Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeCelebrities' News၂ဝ၁၈ ခုနှစ်ထဲမှာ နှင်းဆီအငြိမ့်...

၂ဝ၁၈ ခုနှစ်ထဲမှာ နှင်းဆီအငြိမ့် ပွဲကြီး ကပြဖို့ ရည်ရွယ်ထားတယ် ကျော်ကျော်ဗို

တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် နှင်းဆီအဖွဲ့က ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကပြသွားဦးမယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ တော်ဝင်နှစ်သစ်နှင်းဆီလို့ အမည်ပေးထားပြီး နှင်းဆီ အဖွဲ့အနေနဲ့ရန်ကုန်မှာ ၂ နှစ်ကြာမှ ပြန်လည်ဖျော်ဖြေတာဖြစ်ပါတယ်။ တော်ဝင်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရန်ပုံငွေအဖြစ် နှင်းဆီအဖွဲ့က ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ကပြသွားဦးမယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ တော်ဝင်နှစ်သစ်နှင်းဆီလို့ အမည်ပေးထားပြီးနှင်းဆီ အဖွဲ့အနေနဲ့ရန်ကုန်မှာ ၂ နှစ်ကြာမှ ပြန်လည်ဖျော်ဖြေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီတစ်ခေါက်ကမှာက Public Show အကြီးကြီးတော့ မဟုတ်ပါဘူး။ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကမယ့် ပွဲအသေးပါ။  ရန်ကုန်မှာ အစ်ကိုတို့ နှင်းဆီအဖွဲ့အနေနဲ့ မကဖြစ်တာ ၂ နှစ်ဝန်းကျင်ရှိပါပြီ။ အားလုံးကလည်း ကိုယ့်ရက်နဲ့ကိုယ်အချိန်တွေက ပြည့်နေကြတော့ မကဖြစ်တာ နည်းနည်းကြာသွားတယ်။ အခုတော့ တော်ဝင် ဘက်ကလည်း အစ်ကိုတို့ကို ကမ်းလှမ်းထားတာလည်းကြာပြီဖြစ်တဲ့အတွက် လက်ခံပြီး ကပြကြမယ်။ ကပြရင်လည်း အသစ်ပုံစံလေးတွေ ထည့်သွင်းသွားမယ်။ ဒီပွဲလေးပြီးရင်လည်း နောက်နှစ်ထဲမှာနှင်းဆီအဖွဲ့က Public Show အကြီးတစ်ခု လုပ်ကြဖို့တော့ရည်ရွယ်ထားပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပြပါတယ်။

  ကျော်ကျော်ဗိုက လက်ရှိအချိန်မှာတော့ မနေ့ကဖြစ်သည်(၂) ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးနေပါတယ်။ ပါဝင်ရမယ့် ဗီလိန်ဇာတ်ရုပ်ကို သဘောကျတာကြောင့် တခြားဇာတ်ကား ရိုက်ကူးမှုတွေကိုဖျက်လိုက်တယ်လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။  “ဒီဇာတ်လမ်းလေးက အဓိက ကတော့ စုံထောက်ဇာတ်လမ်း ပုံစံလေးပါပဲ။ ကိုကြံ့က လူဆိုးဘက်က တရားဥပဒေရဲ့   ဆန့်ကျင်ဘက်က နေပေးတာပါ။ ‘မနေ့ကဖြစ်သည်’ ပထမအတွဲထက်တော့ တင်ပြပုံတွေက နည်းနည်းလေး ခေါင်းစားစေမယ့် ပုံစံလေးတွေရှိတယ်။ ဇာတ်လမ်းကို twist လေးတွေ လုပ်ထားတော့ ကြည့်ရှုသူတွေလည်း တစ်ပါတည်း လိုက်ပါ စီးမျောလို့ရတာပေါ့။ ကိုကြံ့တို့ ရိုက်နေရင်းနဲ့လည်း စိတ်ဝင်စားဖို့ တအားကောင်းပါတယ်။ ဒီဇာတ်လမ်းလေး လာကမ်းလှမ်းကတည်းကိုက ကိုကြံ့ ပါဝင်ရမယ့် ဇာတ်ရုပ်ကို  တအား သဘောကျတယ်။ ကာရိုက်တာကလည်း တဖြည်းဖြည်းချင်းမှ ပေါ်လာတဲ့ ပုံစံဆိုတော့ ဒီ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက်  ရုပ်ရှင်ကားကြီး နှစ်ကားကို ဖျက်လိုက်တယ်” လို့ ပြောပြပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071