်ဟု ပြောကြားခဲ့သည်။ သမ္မတရုံး၊ စစ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန အပါအဝင် ယူကရိန်းရှိဌာန အများအပြားသည် အကျဉ်းသားဖလှယ်မှု လုပ်ငန်းစဉ်အတွက် ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။ "ရုရှားဖက်ကတင်သွင်းလာတဲ့ စာရင်းမှာပါရှိတဲ့လူတစ်ဦးချင်းစီအတွက် အသေးစိတ်အချက်အလက် တွေကို ကျွန်တော်တို့ စိစစ်နေပါတယ်" ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။ ရုရှား၌ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသားများ နိုင်ငံသို့ပြန်လာနိုင်ရေးသည် ယူကရိန်း၏ ထိပ်တန်းဦးစားပေးများထဲမှ...

MNL League Cup-2025 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် ရတနာပုံ FC အသင်း

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်သည်။ MNL League Cup-2025 အုပ်စုပွဲစဉ်တစ်လျှောက် ရာမညအသင်းအား(၂) ဂိုး(၆)ဂိုး ၊ ဆေလ်းဗားစတား အသင်းအား (၂)ဂိုးပြတ်၊ ဒဂုံစတားအသင်းအား(၃)ဂိုး(၁)ဂိုးတို့ဖြင့် အနိုင်ရရှိပြီး ရမှတ်(၉)မှတ်၊ အုပ်စုပထမနေရာသို့ ရောက်ရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အသင်းအနေဖြင့် ကျန်ရှိနေသေးသည့် အုပ်စုပွဲစဉ် တစ်ပွဲကို မြဝတီအသင်းနှင့် လာမည့် ဇွန်လ(၁၄)ရက်တွင် ယှဉ်ပြိုင်ကစားသွားကြရမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071