Tuesday, September 15, 2026

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို...

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး...

ကရင်ပြည်နယ်အတွင်းရှိ လှိုင်ကားရေတံခွန်ကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရေး...

ဘားအံ၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းဆူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ လှိုင်ကားရေတံခွန်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ခရီးသွားဧည့်သည်များ စနစ်တကျ လာရောက်လည်ပတ်နိုင်ရေးအတွက်...

မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ခိုင်မာလာစေရေးတို့အတွက်...

ဂျပန်နိုင်ငံက ကျွမ်းကျင်လုပ်သား စနစ်သစ်ဖြင့် အလုပ်သမားများ ခေါ်ယူရေး ဆောင်ရွက်လျက်ရှိဟုဆို နေပြည်တော်၊ စက်တင်ဘာ ၁၅ မိမိလာရောက်သည့် ခရီးစဉ်ရည်ရွယ်ချက်မှာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့်...

တပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်...

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ငါးဦးကို  အစားထိုးပြောင်းလဲကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈...
HomeNewsLocal News၂၀၁၀ ပြည့်နှစ် မှ...

၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၅

၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေကြသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ယမန်နေ့က တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ် မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်တစ်လချင်း ပျမ်းမျှဓာတ်အား ဖြန့်ဖြူးနိုင်မှုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယခုနှစ်သည် အများဆုံးဖြစ်ပြီး တစ်လပျမ်းမျှ ယူနစ် ၁၉၇၈ သန်း ဖြန့်ဖြူးနေပါကြောင်း သိရသည်။

ယခုကဲ့သို့ တိုးတက်လာမှုသည် ဓာတ်အားတိုးမြှင့် ထုတ်လုပ်ပေးနိုင်မှုအပြင် ဓာတ်အားခိုးယူသုံးစွဲမှုများကို ဖော်ထုတ် အရေးယူနိုင်ခြင်းသည်လည်း အဓိကပါဝင်ပါကြောင်း၊ ပြည်သူများ အားကိုးအားထားပြုရပြီး နိုင်ငံတော် စီးပွားဖွံ့ဖြိုးမှုအတွက် အားကိုးအားထားပြုရသည့် လျှပ်စစ်ဓာတ်အားပေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများနှင့် ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအားလုံးသည် စေတနာအရင်းခံ၍ ဝန်ဆောင်မှုပေးကြပါရန်တိုက်တွန်းကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံများ၊ မဟာဓာတ်အားလိုင်းများ ဖျ-က်ဆီးခံခဲ့ရခြင်းမရှိပါက တစ်လ ပျမ်းမျှ ယူနစ် ၂၂၄၀ သန်း အထိ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တစ်လ ပျမ်းမျှ ဖြန့်ဖြူးနိုင်မှု ၂၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂ နှစ်မပြည့်မီ တတိယမြောက် ဘဏ္ဍာရေးဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ခန့်အပ်

အင်ဒိုနီးရှားနိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒနှင့် အစိုးရအသုံးစရိတ်များအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရေး ကြိုးပမ်းနေချိန်တွင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဘဏ္ဍာရေးဝန်ကြီး ပူရ်ဘာယာ ယူဒီ ဆာဒီဝါကို ရာထူးမှဖယ်ရှားကာ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဆူဟာဆီလ် နာဇာရာကို အစားထိုးခန့်အပ်လိုက်သည်။ အသက် ၅၅ နှစ်အရွယ် စီးပွားရေးပညာရှင် ဆူဟာဆီလ်သည် ၂၀၁၉ ခုနှစ်ကတည်းက ဒုတိယဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သမ္မတပရာဘိုဝို ၂၀၂၄ ခုနှစ် အောက်တိုဘာတွင် အာဏာရလာပြီးနောက် ဘဏ္ဍာရေးဝန်ကြီးရာထူးကို ရယူသည့် တတိယမြောက်ပုဂ္ဂိုလ် ဖြစ်လာသည်။ ဆူဟာဆီလ်သည် စက်တင်ဘာ...

ကရင်ပြည်နယ်အတွင်းရှိ လှိုင်ကားရေတံခွန်ကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ဘားအံ၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့သင်းဆူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ လှိုင်ကားရေတံခွန်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်။ ထို့ကြောင့် ခရီးသွားဧည့်သည်များ စနစ်တကျ လာရောက်လည်ပတ်နိုင်ရေးအတွက် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးညီညီဇော်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၁၄ ရက်က မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း လည်းသိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်ဝန်ကြီးနှင့်အတူ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကရင်ပြည်နယ်ရုံးခွဲ) ညွှန်ကြားရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်ခဲ့ကြသည်။ ထို့နောက် ရေတံခွန်ဝန်းကျင် သာယာလှပရေး၊ ခရီးသွားများ...

မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ခိုင်မာလာစေရေးတို့အတွက် ဂျပန်အောက်လွှတ်တော်အမတ် မြန်မာနိုင်ငံသို့ လာရောက်၊

ဂျပန်နိုင်ငံက ကျွမ်းကျင်လုပ်သား စနစ်သစ်ဖြင့် အလုပ်သမားများ ခေါ်ယူရေး ဆောင်ရွက်လျက်ရှိဟုဆို နေပြည်တော်၊ စက်တင်ဘာ ၁၅ မိမိလာရောက်သည့် ခရီးစဉ်ရည်ရွယ်ချက်မှာ နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး၊ လူ့စွမ်းအား အရင်းအမြစ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပြည်သူချင်း ထိတွေ့ဆက်ဆံမှု ပြန်လည် ခိုင်မာလာစေရေးတို့အတွက် လာရောက်ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke ဦးဆောင်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071