ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် သြဂုတ် ၁၈ ရက်မှ ၂၁ ရက်အထိကျင်းပသည့် (၁၉)ကြိမ်မြောက် အ ရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့သည် နိုင်ငံအလိုက် တတိယဆုရရှိခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအား မြန်မာနိုင်ငံမှ ကစားသမား(၂၀)ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ (၇၀)ကီလိုတန်းအမျိုးသားကာယဗလပြိုင်ပွဲ၌ ချမ်းမြေ့ထွန်းမှ ရွှေတံဆိပ်၊ (၁၇၅)စင်တီမီတာကိုယ်ခန္ဓာအလှအမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် စိုင်းသက်နောင်ဦးမှ ရွှေတံဆိပ်၊ (၁၇၅)စင်တီမီတာအထက် ကိုယ်ခန္ဓာအလှ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မျိုးသူရကျော်မှ ရွှေတံဆိပ်ဆုတို့ကိုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာအားကစားအဖွဲ့သည် ရွှေတံဆိပ် (၃)ဆု၊ ငွေတံဆိပ်(၂)ဆုနှင့် ကြေးတံဆိပ်(၃)ဆု (စုစုပေါင်းဆုတံဆိပ် ၉ ဆု)ရရှိခဲ့ပြီး အမျိုးသားအသင်းသည် နိုင်ငံအလိုက် တတိယဆု၊ အမျိုးသမီးအသင်းသည် နိုင်ငံအလိုက်တတိယဆုတို့ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာအားကစား ချမ်းမြေ့ထွန်းမှလည်း ပြိုင်ပွဲအားလုံးတွင် ရွှေတံဆိပ်ဆုရသူများအားလုံးပြန်လည်ယှဉ်ပြိုင်သည့် အရှေ့တောင်အာရှမောင် ၂၀၂၅ ကိုလည်းထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
