Thursday, April 30, 2026

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...

လိမ်လည်မှုဗဟိုဌာနများကို ပူးပေါင်းနှိမ်နင်းရာအနည်းဆုံး ၂၇၆ ဦး...

အက်ဖ်ဘီအိုင်၊ ဒူဘိုင်းရဲတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူပေါင်း ၂၇၆ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ခရစ်ပ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများတွင် အသုံးပြုသည့် လိမ်လည်မှုဗဟိုဌာန...
HomeNewsLocal News၁၁ လအတွင်း ဆန်နှင့်...

၁၁ လအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ကာ ဒေါ်လာသန်း ၇၉၀ ရရှိ

ယခု ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅၀၆ သန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၇၉၀ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် လစဉ်တင်ပို့မှုအခြေအနေများအရ ဧပြီလတွင် တန်ချိန် ၁၄၂,၇၈၈ တင်ပို့ကာ ဒေါ်လာ ၅၂ သန်း ရရှိခဲ့ပြီး မေလတွင် တန်ချိန် ၂၅၉,၅၀၁ တင်ပို့ကာ ဒေါ်လာ ၉၀ သန်း ဝင်ငွေ ရရှိခဲ့သည်။ ဇွန်လတွင် တန်ချိန် ၂၁၂,၄၁၆ တင်ပို့၍ ဒေါ်လာ ၇၁ သန်း၊ ဇူလိုင်လတွင် တန်ချိန် ၂၃၀,၆၇၂ တင်ပို့၍ ဒေါ်လာ ၇၇ သန်း ရရှိခဲ့သည်။

ဩဂုတ်လတွင် တန်ချိန် ၁၉၂,၉၈၅ တင်ပို့ကာ ဒေါ်လာ ၆၅ သန်း ရရှိခဲ့ပြီး စက်တင်ဘာလတွင် တန်ချိန် ၁၆၈,၀၄၆ တင်ပို့၍ ဒေါ်လာ ၅၂ သန်း ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အောက်တိုဘာလတွင် တန်ချိန် ၃၁၆,၉၂၀ တင်ပို့၍ ဒေါ်လာ ၉၂ သန်း၊ နိုဝင်ဘာလတွင် တန်ချိန် ၂၆၃,၈၁၅ တင်ပို့ကာ ဒေါ်လာ ၇၆ သန်း ရရှိခဲ့သည်။

ဒီဇင်ဘာလတွင် တန်ချိန် ၃၃၁,၈၆၄ တင်ပို့ကာ ဒေါ်လာ ၉၁ သန်း ဝင်ငွေ ရရှိခဲ့ပြီး ဇန်နဝါရီလတွင် တန်ချိန် ၂၀၈,၈၄၇ တင်ပို့၍ ဒေါ်လာ ၆၀ သန်း ၊ ဖေဖော်ဝါရီလတွင် တန်ချိန် ၁၇၈,၁၉၁ တင်ပို့ကာ ဒေါ်လာ ၅၅ သန်း ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။

ယခင် ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ်အတွင်းတွင်လည်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071