၂လကျော်ပိတ်ထားတဲ့ passport ရုံး ယနေ့ပြန်ဖွင့်၊ တန်းစီသူများပြား

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းမှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို စက်တင်ဘာလ ၁၃ရက်နေ့(ဒီကနေ့) မှာ ပြန်ဖွင့်လှစ်ခဲ့ပါတယ်။
၂လကျော်ကြာ ပိတ်ထားပြီးနောက်မှာ အခုလိုပြန်ဖွင့်ခဲ့တာပါ။ပြန်ဖွင့်ခဲ့တဲ့အချိန်မှာတော့ တန်းစီနေတဲ့လူအလွန်များပြားတာကို တွေ့မြင်ရပါတယ်။
ပတ်စပို့ရုံး တည်ရှိရာ ဆရာစံလမ်းမပေါ် နှင့်တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ လုံခြုံရေး တင်းကျပ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။