ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ရန်ကုန် ဆေးရုံကြီးမှာ ပိုပိုက အာဟာရ ကုသိုလ်ဒါန အဖြစ် လူ ၃ဝဝ စာ ထမင်းနဲ့ ဟင်းကို အလှူဒါန ပြုခဲ့ ပါတယ်။ အခုတလော လှူဒါန်းဖို့ အတွက် သူမ အာသီသ ဖြစ်နေတဲ့ နေရာတွေက ဆေးရုံတွေလို့ ဆိုပါ တယ်။
“ဆေးရုံကြီးမှာ လှူချင်လို့ကို တမင်သက် သက် သွား လှူတာပါ။ အဓိက ကတော့ လိုအပ်နေ တဲ့နေရာ တွေမှာ လှူချင် လို့ပါ။ နောက်ထပ် လည်း ဒီ့ထက် နွမ်းပါးတဲ့ ဆေးရုံတွေမှာ သွားလှူဖို့ သူငယ် ချင်းတွေနဲ့ တိုင်ပင်နေပါတယ်” လို့ ပိုပို က ပြောပါတယ်။
အလှူဒါန နဲ့ ပတ်သက်လို့ အမြဲ လုပ်လေ့ရှိတဲ့ ပိုပို တစ်ယောက် ဒါနရဲ့ အကျိုးကျေးဇူးတွေ ကိုလည်း လက်တွေ့ ခံစားနေ ရပါတယ်။ အခုလည်း ၂ဝ၁၇ ခုနှစ် အတွက် လှူဒါန်းဖို့ သူမ ရည်ရွယ်ထား တာလေးတွေ ရှိနေပြန်ပါတယ်။ အဲဒါက..
“၂ဝ၁၆ ခုနှစ် ထဲမှာလည်း ကိုယ်လုပ်ခဲ့သမျှ တွေက အကျိုးပေးတယ်။ ဘာသာရေးရော၊ လူမှုရေး ရော အားလုံး မပြတ် လုပ်တယ်။ အဆင် မပြေလို့ လာပြီး အကူအ ညီ တောင်းတဲ့ သူတွေကို ကူညီပေးတယ်။ သူတို့ကို ကူညီတဲ့အတွက် ကိုယ့်ကို ပြန်ကူညီတဲ့ သူတွေ လည်း ပေါ်လာ တာပေါ့နော်။ ဒီ ၂ဝ၁၇ ခုနှစ်မှာ ပိုပို သိမ် ဆောက်ဖို့ Target ထားထားပါ တယ်။ ရှိုးတွေ ကရတဲ့ ပိုက်ဆံတွေကို စုနေတာ သာသနာပြုဖို့ အတွက်ပါ။ တကယ် လိုအပ်တဲ့နေရာ တွေမှာ လှူဖို့ အတွက်ကိုလည်း ရည်ရွယ်ထား ပါတယ်။ ပိုပို့ရဲ့ တတိယ စီးရီးခွေ ကိုလည်း ၂ဝ၁၇ ခုနှစ်ထဲမှာ ထွက်ပါမယ်။ မြူးဇစ် ပုံစံ လေးတွေကိုလည်း မတူတဲ့ ပုံစံလေးတွေဖြစ်အောင် ကြိုးစား ချင်ပါတယ်”လို့ သူမက ပြောပါတယ်။ ဒါဆို ပြီးဆုံးတော့မယ့် ၂ဝ၁၆ ခုနှစ်ကို ပိုပို ဘယ်လိုသုံးသပ် ချင်လဲလို့ ဆက်လက်မေးတော့..
“၂ဝ၁၆ ခုနှစ်က ထူးခြား တဲ့နှစ်ပါ။ ၂ဝ၁၆ ခုနှစ်မှာ ပိုပို အလုပ်တွေ အများကြီး လုပ်ဖြစ်ခဲ့တယ်။ “ကြောက် ကြောက်ကြောက်” ရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖြစ်ခဲ့တယ်။ “အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယို” အမ်တီဗီ ထွက်နိုင်ခဲ့တယ်။ အဲဒီကြား ထဲမှာ သင်္ကြန် စီးရီးခွေလည်း ထွက်နိုင်ခဲ့တယ်။ ဘာပဲပြောပြော ၂ဝ၁၆ ခုနှစ်က ပိုပို့ အတွက် ကြီးကြီးမားမား ခံစားရတယ်။ အလုပ်တွေ အများ ကြီးပြီးတယ်။ ရှိုးတွေ လည်း အများကြီး လက်ခံပြီး ဆိုခဲ့ရတယ်။ အဲဒီအတွက် ပျော်ပါတယ်။ ကိုယ့်ရဲ့ Target ပြည့်တယ် လို့လည်း ခံစားရပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း